လူတိုင်း ချမ်းသာ လိုကြသည်။ သို့သော် လုပ်သူတိုင်း စီးပွားမဖြစ်ပေ။ ချမ်းသာလိုပါက….
က။ လောကုတ္တရာ စည်းကမ်း
ခ။ လောကီစည်းကမ်း … နှစ်ရပ်ကို လိုက်နာရန် လိုအပ်သည်။
က။ လောကုတ္တရာ စည်းကမ်း
၅ပါးသီလ လုံရမည်။ အထူးသဖြင့် (မုသာဝါဒ-လိမ်ညာပြောဆိုခြင်း) လုံပါစေ။
ဈေးနှုံးကိုမေးလျင် ရောင်းနိုင်မည့်ဈေးကိုသာပြောပါ။စကားအပိုမပြောရ။
အချို့က လိမ်ညာပြီး မိမိ ဝယ်ဈေး ကို မြှင့် ပြောသည်။ အချို့က ကျိန်တွယ်ပြီး
(မောင်ကြီးနှမ ကျားကိုက် သေရပါစေရဲ့) ဟု လိမ် ညာ ပြောသည့် အပြင် ကျိန်တွယ် တတ်ကြ၏။
မိမိ ရရှိသော အမြတ် မှ (၅%) ကို အိမ်ရှိ မြတ်စွာဘုရား (ဆွမ်း၊ ဆီမီး၊ ပန်း၊ ရေချမ်း) အတွက် လှုဒါန်းရန် သုံးပါ။
မိ မိ ရရှိသော အမြတ် မှ (၁၀%) ကို သံဃာတော်များ အတွက် လှုဒါန်းရန် သုံးပါ။ မိမိ ရရှိသော အမြတ် မှ
(၁၀%) ကို လူ တိရစ္ဆာန် များ အတွက် လှုဒါန်းရန် သုံးပါ။
ခ။ လောကီ စည်းကမ်း
ရသေ့ကြီး ဦးခန္တီ၏ (ငွေဝင် ဂါထာ) ကို နေ့စဉ် ရွတ်ပါ။ တနင်္လာနေ့ မနက် (သို့)
ညနေ (၇) နာရီ ခန့်တွင် ခွေးများကို (ကြွေ ပုဂံ ) အပေါ်တွင် ငါးကြော် တင်ပြီး (ထမင်း မပါဘဲ) ကျွေးပါ။
မိမိ ကံဇာတာ တက်မည့် အချိန်ကို ကျွမ်းကျင်သူ များအား မေးပါ။ ကံမြင့်ချိန်တွင် တက်ကုန်၊ ရွက်ကုန် ဖွင့် လှော်ခတ် ပါက စီးပွားဖြစ် အလွန် မြန်မည်။
မှတ်ချက်။ အချိန်ရက တက်ကုန်၊ ရွက်ကုန် ဖွင့် လှော်ခတ်ရမည့် အချိန် ကို (၇) ရက် သားသမီးအတွက် ဖော်ပြ ပေးပါမည်။ ကျယ်ဝန်း လှသည်။
ထို စည်းကမ်း (၂)မျိုး ကို လိုက်နာပြီး ရရှိသော ဒါန ကုသိုလ် အကျိုးကို လူ နတ် ဗြဟ္မာများအား
ညစဉ် ပုံမှန် (၉) နာရီ တွင် အမျှ ပေးဝေပါ။ (၈)နှစ် အတွင်း ချမ်းသာ စေရပါမည်။
စေတနာမှန်ဖြင့်
(ဦးဖိုးနီ)