ကော်ဖီ နဲ့ အမြန်စာတွေ တွဲမစားနဲ့

Knowledge Lifestyle
Spread the love

ဆီကြော်စာများ၊ အထူးသဖြင့် Fast food လို့ခေါ်တဲ့ အသင့်စားနိုင်အောင် ပြုလုပ်ပေးထားတဲ့ အမြန်စာအမျိုးမျိုးကို ကော်ဖီနှင့် အတူတွဲ၍မစားသင့်ဘူးလို့ လေ့လာချက်တစ်ခုက ထုတ်ပြန်လိုက် ပါတယ်။

ထိုလေ့လာမှုမှာ ပါဝင်သူများကို အုပ်စု နှစ်စုခွဲပြီး တစ်စုကို အဆီဓာတ်များတဲ့အကြော်အလှော် စားစရာများကို စားသုံးပြီးနောက် ကဖင်းဓာတ်ပါတဲ့ ကော်ဖီတစ်ခွက်ကို သောက်စေပါတယ်။ အခြားအုပ်စုကိုတော့ ထိုအမြန်စာများကိုပဲစားပြီး ကော်ဖီမသောက်စေပါဘူး။

အဲဒီအခါ အမြန်စာများစားပြီးနောက် ကော်ဖီသောက်သူများမှာ သွေးတွင်းသကြားဓာတ်ပမာဏဟာ ရုတ်တရက်ထိုးတက်သွားပြီး အမြန်စာစားပြီး ကော်ဖီမသောက်သူတွေရဲ့ သွေးတွင်းသကြားဓာတ် ပမာဏနှင့်နှိုင်းယှဉ်လိုက်ပါက နှစ်ဆတက်လာကြောင်းလေ့လာတွေ့ရှိခဲ့ရလို့ ဖြစ်ပါတယ်။

ထိုကဲ့သို့ သွေးတွင်းသကြားဓာတ် ဆောင့်တက်လာရခြင်းဟာ သွေးချိုဆီးချိုရောဂါ အကြိုအဆင့်သို့ ရောက်ရှိစေပါတယ်လို့လည်း သတိပေး ဖော်ပြခဲ့ပါတယ်။

ဒါဟာ ဘာဖြစ်လို့လဲဆိုတော့ ပြည့်ဝဆီများက ကဖင်းဓာတ်နဲ့ ပေါင်းလိုက်တဲ့အခါ ခန္ဓာကိုယ်ရဲ့သွေးတွင်းသကြားဓာတ် ပုံမှန်ထိန်းချုပ်မှုကို တားဆီး လိုက်သလိုဖြစ်စေလို့ပါ။

သင်ရော ကော်ဖီ နဲ့ အမြန်စာတွေ တွဲစားဖြစ်ပါသလား