လူတွေ တစ်ယောက်နဲ့တစ်ယောက် အယူအဆတွေ စိတ်သဘောထားတွေ မတူညီကြလို့
မူဝါဒတွေ ကွဲပြားသော်လည်း အပူဒုက္ခကတော့ အတူတူပါဘဲ
သူတစ်ပါးနဲ့လူအများကို အပူဒုက္ခပေးတဲ့သူဟာ
ခုလည်း မချမ်းသာသလို နောင်လည်း ချမ်းသာမှာ မဟုတ်ပါ
ဘဝဆိုတာ ကိုယ့်နဲ့တန်သလောက် ရကြတာပါ
ရသင့်တာထက် ပိုလိုချင်ရင် ပူလောင်းခြင်းတွေပါလာတတ်တယ်
ကိုယ်ရသင့်တာသာ ယူပါ ကိုယ်မရသင့်တာ မယူပါနဲ့
ကိုယ်မရသင့်တာကို ကိုယ်ယူလိုက်မိရင်လည်း
ကိုယ်မလိုချင်တာတွေကိုလည်း ကိုယ်ပြန်လက်ခံရတတ်တယ်
လိုချင်မူအပေါ် စိတ်ကို မထိန်းနိုင်တဲ့ သူတွေဟာ
တခါတရံမှာ ရလိုက်တာထက် ပေးဆပ်လိုက်ရတာက
ပို၍ ကြီးမားနေတတ်တယ် ဆိုတာလည်း မမေ့ကြပါနဲ့…။
ဒါကြောင့် သူတစ်ပါးနဲ့လူအများကို
သုခ ချမ်းသာခြင်း အေးချမ်းမှု့တွေ မပေးနိုင်ရင် နေပါစေ…။
ဒုက္ခ ဆင်းရဲခြင်း အပူမီးတွေတော့ မပေးမိကြပါစေနဲ့…။
မေတ္တာရော၍ ချစ်ခြင်းများစွာနဲ့ ဓမ္မရက္ခိတ
Credit