ကိုကို့ကို ခွင့်လွှတ်ပါ သဲငယ်ရယ်
“ခင်လေး ကို့ကိုပဲရိုက်ပါ´´
သူ့ဖုန်းမှ ဗီဒီယိုသံကရေချိုးခန်းထဲရေချိုးနေသော ကျနော့်ထံရောက်လာသည် ရေစိုနေသောဆံပင်ကို သဘက်ဖြင့် သုတ်ပြီးထွက်လာစဉ်
သူ့မျက်နှာကိုတွေ့တော့ မျက်နှာလေးက မကောင်းလှ ကျနော့်ကိုလှမ်းကြည့်ပြီး လက်ထဲမှသဘက်ကိုဆွဲယူကာ ကျနော့်ကိုကုတင်ပေါ်ထိုင်ခိုင်းပြီး ကျနော့်ဆံပင်ကို ယုယစွာသုတ်ပေးသည်
`ဆံပင်မခြောက်ရင် ဖျားမယ် ကိုကို´
ဒီအယုအယ အနုအယွလေးတွေမှာ မာယာမပါ အငယ်အနှောင်းတိုင်းကို ခြူ ဆီမမှတ်စေချင်ပါ သဲငယ်ကျနော့်ကိုတကယ်ချစ်ရှာသည်
ကျနော့်ဆီမှ ခြူ းတပြားမှ သူမယူဖူးပါ သူ့ကိုကျနော်အလုပ်မှာ လစာထုတ်ပေးတိုင်း သူနဲ့တွေ့တိုင်းကျနော့်သားသမီးလေးတွေအတွက် မုန့်လေးတွေပင်ဝယ်ထည့်ပေးတက်သည်
`အင်းပါ သဲငယ်ရယ် ခနနေကသဲငယ်ဘာကြည့်နေတာလဲ´
ကျနော့်ခေါင်းကိုသုတ်ပေးနေသော သူ့လက်ကလေးတုံ့ကနဲ့ရပ်သွားသည် ကျနော်လဲFBသုံးသူမို့ သူဘာကြည့်နေလဲသိပါသည် သို့သော် သူ့သဘောကိုသိချင်လို့မေးလိုက်မိသည်
`မယားကြီးက အငယ်အနှောင်းကို ရိုက်နေတဲ့ဗီဒီယိုပါ ကိုကို´
သူ့အသံလေးတိမ်ဝင်သွားသည် ကျနော်နှင့်သူကြားနုလုံးသားချင်းဂျက်ပင်ထိုးသလိုသူ့ခံစားချက်ကိုကျနော်သိသည်
`ကြောက်နေသလား သဲငယ်´
`ကြောက်တာတော့မဟုတ်ပေမယ့်ကိုကို့လိုလူကြီးလူကောင်းတယောက်အတွက်တော့စိုးရိမ်တယ်´
`သဲငယ်ရယ်´
`ကိုကို့မိန်းမတွေ့သွားရင် ကိုကိုတို့မိသားစုကတောက်ကဆ ဖြစ်မှာလဲကြောက်တယ် ကိုကိုမို့သာ ဒီတောကိုသဲငယ်တိုးခဲ့တာ´
`သဲငယ်ရယ် ဒီလိုမဖြစ်ပါဘူးကွာ ဖြစ်လာလို့ သဲငယ်ကိုသာထိရင်တော့ကိုကိုကတော့ အသက်ချင်းလဲပစ်မယ်´
ဒီစကားကိုအသစ်တွေ့လိုအဟောင်းမေ့တယ်လို့မထင်စေချင် အိမ်က အိမ်သူသက်ထားနဲ့အဆင်မပြေတာနှစ်ချီပြီ သူ့လက်ကလေးကျနော့်ပါးပေါ်ရောက်လာသည် တည်းခိုခန်းမှ အဲကွန်းက ကျနော့်ရင်ထဲကအပူကိုမငြိမ်းနိုင်သူ့လက်ကလေးကိုနမ်းကာ
`အရာရာတောင် သဲငယ်နဲ့ယှဉ်ရင် အရာရာ မဖြစ်တော့ပါဘူး သဲငယ်´
`ဒေါက် ဒေါက် ဒေါက်´
တံခါးခေါက်သံကြားလိုက်သည် Room Service ထင်ပါရဲ့ သဲငယ်ဘာမှမစားရသေး၍ Beef Burgerတလုံးမှာထားတာ လာပို့တာဖြစ်မည်
ကျနော်ကတော့အပြင်ကABCတလုံးဝယ်၍ အနည်းငယ်သောက်ထားသည် ကုန်ပင်မကုန်သေး၍ အခန်းပင်ပြန်ယူလာသေးသည် ထားခဲ့မည်ဆိုသော်လည်း သဲငယ်ကဖြုန်းတီးတာမကြိုက်
အဝတ်အစားကိုအနည်းငယ်ပြင်၍ တံခါးကိုအဖွင့် ပါးပြင်ကတချက်ပူကနဲဖြစ်သွားသည် ရင်ထဲကအပူကပိုပြင်းသည် မျက်လုံးထဲမှာ မီးဝင်းဝင်းတောက်မတက် ကျနော့်ကိုကြည့်နေသူက ကျနော့်အိမ်သူ မြသွေး
ကျနော့်ကိုတွန်းဖယ်ကာ မြသွေးအခန်းထဲ အတင်းဝင်သွားသည် ကုတင်ပေါ်မှာ သဲငယ်ဆံပင်ကိုဆွဲကာ ပါးတွေရိုက်သည်
ကျနော်ဝင်တားသည် မြသွေးတယောက်ထိန်းမရ ပါးစပ်ကလဲအော်ဟစ်နေသည်
`ငါကတော့ ရိုးလှချည်ရဲ့လို့ထင်နေတာ နင်တို့ကတော့ဒီမှာလာပလူးနေတာပေါ့ ဟမ် ဟုတ်လား ဟဲ့အကောင် သဲမောင် နင့်ကိုငါက အိမ်မှာကားဒရိုင်ဘာလုပ်ဖို့ ခေါ်ထားတာနင်ကကားတင်မကဘူး ငါ့လင်ပါတက်စီးနေတယ်ပေါ့
`ကြားလိုမှမကောင်း တခြားကောင်မတွေနဲ့တောင်ဖြေသာသေးတယ် ခုကအိမ်ကဒရိုင်ဘာနဲ့တဲ့တော့်´
Credit မူရင်းရေးသားသူ