အသက်အရွယ် ရ၀ ရောက်မှ သူ့ရဲ့ သက်မွေးလုပ်ငန်းကိုပြောင်းလဲခဲ့တဲ့သူကတော့ ဂျပန်နိုင်ငံက Tokuda လို့ခေါ်တဲ့ အဖိုးအိုတစ်ဦးဘဲဖြစ်ပါတယ်။သူဟာဆိုရင်တော့ ၂၀၀၄ ခုနှစ်မှာ ပထမဦးဆုံးဇာတ်ကားအဖြစ် “Elderly”လို့အမည်ပေးထားတဲ့ ဇာတ်ကားကိုစတင်ရိုက်ကူးခဲ့ပါတယ်။
လတ်တလောမှာ သူဟာ အသက် ၈၂နှစ်ရှိနေပြီဖြစ်ပြီး အပြာကားတွေဆက်လက်ရိုက်ကူးနိုင်ဖို့အတွက် သက်လုံကောင်းအောင် လေ့ကျင့်နေကြောင်း ၀ိတ်ချနေကြောင်း The Sun သတင်းဌာနကိုပြောပြခဲ့ပါတယ်။လူတိုင်းက ကျွန်တော့်ရဲ့ အသက်အရွယ်နဲ့ အခုလိုသရုပ်ဆောင်နိုင်တာတွေနဲ့ ပတ်သက်ပြီး လာလာမေးလေ့ရှိကြပါတယ်။
ဒါပေမယ့် ကျွန်တော်ထွေထွေထူးထူး ပြုလုပ်တာမျိုးတော့မရှိခဲ့ပါဘူး။ပုံမှန်ပြုလုပ်တာဆိုလို့ သာမာန်နေ့စဉ်ဘဝကိုအကောင်းဆုံး ဖြစ်အောင် ကြိုးစားပြီးဖြတ်သန်းတာမျိုးဘဲရှိပါတယ်ဆိုပြီး ဆက်လက်ပြောပြခဲ့ပါတယ်။
တကယ်လို့များ ဘာလို့ သက်လုံကောင်းရလည်းဆိုတဲ့ အကြောင်းကို ဆွေးနွေးဖြစ်ကြမယ်ဆိုရင်တော့ ကျွန်တော့်ရဲ့ လှို့ဝှက်ချက်ကတော့ ကြက်ဥပါဘဲ။နေ့စဉ်နေ့တိုင်း ကျွန်တော် ကြက်ဥစားပါတယ်။ ထမင်းနဲ့ ကြက်ဥနဲ့ကိုတော့ အမြဲတမ်း တွဲစားဖြစ်ပါတယ် ဆိုပြီး သက်လုံကောင်းရခြင်းရဲ့ လှို့ဝှက်ချက်ကိုဖွင့်ဟခဲ့ပါတယ်။
သူဟာဆိုရင်နှစ်စဉ်နှစ်တိုင်း ရုပ်ရှင်ကားပေါင်း ၆၀ လောက်ရိုက်နိုင်ခဲ့ပါတယ်။ဒီအလုပ်ဟာ သူ့ရဲ့ စိတ်ခံစားချက်ကို ငယ်ရွယ်စေတာကြောင့် သူဟာသဘောကျပါတယ်လို့ပြောပြပါတယ်။
သူ့ကိုတော့ ၁၉၃၄ ခုနှစ်မှာမွေးဖွားခဲ့တာဖြစ်ပြီး အပြာကားတွေကို သူစကြည့်ဖူးတဲ့ အချိန်ကတော့ အလုပ်ကိစ္စနဲ့ ခရီးသွားနေတဲ့အချိန်တုန်းကဖြစ်ပြီး အဲ့ဒီအချိန်ကထဲက သရုပ်ဆောင်ဖြစ်ဖို့အတွက် ဒါရိုက်တာတွေရဲ့ အဆက်အသွယ်ကိုလိုက်ရှာခဲ့တာဖြစ်ကြောင်း The Sun သတင်းဌာနမှာဖော်ပြထားပါတယ်။