ကြက်ဥကို စားသင့်တဲ့ အကြောင်းများ

Knowledge
Spread the love

ကြက်ဥဟာ လူတိုင်းနီးပါး စားသုံးနိုင်တဲ့ အစားအစာ ဖြစ်ပါတယ်။ ဒါကြောင့် ကြက်ဥနဲ့ ပက်သက်ပြီး သိသင့်တဲ့ အရာလေးတွေကို စာဖတ်သူများ အတွက်ရေး သားလိုက် ရပါတယ်။

ကြက်ဥဟာ မျက်လုံးအတွက် ကောင်းမွန်သော အစားအစာ ဖြစ်ရုံသာ မကဘဲ ခန္ဓာကိုယ် အတွက် ခွန်အား ကိုပါ ရရှိနိုင်ကြောင်း သိရပါတယ်။ ဒါ့အပြင် ကြွက်သားများကို သန်စွမ်းစေသော ဂုဏ်သတ္တိ ပါဝင်တာ

ကြောင့် အမျိုးသားများ အတွက် စားသင့်သော အစားအစာ တစ်ခုလို့ ဆိုရမှာပေါ့။
ဒါ့တင်မက သေးပါဘူး ကြက်ဥကို မနက်စာ အဖြစ် စားမယ်ဆိုရင် ဝိတ်ကို ကျစေနိုင်လို့ အရမ်းဝနေသော အမျိုးသား (သို့) အမျိုးသမီးများ ကြက်ဥကို မနက်စာ အဖြစ် စားသုံးပါလို့ အကြံပြု ပါရစေ။

ဒါ့အပြင် ခြေသည်း လက်သည်းများ အတွက်လည်း ကောင်းမွန်ပြီး အမျိုးသမီး ရင်သား ကင်ဆာ ကိုတောင် ကြက်ဥမှ ကာကွယ်ပေးနိုင်လို့ အမျိုးသမီးများ စားသင့် ပါတယ်။