ကြွေးမြီကို မဆပ်ဘဲနေ့ရွှေ့ညရွှေ့အချိန်ဆွဲရာမှ ဒီလူကို မဆပ်လဲရတယ်ဆိုတဲ့ လူများဖတ်ရန်

Knowledge
Spread the love

သူတပါးကိုပေးရန်ရှိသည့်ကြွေးမြီကို မဆပ်ဘဲနေ့ရွှေ့ညရွှေ့ အချိန်ဆွဲရာမှ ဒီလူကို မဆပ်လဲရတယ်

သူက ငါ့ထက်ရှိနေပြီး အကြွေး တောင်းနေရသေးတယ် စတဲ့ အတွေးဝင်လာသောအခါ(သူ့ငွေသူရစရာရှိသဖြင့်တောင်းသူကို ငြိုငြင်စိတ်ဖြစ်မိသောအခါ)

မိမိအလုပ်အကိုင်လူမှူရေးနှင့်လာဘ်လာဘတို့လဲအလိုလိုအဆင်မပြေပြဿနာများရစရာများနှောင့်နှေးသထက်နှေးလာသည်ကိုတွေ့ရပေမည်။

မရှိလို့မပေးရာမှ…မပေးလို့မရှိ ဖြစ်လာစေမည်။ဒါ့ကြောင့်ကြွေးမြီရှိက ဆပ်ပါ။

မဆပ်နိုင်သေးက မသိချင်ယောင်ဆောင်ခြင်း ခေါင်းရှောင်နေခြင်းထက်ပြေလည်အောင်ရှင်းပြခြင်းအားနာတတ်သောခံစားမှုရှိခြင်း ခွဲဆပ်

ခြင်း တို့ တခုမဟုတ်တခု ရှိသင့်ပါတယ်။

ငွေမပေးနိုင်က ပစ္စည်းတခုခု နဲ့ အစား ထိုးမလားမေးသင့်ပါတယ်။

မိတ်ဆွေ…. အပေါ် ငြိုငြင်စိတ် ရှိပါ က…သင် ထိုအကြွေး တသက်လုံး မဆပ်နိုင်ပါ။

တသက်လုံး မဆပ်နိုင်သောအဓိပ္ပါယ်မှာ ထို အချိန် ကစသင် ဘယ်လိုကြိုးစား ကြိုးစားမပြေလည်တော့ပါနှင့် အတူတူ ပါဘဲ။

ခရက်ဒစ်