ကြက်သွန်နီအစိမ်းကို ပုံမှန်စားပေးတာနဲ့ ချက်ချင်းရရှိလာမယ့် ကျန်းမာရေးကောင်းကျိုးများ
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ တခြားနိုင်ငံတွေထက် အသာဆုံးအချက်က ကောက်ပဲသီးနှံတွေ၊ သစ်သီးဝလံတွေကို ဈေးနှုန်းချိုချိုနဲ့ ပေါပေါများများ ရနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဆေးဘက်ဝင် သစ်ဥသစ်ဖုတွေကိုလည်း အခုအချိန်ထိ စစ်စစ်မှန်မှန် ရနိုင်နေပါသေးတယ်။ မြန်မာနိုင်ငံမှာ ပေါများလွန်းတဲ့ ကြက်သွန်နီဟာ ကျန်းမာရေးအရ အလွန်တန်ဖိုးကြီးပါတယ်။ ကြက်သွန်နီအစိမ်းကို ပုံမှန်စားပေးရုံနဲ့
(၁) အရိုးသိပ်သည်းဆကို ကျစ်လစ်စေတယ်_ အသက်ကြီးလာတဲ့အခါမှာ အရိုးပွတာတွေ၊ အရိုးဆက်တာတွေကို မခံလိုလျှင် အခုနေကတည်းက ကြက်သွန်နီအစိမ်းကို တစ်နိုင်တပိုင် စားပေးသင့်ပါတယ်။ တစ်လလောက် ကြာတဲ့အခါမှာ အရိုးတွေရဲ့ သိပ်သည်းဆဟာ ယခင်ကထက် (၅)%အထိ တိုးပွားလာစေမှာပါ။
(၂) ကိုလက်စထရောဓာတ်ကို လျှော့ကျစေတယ် _ကိုလက်စထရောဓာတ်ဟာ နှလုံးရောဂါ၊ နှလုံးသွေးကြောကျင်းရောဂါ၊ နှလုံးသွေးကြောပိတ်ရောဂါတွေရဲ့ အဓိကကျဆုံးရန်သူဖြစ်ပါတယ်။ ကြက်သွန်နီအစိမ်းဟာ လူရဲ့သွေးအတွင်းမှာ ရှိတဲ့ ကိုလက်စထရောဓာတ်ကို အမြန်ဆုံးချေဖျက်ရာမှာ အလွန်ထိရောက်ပါတယ်။ နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေ ကာကွယ်ပြီးသား ဖြစ်မှာပါ။
(၃) အစာချေဖျက်ရာမှာ ကူညီနိုင်တယ်_ ကြက်သွန်နီအစိမ်းကို ပုံမှန်စားပေးရင် အဆီကျသွယ်လျှပြီး ဗိုက်ချပ်စေနိုင်ပါတယ်။ ကြက်သွန်နီဟာ ဝမ်းကိုက်၊ ဝမ်းချုပ်ဝေဒနာတွေကို မဖြစ်စေအောင် ပြုလုပ်နိုင်စွမ်းရှိပြီး၊ အစာမကြေတဲ့ဒဏ်ကိုလည်း ကောင်းစွာ ကုစားနိုင်ပါတယ်။ အစာကြေလွယ်စေလို့ အဆီပိုတွေကို အလိုလို ကာကွယ်ပြီးဖြစ်စေပါတယ်။
(၄) ဆဲလ်တွေ ပျက်ဆီးမှုကို ကာကွယ်ပေးနိုင်တယ်_ အရွယ်တင် နုပျိုလိုသူတွေ ကြက်သွန်နီ များများစားပေးပါ။ ပြင်ပ ကူးစက်ရောဂါ ကြောက်သူတွေ ကြက်သွန်နီ စားပေးပါ။ ကြက်သွန်နီက ဆဲလ်တွေ ထိခိုက်ပျက်စီးမှုကို တားဆီးနိုင်လို့ အရွယ်တင်စေပါတယ်။ ဒီလိုပဲ ကြက်သွန်နီက သဘာဝဓာတ်တိုးပစ္စည်းတွေကို ထုတ်လုပ်ပေးလို့ ရောဂါတွေကို တိုက်ဖျက်နိုင်ပါတယ်။
(၅) အမြင်ကြည်လင်စေတယ်၊ ခံတွင်းကျန်းမာရေးကို ကောင်းစေတယ်_ ကြက်သွန်နီက အနံ့ကို သဘောမကျသူတွေအတွက်တော့ နည်းနည်း စိတ်ပျက်စရာပါ။ ဒါပေမယ့် မျက်မှန်သမားတွေ၊ ကွန်ပျူတာသမားတွေ အမြင်အာရုံ မထိခိုက်စေချင်ရင် ကြက်သွန်နီကို မချစ်သော်လည်း အောင့်ကာနမ်းထားရပါမယ်။ ခံတွင်းအနံ့ ဆိုးသူတွေလည်း ကြက်သွန်နီစားပေးရင် အိုကေပါတယ်။
(၆) ညအိပ်မပျော်သူတွေအတွက်_ ကြက်သွန်နီမှာပါတဲ့ အမျှင်ဓာတ်က ကျန်းမာရေးကို ကောင်းမွန်စေသလို၊ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေကိုတောင် လျှော့ပါးစေပါတယ်။ ဒီတော့ စိတ်ဖိအားများသူတွေလည်း ကြက်သွန်နီကို ဆေးအဖြစ် အသုံးချသင့်ပါတယ်။ စိတ်ဖိအားကို လျှော့ပါးစေလို့ အလွယ်တကူ အိပ်စက်ရာမှာလည်း ကူညီပေးပါတယ်။
(၇) အရွယ်တင်နုပျိုမှု/အရေပြား တွန့်မှုတွေကို ကာကွယ်ပေးတယ်_ စောစောကပြောခဲ့သလိုပဲ ကြက်သွန်နီက Aging ကို ကာကွယ်တားဆီးပေးနိုင်ပါတယ်။ အသားရေ နူးညံ့စိုပြေမှုမှာ ကြွက်သွန်နီဟာ အံ့မခမ်း ကောင်းကျိုးတွေ ပေးတာကြောင့် တချို့သော မော်ဒယ်တွေဟာ ကြက်သွန်နီကို မအိုဆေးအဖြစ် သုံးကြသည်အထိ ဖြစ်နေတယ်လို့ ဆိုပါတယ်။