ကြမ်းပိုး အကိုက်ခံရရင်

Lifestyle
Spread the love

ကြမ်းပိုး လေးတွေက သေးငယ်ပြီး၊ အညိုရောင် ရှိတဲ့ အင်းဆက်အမျိုးအစားဖြစ်ပြီး လူတွေ နဲ့ တိရစ္ဆာန် တွေရဲ့သွေး ကို စုပ်ပြီး အသက်ရှင်ကြတာဖြစ်ပါတယ်။

သွေးစုပ်တာများလာရင် ခန္ဓာကိုယ် လည်းကြီးလာပြီး အနီရောင် ပိုသန်းလာပါတယ်။ အကိုက်ခံရတဲ့ နေရာတွေက လည်ပင်း၊ လက်၊ မျက်နှာနဲ့ လက်မောင်းတွေများပါတယ်။ ဒါကြောင့် ကြမ်းပိုး ကိုက်တဲ့ ဒဏ်ရာ တွေကို သက်သာပျောက်ကင်းစေမယ့် သဘာဝဆေးနည်းလေးကို ဝေမျှချင်ပါတယ်။

မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါ က အင်းဆက် တွေအကိုက်ခံရလို့ ယောင်ယမ်းတာတွေ ယားနာတာ တွေကို သက်သာ ပျောက်ကင်းစေပါတယ်။ ကြမ်းပိုးအကိုက်ခံလိုက်ရလို့ အရေပြားထဲဝင်သွားတဲ့ အဆိပ် ပြင်းအားလျော့ပြီး သက်သာအောင် လုပ်ဆောင်ပေးပါတယ်။ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၁ဇွန်းကို ရေလက်ဖက်ရည်ဇွန်း ၃ ဇွန်းနဲ့ ဖျော်လိုက်ပါ။ အဲ့ဒီ အရည် ကို အကိုက်ခံထားရတဲ့နေရာမှာ လိမ်းထားပြီး ၁၀မိနစ်ကနေ မိနစ် ၂၀ လောက် အခြောက်ခံထားပါ။ပြီးရင် ရေဆေးချလိုက်ပါ။

ရေခဲ

ရေခဲ က ကြမ်းပိုးကိုက်လို့ယားပြီး ယောင်နေတာတွေအတွက် အကောင်းဆုံးပါဘဲ။ သန့်ရှင်းတဲ့ မျက်နှာသုတ်ပုဝါ၊ အဝတ်သန့်သန့်တစ်ခုထဲကို ရေခဲ ၃တုံး၊၄တုံးလောက်ထည့်ပြီး ၁၀ မိနစ်ကနေ ၁၅ မိနစ်ကြားလောက် အကိုက်ခံရတဲ့နေရာကို ကပ်ပေးပါ။

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပက် က အကိုက်ခံရတဲ့နေရာကို သက်သာ ပျောက်ကင်းစေပြီး ယားနာခြင်းကိုလည်း သက်သာစေပါတယ်။ အထူးသဖြင့် အကိုက်ခံလိုက်ရလို့ အသားအရေမှာ အနီရောင်တွေ ယောင်ယမ်းတာတွေကို သက်သာစေမှာဖြစ်ပါတယ်။ ရှားစောင်းလက်ပတ် အရွက် ထဲက အနှစ်အနည်းငယ်ကိုထုတ်ပြီး ကိုက်ခံရတဲ့နေရာမှာ လိမ်းပေးပါ။ ခြောက်သွားရင် ရေဆေးချလိုက်ပါ။ တစ်နေ့ကို ၃၊၄ ခါလောက် လိမ်းပေးပါ။

သွားတိုက်ဆေး

အိမ်တိုင်းမှာတော့ သွားတိုက်ဆေး ရှိတာကြောင့် သွားတိုက်ဆေး ကိုလည်း ကြမ်းပိုးကိုက်တဲ့နေရာမှာ လိမ်းပေးထားလို့ရပါတယ်။ ကိုက်ခံရတဲ့နေရာကို သွားတိုက်ဆေး ၁၀ မိနစ်လောက်လိမ်းပေးပြီး ရေဆေးချလိုက်ပါ။

ပန်းသီး ရှာလကာရည်

ပန်းသီးရှာလကာရည် က ရောင်ရမ်းတာတွေလျော့စေပြီး ပွန်းပဲ့တာတွေ ယားတာတွေကိုလည်း သက်သာစေပါတယ်။ ပန်းသီးရှာလကာရည် ကို အကိုက်ခံရတဲ့နေရာကို လိမ်းပေးလိုက်ပါ။ ခြောက်သွားရင် ရေဆေးချလိုက်ပါ။ သက်သာသွားပါလိမ့်မယ်။

Leave a Reply

Your email address will not be published. Required fields are marked *