ခိုစာကျွေးတဲ့သူတွေ၊ အိမ်မှာ ခိုအသိုက် ရှိတဲ့အိမ်တွေ သတိထားကြပါ

Knowledge Lifestyle
Spread the love

အိမ်မှာရေချိုးပြီးရင် ယားပြီ အိပ်ဖို့ ကုတင်ပေါ်မှာ ခဏလေးလှဲလိုက်တာနဲ့ အသားကုန်ယားလို့ တရားခံရှာတာ ခိုသန်းတွေ သွားတွေ့တယ်။

အဲ့ကောင်တွေကိုရှင်းတာ ခြင်ဆေးတွေလည်း တံဆိပ်စုံနေပြီ။ ဖြန်းတာ ဖြန်းတုန်းခဏပဲ ပြီးရင်ပြန်ယားပြီ။ နောက်ဆုံး အပြင်းစားပိုးသတ်ဆေးတစ်မျိုးပဲ ဖြန်းဖို့ကျန်တော့တယ်။

အဲ့ဆေးလည်း မဖြန်းချင်လို့ Google မှာစာဝင်ဖတ်ကြည့်တာ အဲ့ကောင်တွေက Alcohol တို့ Ethanol တို့တောင် 75% ပြင်းအားရှိမှ သေတယ်တဲ့။

ဒီနေ့တော့ အဲ့ကောင်တွေကို ဘယ်လိုမှ သည်းမခံနိူင်တော့လို့ Methyl Ethanol 99% ကိုရေမွှေးအဆီ နည်းနည်းရောပြီး ဖြန်းချလိုက်တာ အဲ့ကောင်တွေ ထိတာနဲ့ ရှောပဲ။

ခိုသန်းတွေ ခုန်တာ ဘယ်လောက် ဝေးဝေးရောက်လည်းဆိုရင် မွေ့ယာကိုနံရံနဲ့ တစ်ပေကျော်ခွာပြီး ထောင်ထားတာတောင် မွေ့ယာကနေ နံရံကို ရောက်အောင်ခုန်တယ်။

ခးပေါ်လည်းခုန်တက်ပြီး အပီကိုက်တာဆိုတာ ခိုသန်းထူးခြားချက်က မျက်စိနဲ့ သေချာကြည့်မှ မြင်ရတယ် အကောင်အရမ်းသေးတယ်။

အရောင်က အဖြူရောင်လေး အဲ့ကောင် လူကိုကိုက်ထားပြီးရင် ဘယ်လောက်မြဲလည်းဆို Hand Spray တွေ Hand Gel တွေနဲ့ လက်ကို အသားကုန်ပွတ်လည်း မကွာဘူး။ ဆပ်ပြာနဲ့ ရေချိုးချတောင် မကွာကျဘူး။

အဲ့ကောင် ကွာကျချင်ရင် ကိုက်ထားလို့ အဖုထွက်နေတဲ့နေရာကို Calamine တို့ Mezincal တို့နဲ့ ပွတ်ချမှ ကွာကျတယ် ရေလည်ကြောက်ဖို့ကောင်းတယ် ။

အိမ်နားမှာ ခိုစာကျွေးတဲ့နေရာရှိတာတို့ ဝရံတာမှာ ခိုအသိုက်လာဆောက်တာတို့ဆို သတိသာထားတော့ ခိုတွေမှာ သန်းရှိတယ်။ အဲ့သန်းကအရမ်းဆိုးတယ်။

ခိုသန်း ကိုက်ခံရပြီဆို မခံနိုင်အောင်ယားတယ် ရုတ်တရက်ကြည့်ရင် ပုရွတ်ဆိတ်ကိုက်သလိုလို ဓာတ်မတည့်ရင်ဖြစ်သလိုလို အရေပြားမှာ အနီစက်တွေ အဖုတွေ ထွက်လာတယ်။

အဲ့လိုဖြစ်ပြီဆို အိမ်မှာကလေးရှိရင် ကလေးတွေ အိမ်အပြင်ခဏထွက်ခိုင်းပြီး Alcohol 99% ကို Spray ဗူးထဲထည့်ပြီး တစ်အိမ်လုံး ဗျင်းပေတော့ အဲ့ကောင်တွေက ရမ်းလည်တယ်။

ခုန်တာ အရမ်းမြန်တယ် မျက်စိနဲ့မြင်ဖို့မလွယ်ဘူး သူ့အရေခွံက ရမ်းထူတယ် မာလည်းမာတယ်။ တော်ရုံဆေးနဲ့ ဖြန်းလည်းမသေဘူ။း ခိုသန်းမြင်ဘူးတယ်ရှိအောင် ပြမယ် သေချာကျိကြ။

မေတ္တာဖြင့် ပြန်လည် မျှဝေပါသည်။Credit မူရင်းရေးသားသူ

Leave a Reply