သွားချိုးတက်တာ၊ သွားမှာ ကျောက်တည်တာ၊ အာပုုပ်ဆော်နံတာတွေအတွက် သဘာဝသွားတိုက်ဆေး
အာပုပ်ဆော်နံံတာ၊ သွားမှာကျောက်တည်တာနဲ့ သွားချိုး (ဂျိုး) တက်တာတွေကို ပျောက်ကင်းစေမယ့် သဘာဝသွားတိုက်ဆေး
သွားနဲ့ခံတွင်း ကျန်းမာရေးက သိပ်ကို အရေးကြီးပါတယ်။ စကားပြောဆိုဆက်သွယ်ရမှာ ခံတွင်းနံ့ မဆိုးဖို့ လိုသလို အပြုံးချင်း ဖလှယ်ရာမှာ ယုံကြည်မှု ရှိဖို့လိုပါတယ်။
ဒီအတွက်် ဘယ်လိုသွားတိုက်ဆေးတွေ ၀ယ်ယူအသုံးပြုရမလဲလို့ တွေးနေပြီလား။ အဲဒီလို ကုန်ပစ္စည်းတွေ ၀ယ်စရာမလိုဘဲ သဘာဝပစ္စည်းလေးတွေနဲ့ သွားတိုက်ဆေး ပြုလုပ်နိုင်ပါတယ်။
ပါ၀င်ပစ္စည််း-
အုန်းဆီသန့်် စားပဲတင်ဇွန်း ၂ ဇွန်း၊ မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၃ ဇွန်း
ပြုလုပ်နည်း-
ပါ၀င်ပစ္စည််းနှစ်မျိုးလုံးကို သေချာ ရောမွှေလိုက်ပါ။ ပြီးရင် သွားတိုက်တံပေါ် တင်ပြီး သွားတိုက်ပေးပါ။ အဲဒီလိုတိုက်ရာမှာ လျှာကိုလည်း တိုက်ဖို့မမေ့ပါနဲ့။
မုန့်ဖုတ်ဆိိုဒါကြောင့် သွားတွေကို ဖြူဖွေးစေမှာဖြစ်ပြီး သွားချိုး (ဂျိုး) တွေကို ပျောက်ကင်းစေပါတယ်။
အုန်းဆီီမှာပါတဲ့ Antimicrobial အစွမ်းကြောင့် လျှာပေါ်မှာရှိတဲ့ ဘက်တီးရီးယားတွေကိို သေစေမှာပါ။ ဒါ့ကြောင့်် အာပုပ်ဆော်နံတာကို ပျောက်ကင်းစေပါတယ်။