ကျန်းမာရေး အတွက် သောက်သုံးသင့်တဲ့ ပြောင်းဖူးမွေး ရေနွေးကြမ်း ကိုဘယ်လိုလုပ်မလဲ

Knowledge
Spread the love

ကျန်းမာရေး အတွက် သောက်သုံးသင့်တဲ့ ပြောင်းဖူးမွေး ရေနွေးကြမ်း ကိုဘယ်လိုလုပ်မလဲ

ဘာ့ကြောင့်သောက်သုံးသင့်သလဲ ပြောင်းဖူးမွေး ဟာ ဆီးချို ကျစေသလို သွေးခဲတာကိုလည်းသက်သာစေပြီး

ကျန်းမာရေး ဆိုင်ရာ အကျိုးကျေးဇူးတွေ အများအပြားရှိနေပါတယ်။

ဒါ့ကြောင့် ပြောင်းဖူး ပေါ်ချိန်မှာ ပြောင်းဖူး ရေနွေးကြမ်းကို ပြုလုပ်သောက်သုံးသင့်ပါတယ်။

ပြောင်းဖူးမွေး မှာ ပိုတက်ဆီယမ် ဓါတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။

ဒါ့ကြောင့် ဆီးသွားတဲ့စနစ်ကိုကောင်းမွန်စေပြီး ဆီးကျောက်တည်တာကို ကာကွယ်ပေးနိုင်ပါတယ်။

ဘယ်လိုလုပ်မလဲ….???ပြောင်းဖူးမွေး ထဲက မည်းနေတဲ့ အမွေးတွေကို ဖယ်လိုက်ပါ။

ပြီးရင်အခွံနွာပြီး အထဲက နုတဲ့ အမွေးကိုပဲယူပါ။ပြီးရင် ရေ ဆေးပြီး သဘက်တစ်ခုခု ပုဝါတစ်ခုခုပေါ်တင်လိုက်ပါ။

စာရွက် သတင်းစာတစ်ခုခုကို အသုံးပြုလို့လည်းရပါတယ်။ပြီးရင် အခြောက်ခံပါ။ တစ်ပတ် (သို့) ၂ ပတ်လောက်ကြာနိုင်ပါတယ်။

ပြီးရင်အညိုရောင်လေးဖြစ်လာပါလိမ့်မယ်။အဲဒီအမွေးကို ခွက်တစ်လုံးထဲထည့်လိုက်ပြီး ရေနွေးထည့်ပါ။

ပြီးရင်တစ်ခေါက်လောက် ရေသွန်လိုက်ပြီး နောက်ထပ် ခွက်တစ်လုံးထဲကိုထည့်ကာ ရေနွေးလောင်းထည့်ပါ။

ပြီးရင် သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်လောက်ထည့်ပေးပါ။ (သို့) ပျားရည် ကိုအသုံးပြုလည်းရပါတယ်။

ပြီးရင် သံပုယိုသီးခွံ (သို့) ပူစီနံရွက်အနည်းငယ်ထည့်ပါ။

ပြီးရင် ၂ မိနစ်လောက်ထားပြီး ပြောင်းဖူးမွေးကို ဆယ်ပြီးသောက်နိုင်သလို မဆယ်ဘဲနဲ့ ဒီအတိုင်းလည်းသောက်နိုင်ပါတယ်။

Credit : ကျန်းမာရေးအတွက်ဆေးတစ်ခွက်