အမျိုးသမီးတွေဟာ သူတို့ခန္ဓာကိုယ်အချိုးအစားနဲ့ ပတ်သက်ပြီး ရုန်းကန်နေကြရတယ်ဆိုတာ လျှို့ဝှက်ချက် တစ်ခုတော့ မဟုတ်ပါဘူး။ Dove campaign ရဲ့ စစ်တမ်းကောက်ချက်အရ ကမ္ဘာ့အနှံ့အပြားက အမျိုး သမီးအယောက် ၆၄၀၀ကျော်ထဲက အသက် ၁၈ကနေ အသက် ၆၄နှစ်အတွင်း အမျိုးသမီးတွေဟာ သူတို့ရဲ့အလှအပနဲ့သူတို့ သဘောကျ ကျေနပ်ခြင်း မရှိကြပါဘူးတဲ့။
အမျိုးသမီးတွေထဲက ၈၀ရာခိုင်နှုန်းဟာ အမျိုးသမီးတွေအားလုံးဟာ အလှအပတစ်ခုချင်းစီ ပိုင်ဆိုင်ထား ကြတယ်လို့ ဆိုပေမယ့် ၉၆ရာခိုင်နှုန်းသော အမျိုးသမီးတွေကတော့ သူတို့ကိုယ်သူတို့ လှတယ်ဆိုတာမျိုး မပြောခဲ့၊ မသုံးနှုန်းခဲ့ကြပါဘူး။ ဒါ့အပြင် သူတို့ဟာ ကိုယ်ပိုင်အလှနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှုမရှိဘူးလို့ ဆိုကြပါတယ်။
ပိုစိတ်ဝင်စားစရာ ကောင်းတာက စစ်တမ်းကောက်ချက်အရ အမျိုးသမီးတွေရဲ့ ၃၂ရာခိုင်နှုန်းဟာ ဒီအလှ အပ ကိစ္စရပ်ကြောင့် စိတ်ဖိစီးမှုတွေတောင် ဖြစ်ကြရပါတယ်။ အမျိုးသမီး ၁၀ယောက်မှာ ၇ယောက်ပြော သွားတာက အလှအပဆိုတာ သူတို့ရဲ့ပုံပန်းသဏ္ဍာန်နဲ့ အသွင်အပြင်တွေထက် အများကြီး ပိုပါတယ်တဲ့။