ကုန်ဈေးနှုန်းတက်နေချိန်မှာ ခဏခဏပြန်ကြော်ပြီးသုံးနေတဲ့ ပြန်ကြော်ဆီကို သန့်ရှင်းနည်း

Knowledge Lifestyle
Spread the love

ကျနော်တို့နိုင်ငံမှာ လဘက်ရည်ဆိုင် (၁၀)ဆိုင် ဝင်ကြည့် (၉) ဆိုင် လောက်က အီကြာကွေး/ စမူဆာ/ အကြော်စုံ ကြော်တဲ့ ဆီတွေက

အပူလွန်ပြီး ဆီရဲ့ အရည်အသွေး ကုန်ဆုံးနေတဲ့ အပြင် သေးငယ်တဲ့ အမှုန်လေးတွေ က မီးလောင်ကျွမ်းပြီး ဆီတွေက မဲတူးနေတာပဲ

ဆီထဲမှာပါနေတဲ့ အမှုန် လေးတွေက ကင်ဆာနဲ့ နှလုံးသွေးကြောကျဉ်း ရောဂါ ဖြစ်စေနိုင်ပါတယ်။ ကျနော် ပြောတဲ့ “

ဆီတစ်ပိဿ ကို ကော်မှုန့် နို့ဆီဗူး တစ်ဗူး နှုံး” နဲ့”ကော်မှုန့် နဲ့ ရေ ကို မပျစ်မကျဲ ဖျော်ပြီး

ဆီ အနေတော်ပူမှာ အပေါ်ကနေ တဖြေးဖြေးချင်း ဆီထဲ လောင်းချပါ” မွှေပေးပါ…။

(ကော်မှုန့်ဆိုတာ ပြောင်းဖူး / အာလူး နဲ့ ပီလောပီနံ အမှုန့်ကို ခေါ်တာပါ)

မွှေတဲ့ ဂေါ်ကို အပျစ်ခဲကြီး လာကပ်ပါမယ်။ ဂေါ်နဲ့ ကြော်တဲ့ အိုးရဲ့ အတွင်းသား ဖင်နဲ့ အတွင်း နံရံတွေကို ပွတ်တိုက်ပါ။

ဆီထဲက အမှုန်တွေက ကော်မှုန့်ကို အကုန် ပြေးကပ်ပါတယ်…။

မဲနေတဲ့ ကော်မှုန့်အခဲကြီးကို ဆယ်ပြီး လွှင့်ပစ်ပါ….။

ဒုတိယ အကြိမ် ထပ်လုပ်ပါက ဆီတွေဟာ ရေလို ကြည်လင်သွား ပါတော့တယ်။

လုပ်နည်း သိနေတာပဲ ကျန်းမာအောင် လိုက်နာကြပါလို့ မေတ္တာ ရပ်ခံပါတယ်

ကိုယ်တစ်ယောက် လိုက်နာလို့ လူ အယောက် ၁၀၀ ကျန်းမာရင် ကုသိုလ်လဲရ ဝမ်းလဲ ဝ ပါတယ်။

ဆိုင်ရှင်တွေ သိအောင် / ဝန်ထမ်းတွေသိအောင် များများ ရှယ်ကြဗျို့…။