ကားစီးရင်း မူးမော်အော့အန်တဲ့အခါ ပြုလုပ်ရမယ့်ချက်များ

Knowledge
Spread the love

ကားစီးရင်း မူးမော်အော့အန်တဲ့အခါ ပြုလုပ်ရမယ့်ချက်များ

စာဖတ်ပရိသတ်ကြီးကို ယခုတင်ဆက်ပေးမှာကတော့ ကားစီးရင်း မူးမော်အော့အန်တဲ့အခါ ပြုလုပ်ရမယ့်ချက်များအကြောင်းကိုတင်ဆက်ပေးလိုက်တာဖြစ်ပါတယ်

ခရီးတော့သွားချင်ပါရဲ့ ။ ကားမူးလွန်းလို့ ခရီးသွားဖို့ကြောက်နေတယ်ဆိုရင် ဒီဆောင်းပါးက သင့်အတွက်ပါလို့ ပြောပါရစေ ။ ကားမူးတာက ခံစားရခက်တဲ့ ဝေဒနာတစ်ခုပါ ။ ခရီးသွားရင်း ကားမူးနေရင် ပတ်ဝန်းကျင်အလှအပတွေကို ခံစားနိုင်ဖို့ အခွင့်အရေးကို လက်လွှတ်ရပြီလေ ။ ပျော်ရွှင်ရတဲ့ ခရီးစဉ်တစ်ခု ဖြစ်စေဖို့ ဒီဆောင်းပါးက တဆင့် အကူအညီပေးပါရစေ

ကားမူးရင် ဘယ်လိုခံစားရလဲ

ကားမူးတယ်ဆိုတာက ကားစီးမှ မူးတာမဟုတ်ပါဘူး။ လေယာဉ်စီးရင် ဖြစ်ဖြစ်၊ ရထားစီးရင်း ဖြစ်ဖြစ် သင်္ဘောစီးရင်း ဖြစ်ဖြစ် မူးဝေပြီး အော့အန်ချင်သလိုဖြစ်လာတဲ့ အခြေ အနေကို ခေါ်တာပါ။ အတိအကျပြောရရင်တော့ ခရီးသွားစဉ် မူးဝေအော့အန်ခြင်းပေါ့ ။ ဒီဝေဒနာ ခံစားရတဲ့အခါ ခန္ဓာကိုယ်မှာ ဘယ်လိုတွေဖြစ်လာနိုင်သလဲ

မအီမလည်ကြီးဖြစ်လာမယ်၊ ငြီးစီစီဖြစ်လာမယ်၊ အော့အန်မယ်၊ အသက်ရှုမြန်လာမယ်၊ ချွေးတွေပြန်လာမယ် ၊ ဖြူဖပ် ဖြူရော် ဖြစ်လာမယ် ၊ ခေါင်းကိုက်မယ် ၊ ခန္ဓာကိုယ်ထဲမှာ နုံးချိချိဖြစ်လာမယ် ။ ကားမူးတဲ့ခံစားချက်က ကားပေါ်ကနေ ဆင်းလိုက်ပြီးတဲ့ အထိတောင် ကျန်နေခဲ့တတ်ပါတယ် ။ အနည်းဆုံးကတော့ ခေါင်းမကြည်ဘဲ ကျန်ခဲ့နိုင်ပါတယ် ။

ကားမူးတဲ့ အစပျိုးလက္ခဏာတွေခံစားရတဲ့အခါ ဘယ်လိုသက်သာအောင်လုပ်မလဲ

ကားမူးတဲ့လက္ခဏာက တရိပ်ရိပ်တက်လာတဲ့ ခံစားမှုတစ်ခုပါ ။ချက်ချင်းကြီး ဖြစ်လာတာမဟုတ်ပါဘူး ။ ဒါကြောင့် ကားမူးတာကို ခံစားနေရပြီလို့သိနိုင်တဲ့ အစပျိုးလက္ခဏာတွေ ခံစားရပြီဆိုတာနဲ့ ဒီနည်းလေးတွေသုံးပြီး သက်သာအောင် အရင်လုပ်ကြည့်ပါ ။

ပတ်ဝန်းကျင်က အရာတွေကို ကြည့်လိုက်ပါ ။ ခေါင်းကို လှုပ်ရှားမှုနည်းအောင် လုပ်ဆောင်ပါ ။ ကျောမှီထားတာမျိုး မလုပ်ဘဲ ခပ်မတ်မတ်ထိုင်ပေးပါ ။ စာဖတ်နေတာမျိုး လုပ်နေတာဆို ချက်ချင်းရပ်လိုက်ပါ ။ ပြတင်းပေါက်ကို ဖွင့်ပြီး ပြင်ပက လတ်ဆတ်တဲ့လေကို ရှုရှိုက်ပေးပါ ၊ ဝင်သက်ထွက်သက်မှတ်တာမျိုး ၊ သီချင်းနားထောင်တာမျိုးလုပ်ပြီး အာရုံပြောင်းပါ ။ လှဲအိပ်လိုက်ဖို့ အဆင်ပြေတယ်ဆိုရင် လှဲအိပ်လိုက်ပါ ။ ခန္ဓာကိုယ် အပူချိန်ကို ထိန်းညှိဖို့လုပ်ပါ။ အစားတွေ အများကြီးစားတာမျိုး မလုပ်ပါနဲ့။ အယ်လ်ကိုဟောနဲ့ ကဖင်းဓာတ်ပါတဲ့ အရာတွေကိုရှောင်ကြဉ်ပါ ။

ကားမူးတာကို ကာကွယ်ဖို့လုပ်သင့်တဲ့ အချက် (၁၀) ချက်

ကားမူးတာကို ကာကွယ်လို့ရတယ်ဆိုတာ သိပါသလား ။ အခုပြောပြမယ့် အချက်လေးတွေက သင့်ကို ကားမမူးအောင် ကာကွယ်ပေးပါလိမ့်မယ် ။ ခရီးမသွားခင်မှာ အစား အများကြီး မစားပါနဲ့ ။ အပူအစပ်တွေ ၊ အဆီများတဲ့ အစားအစာတွေ ၊ ကဖင်းနဲ့အယ်လ်ကိုဟော ပါဝင်နေတဲ့ သောက်စရာတွေကို ရှောင်ကြဉ်ပါ ။ အနံ့ပြင်းတဲ့ စားစရာ သောက်စရာတွေကို ရှောင်ကြဉ်ပါ။ မူးဝေအော့အန်တာကို သိပ်မဖြစ်စေနိုင်မယ့် နေရာမျိုးမှာရွေးထိုင်ပါ ။

လေယာဉ်ဆို အလယ်ပိုင်းလောက်မှာ ထိုင်ပါ၊ သင်္ဘောတို့၊ လှေတို့ဆိုရင် ကုန်းပတ်ပေါ်မှာ ထိုင်ပါ ။ ကားဆိုရင်တော့ ပြတင်းပေါက်ဘေးဘက်နဲ့ အရှေ့ပိုင်းနားမှာ ထိုင်ပါ။ ခရီးသွားနေတဲ့ဦးတည်ရာနဲ့ ဆန့်ကျင်ဘက် မထိုင်မိပါစေနဲ့၊ ရထားစီးတဲ့အခါမျိုးမှာ အဖြစ်များနိုင်ပါတယ် ။

ခရီးသွားရင်း စာဖတ်တာ၊ ဖုန်းသုံးတာ၊ ဂိမ်းဆော့တာ၊ တီဗွီကြည့်တာမျိုး မလုပ်ပါနဲ့။ ပြတင်းပေါက်ဖွင့်ထားပြီး ပတ်ဝန် းကျင်က သဘာဝလေကို ရှုရှိုက်ပါ ။ မူးဝေအော့အန်နေသူကို သွားမကြည့်မိအောင်နေပါ။ ကားမူးသက်သာစေနိုင်တဲ့ ဆေးတစ်ခုခုသောက်သုံးပါ ။ Dimenhydrinate ပါတဲ့ ကားမူးပျောက်ဆေးတွေကို ဆေးဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူလို့ရရှိနိုင်နေပြီဖြစ်လို့ ခရီးသွားတိုင်း ကားမူးတတ်သူတွေအတွက် အဆင်ပြေနိုင်မှာပါ

ယခုပြောပြတဲ့သည့် ကားစီးရင်း မူးမော်အော့အန်တဲ့အခါပြုလုပ်ရမယ့်ချက်များအကြောင်းကလည်း စာဖတ်ရင်း ရလာတဲ့ ဗဟုသုတပါ။ စာမဖတ် ဗဟုသုတ မရှာခဲ့ရင် ခုလိုကူညီနိုင်မှာ မဟုတ်ပါဘူး။

ယခုတင်ဆက်ပေးသော အကြောင်းအရာလေးကို သဘော ကျတယ်ဆိုရင် ပြန်လည်မျှဝေပေးဖို့အတွက် တောင်းဆိုပါရစေ ။ လူကြီးမင်းတို့ရဲ့ အားပေးမှုက ကျွန်တော်၊ကျွန်မတို့အတွက် ဆက်လက်တင်ဆက်ပေးဖို့အတွက် ခွန်းအားသစ်တွေရရှိပါတယ်

Leave a Reply