ကမ္ဘာပေါ်တွင် သူခိုးမရှိသော နိုင်ငံ တစ်နိုင်ငံ ရှိခဲ့ဖူးသည်။ ထိုသည်မှာ မြန်မာနိုင်ငံ ပင်။

Knowledge
Spread the love

ကမ္ဘာပေါ်တွင် သူခိုးမရှိသော နိုင်ငံ တစ်နိုင်ငံ ရှိခဲ့ဖူးသည်။ ထိုသည်မှာ မြန်မာနိုင်ငံ ပင်။

ထိုစကားကို ပြောခဲ့သူမှာ အိန္ဒိ ယနိုင်ငံသား ဟိန္ဒူဘာသာဝင် ဘဆေဆ်လာလ်ဂျီပင် ဖြစ်သည်။

အီဂတ်ပူရီပြည်နယ်၌ ဗုဒ္ဓ ၏ ၀ိပဿနာ တရားတော် များ ကို ကမ္ဘာသို့ ဖြန့်ဝေလျက်ရှိသော

ဂုရုကြီးဦးဂိုအင်ကာ၏ အဘိုးတော်သူပင် ဖြစ်သည်။

အရောင်းအဝယ် ကုန်သည် အလုပ်ဖြင့် ကမ္ဘာအနှ့ံ ခြေဆန့်ခဲ့ဖူးသော ဘဆေဆ်လာလ်ဂျီသည်

သူ အမြတ်နိုးဆုံးဖြစ်သော မန္တလေးရတနာပုံ နေပြည့်တော်တွင် အခြေချ နေထိုင်ခဲ့သည်။

ထိုချိန်က အထက် မြန်မာပြည်သည် မြန်မာဘုရင် ၏ လက် ထဲမှာသာ ရှိသေး သောကြောင့်

သူခိုး လူလိမ်ဆိုသည်မှာ ချိုနှင့်လားဟု မေးရလောက်အောင် မြန်မာတိုင်း စာရိတ္တသတ္တိ အပြည့်ရှိနေချိန် ဖြစ်ပါ၏။

ထိုသူသည် ကုန်သည်ကြီး တစ်ဦးဖြစ်ရာ အထက်မြန်မာပြည်ရှိ မြို့ကြီး အသီးသီးသို့ သွားရောက် ရောင်းဝယ်ရသည်။

ပစ္စည်းပစ္စယများ သယ်ရန် အတွက် မြင်းငါးကောင်နှင့် အတူ မြန်မာ မြင်းစီးသမား ငါးယောက်ကိုလည်း တစ်ခါတည်း အသွားအပြန် ငှားလာခဲ့ရသည်။

အရောင်းအဝယ် ပစ္စည်းများသောကြောင့် ရက်ကြာလာသည်နှင့်အမျှ ဘဆေဆ်လာလ်ဂျီ၏

ပိုက်ဆံထည့်သည့် အိတ်ကြီး မှာလည်း ငွေဒင်္ဂါးများနှင့် ပြည့်ပြည့် လာခဲ့သည်။

နောက်ထပ် မြို့သုံးမြို့ ငါးရက် ခရီးနှင်ပြီးလျှင် သည်တစ်ခေါက် အရောင်း အဝယ်ပြီးဆုံးပြီဖြစ်၍

ဘဆေဆ်လာလ်ဂျီသည် အိမ်ပြန်ရတော့မည်ကို တွေးပြီး ဝမ်းမြောက်ဝမ်းသာ ဖြစ်နေလေသည်။

နေဝင်စပြုနေပြီ ဖြစ်သည့်အတွက် လှမ်းမြင်နေရသော ဇရပ်တစ်ခုပေါ်တွင် တစ်ညအိပ်ရန်

မြင်းသမားများကို အချက်ပြ လိုက်သည်။ ရှေးခေတ်က ဇရပ်ဆိုသည်မှာ ညအိပ်ညနေ

ခရီးသည်များအတွက် လမ်းဆုံ လမ်းခွတွင် ဆောက်ထားသော ဇရပ်မျိုးသာ ဖြစ်သည်။

အမိုးနှင့်အခင်းကို အကောင်းဆုံး လုပ်ထားသောလည်း အကာ မရှိသောကြောင့် အရပ် လေးမျက်နှာမှ

ခရီးသွားများ တံခါးမရှိ။ ဓားမရှိ လွတ်လပ်ချမ်းသာစွာ တည်းခိုနိုင်သည် ဟူသော အဓိပ္ပါယ်ကို ဆောင်သည်ဟု ယူဆရသည်။

တတ်နိုင်သော ဇရပ်အလှူရှင် အချို့သည် ခရီးသွားများအတွက် ဆန် ဆီ စသော စားသောက်ဖွယ်ရာ များကိုပင်

ထားပေးကြောင်း သိရသည်။ချက်ပြုတ်စားသောက်ပြီး နေလည်း မရှိတော့ပြီဖြစ်၍ ဘဆေဆ်လာလ်ဂျီတို့ ထိုဇရပ်မှာပင် ညအိပ်လိုက်ကြသည်။

နောင် တစ်နေ့ မိုးမလင်မီ မနက်စောစော ခရီးဆက်ကြရန် မြင်းသမားတို့ကို ဆော်သြ ထားလိုက်သည်။

အရေးအကြီးဆုံး ဖြစ်သ ည့် ငွေဒင်္ဂါးအိတ်ကြီးကို မေ့ကျန်နေခဲ့မှာ စိုးသောကြောင့် ခေါင်းအုံး အိပ်လိုက်သည်။

မနက် လေးနာရီလောက်ထပြီး မြန် မြန်ထက်ထက် ပြင်ဆင်ကာ ရှေ့ခရီးကို ဆက်လာ ခဲ့ကြသည်။

ခြောက်နာရီခန့် ခရီးပေါက်ပြီးသောအခါမှ ခေါင်းအုံး အိပ်ခဲ့ သည့် ငွေအိတ်ကြီး ပါမလာမှန်း ဘဆေဆ်လာလ်ဂျီ သိသွားသည်။

ပြင်းထန်သော စိုးရိမ်သောက စိတ်ကြောင့် နှလုံးသားမှာ တဒိန်းဒိန်းခုန်လာပြီး အမောဆို့သလိုပင် ဖြစ်လာသည်။

ထို့ကြောင့် – “ဟေ့ . . အားလုံးရပ်လိုက်ကြဦး။” “ကျွန်တော့ ငွေဒင်္ဂါးအိတ်ကြီး ညအိပ်ခဲ့တဲ့ ဇရပ်ပေါ်မှာ ကျန်နေခဲ့တယ်။

ဒါ့ကြောင့် နောက်လှည့်ပြန် ကြရမယ်” ဟု ပြောလိုက်သော်လည်း မြန်မာလူမျိုး မြင်းသမား ငါးယောက်လုံး

တစ်ယောက်မှ တအံ့တသြ တထိတ်တလန့် ဖြစ်မသွားကြ။ သွားယူပေးမည့် အမူအရာလည်း မပြကြသဖြင့်

ဘဆေဆ်လာလ်ဂျီ မနေနိုင်ေ တာ့ – “ကဲ. . . မြန်မြန်သွားယူဘို့ ပြင်ကြလေ။

ဘာလို့အေးတိ အေးစက် ဖြစ်နေကြ တာတုန်း” ဟု ပြောလိုက်သော အခါတွင်မှ အသက်ခပ်ကြီးကြီး မြင်းသမားတစ်ဦးက –

“မိတ်ဆွေကြီး ဘာမှစိတ်မပူပါနဲ့။ ကိုယ့်ခရီးကိုသာ ပြီးဆုံးအောင် ဆက်သွားပါ။ အပြန်ကျမှ ငွေအိတ်ကိုဝင်ယူပါ။ မိတ်ဆွေကြီးငွေအိတ် ဘယ်မှ ထွက်မပြေး ပါဘူး။

ဘယ်သူမှလည်း မယူပါဘူး။” ဟု ပြောလိုက်သဖြင့် ဘဆေဆ်လာလ်ဂျီ တစ်ယောက် ဒေါသထွက်သွားသည်။

“လွယ်ရင် သူကြွယ်တောင်မနေဘူး” ဟူသော စကားရှိနေရာ အဆင်သင့် တွေ့ရသော ငွေဒင်္ဂါးအိတ်ကြီးကို ဘယ်လို လူသည် မယူ ဘဲ နေနိုင်ပါအံ့နည်း။

ဘယ်သူမှ မယူဘူး ဟု တာဝန်ခံနိုင် လောက်အောင် သူတို့ မြန်မာလူမျိုးတွေက ဘယ်လောက်များ

စာရိတ္တ ကောင်းနေကြလို့ နည်းဟု တွေးနေမိသည်။ထိုအတွေးနှင့်အတူ – “အေးလေ . .. ငါတို့ ထွက်လာကြတာလဲ ခြောက်နာရီ ကျော်သွားပြီးဆိုတော့ ….

ဒီငွေအိတ်ကြီးကို ခရီးသွား တစ်ယောက်ယောက်ကရပြီး ယူသွားရောပေါ့။ ငါသွားနေလည်း ပင်ပန်းတာ အဖတ်တင်မှာပ”ဲ ဟု

စိတ်ပျက် စွာနှင့် ဆက်ကာ တွေးပြီး ရှေ့မှာရှိသည့် မြို့စျေးများသို့သာ ဆက်သွားလိုက် ကြသည်။

ငါးရက်ခန့်ရှိမှ ပြန်လာကြသောအခါ ဘဆေဆ်လာလ်ဂျီ ထားခဲ့သော ငွေဒင်္ဂါးကြီမှာ ခေါင်းအုံးပြီး အိပ်ခဲ့စဉ်က အတိုင်းပင်

လက်ရာမပျက် ပြန်တွေ့ရသည်။ ရေတွေက်ကြည့်သော အခါတွင်လည်း တစ်ပြားတစ်ချပ်မျှ မလျော့။

ထို့ကြောင့်လည်း ဘဆေဆ်လာလ်ဂျီက “ကမ္ဘာ့ဝိပဿနာ တရားပြဆရာကြီး ဖြစ်လာမည့် ဦးဂိုအင်ကာ

အလောင်းအ လျာ သူ့မြေးလေး”ကို -ငါ့မြေးရေ၊ အဘိုးတို့ ဒီမြန်မာပြည်မှာ နေခွင့်ရတာ သိပ်ကံကောင်းတယ်။

ဘာဖြစ်လို့လည်း ဆိုေ တာ့ တစ်ကမ္ဘာလုံးမှာ သူခိုးမရှိတဲ့ နိုင်ငံဆိုလို့ မြန်မာနိုင်ငံ တစ်ခုပဲ ရှိတယ်။နောက်တစ်ခုက

မန္တလေး ရတနာပုံ စျေးချိုတော်ကြီး လမ်းအလယ်မှာ အမျိုးသမီး တစ်ယောက် အဖိုးတန် စိန်နားကပ် တစ်ဖက် ပြုတ်ကျ ကျန်နေ ခဲ့တယ်။

စျေးလယ် ဆိုတော့ စျေးရောင်းသည်၊ စျေးဝယ်သည် တစ်ယောက်မှ တစ်ယောက်ေ တာ့ တွေ့မှာပဲ။

သို့သော် တစ်ယောက်မှ ကောက်မယူကြဘူး။အလွယ်တကူ တွေ့ရတဲ့ အဖိုးတန် ပစ္စည်းကိုတောင် ကောက်မယူတဲ့ မြန်မာ လူမျိုးတွေဟာ ….

သူတစ်ပါးအိမ်က ပစ္စည်း မသိအောင်ယူဖို့ ဆိုတာကတော့ ပိုပြီး ဝေးသေတာပေါ့။ ဒါနဲ့ စျေးချို သာ ပိတ်သွားတယ်

စိန်နားကပ်ကြီး ကတော့ လမ်းပေါ်မှာ ဒီအတိုင်းပါပဲ။ နောက်တစ်နေ့မနက် စျေးချို ဖွင့်ခါနီးမှာ အလုပ်သမလေး တစ်ယောက် စိန်နားကပ်ကြီး ကို တွေ့သွားတယ်။

“ဥစ္စာဆင်းရဲသော်လည်း စာရိတ္တ မဆင်းရဲတဲ့ သူတွေကို မြင်ဖူးချင်ရင်” မြန်မာပြည်ကို လာခဲ့ပါလို့ ပြောရတော့မှာပဲ။

အလုပ် သမလေးဟာ စိိန်နားကပ် ကို ကောက်ယူ လိုက်တယ်။ ယူဖို့မဟုတ်ဘူး။

စိန်နား ကပ်အောက်က ဖုန်တွေ အမှိုက်သရိုက်တွေ လှဲပစ်ဖို့အတွက်ပါ။ လှဲကျင်းပြီး တဲ့အခါ တွေ့တဲ့နေရာမှာပဲ

အတိအကျ ပြန်ထားလိုက်တယ်။ပိုင်ရှင်က သူကျ ပျောက်တဲ့နေရာ ပြန်လာရှာရင် မြန်မြန်တွေ့ပါစေဆိုတဲ့ စေတနာပေါ့။

နောက်ဆုံး စျေးရုံးတာဝန်ခံ ကိုယ်တိုင်မြို့ထဲ “မောင်းထု ပိုင်ရှင်ရှာပြီး ပေးလိုက်ရတယ်” ဟု ပြောခဲ့ဘူးသည်။

ကဲ စဉ်းစားကြည့်ကြ ပေတော့။ အရင်တုန်းက မြန်မာနိုင်ငံ နှင့် ယခု မြန်မာနိုင်ငံ ဘယ်လောက် ကွာခြားသွားပြီလဲ။

ဒါကို ကြည့်ပြီး စိတ်မပျက်ကြပါနဲ့။ “ပျက်အစဉ် ပြင်ခဏ” ဆိုသလို မိမိကိုယ် ကိုသာ ငါးပါးသီလ လုံခြုံအောင်

(စာရိ တ္တပိုင်းသာ) တာဝန်ယူပါက မြန်မာနိုင်ငံ မှ မဟုတ် တစ်ကမ္ဘာလုံး ဘယ်လောက်ငြိမ်းချမ်းမလဲ။

(မေတ္တာရှင် (ရွှေပြည် သာ)ဆရာတော်) [အညွှန်း – မေတ္တာရှင်(ရွှေပြည်သာ)ဆရာတော် သီလအစွမ်း အ့ံမခန်းစာအုပ်၊ မြန်မာတို့၏အသက်။

သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ – “Donated By Honey Lay” _/|_ ခပ်သိမ်းသော ရဟန်း၊ ရှင်၊ လူ၊ နတ်၊ ဗြဟ္မာ၊

သတ္တဝါ အားလုံး ဘေးရန် ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်, စိတ်နှစ်ဖြာကျန်းမာ, ချမ်းသာကြပါစေ ။

လူအချင်းချင်း လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ….။

Credit ဓမ္မရေချမ်းစင်