ကြက်ဥခွံံရှာလကာရည် အသီးအပွင့် အားဆေး အလွယ်တကူ ပြုလုပ်အသုံးပြုနည်း
ကြက်ဥရှာလကာရည်၏ အကျိုး အာနိိသင်အသီးအပွင့်များအောင်မြင်စေပြီး အသီးနုပုပ်ခြင်း ၊ ကြွေကျခြင်း ၊ အရွက်နုများ နူခြင်း၊လိပ်ခြင်းတို့ကို ကာကွယ်ပေးပါသည်။
အသီးများကို ိအချိုဓာတ် ထူးကဲစြာ တိုးစေပါသည်။ထို့ကြောင့် သြဂဲနစ် တောင်သူများလက်စွဲထားသုံးစွဲသင့်သော သဘာဝ ပစ္စည်းစစ်စစ် ဖြစ်ပါသည်။
ကြက်ဥခွံအမှုန့်် ၁၀ ကျပ်သားကို
ရှာလကာရည်် ၁လီတာ
တွင်(၇)ရက်ကြာ စိိမ်ထားပါ
လေးဂါလံဆန့် ဆေးဖြန်းပုံး တစ်ပုံးတွင်ကြက်ဥရှာလကာရည် ၂၀၀စီစီီ ထည့်၍ ရေဖြင့်ရောစပ်အသုံးပြုနိိုင်ပါသည် ။
အပင်များပွင့်ဖူးစအချိန်မှ စတင်ပြီး ၁၀ရက်လျှင်တစ်ကြိမ်ဖြန်းပက်နိုင်ပါသည်။ထို့ကြောင့် တစ်ဧကလျှင်် ကြက်ဥခွံ ၁၀ ကျပ်သား ( သို့မဟုတ် ) ကြက်ဥရှာလကာရည် တစ်လီတာခန့် သုံးစွဲရန်သာလိုအပ်ပါသည်။
သဘာဝ ကြက်ဥခွံမှာတော့ ကယ်လ်စီယမ်ဓါတ် အများအပြားပါဝင်တဲ့ အပြင် အပင်အတွက် လိိုအပ်သော အခြားအာဟာရဓါတ်တွေဖြစ်တဲ့ မက်ဂနီစီယမ် , ဖော့စဖော့ရပ်စ် , ပိုတတ်စီယမ် တို့လည်း ပါဝင်ပါသည်။
ကြက်ဥခွံသည် အလွယ်တကူရရှိနိုင်ပြီး အိိမ်တွင် တောင်သူများကိိုယ်တိုင် အလွယ်တကူ ဆေးရည်ပြုလုပ်နိိုင်သည့်အပြင်
ကုန်ကျစရိိတ်လည်း သက်သာသောကြောင့် သြဂဲနစ် တောင်သူများ လက်စွဲထားအသုံးပြုသင့်သော သဘာဝ အသီးအပွင့်အားဆေး တစ်မျိုးဖြစ်ပါသည်။
စိုက်ပျိုးရေး နည်းပညာ