ခေါင်းမူး ခေါင်းကိုက် စိတ်မကြည်ခြင်းအတွက် အလွယ်လုပ် ဆေးဖက်ဝင် စပါးလင် ရေနွေးကြမ်း

Knowledge Lifestyle
Spread the love

ခေါင်းမူး ခေါင်းကိုက် စိတ်မကြည်ခြင်းအတွက် အလွယ်လုပ် ဆေးဖက်ဝင် စပါးလင် ရေနွေးကြမ်း

ခေါင်းမူး ခေါင်းကိုက် ခေါင်းမကြည်ခြင်းအတွက် ဆေးဖက်ဝင် စပါးလင် ရေနွေးကြမ်းဟင်းချက်ရာမှာ ထည့်သုံးဖို့ စပါးလင်ကို ဈေးကဝယ်လာပြီးသောအခါ အပေါ်ပိုင်းကို ဖြတ်ပြီး လွှင့်ပြစ်လိုက်တတ်ကြတာ အများစုပါ။ နောက်ဆို မလွှတ်ပြစ်ပဲ ဒီလိုလေးစမ်းကြည့်ပါ။ ဖြတ်ထားတဲ့ အပေါ်ပိုင်းကို ရေသေချာဆေး၊ ခေါက်တုံ့လေးစုပြီး ချည်လိုက်ပါ။

ရေနွေးပွက်ပွက်ဆူ တစ်အိုးထဲ ပုံမှန်အတိုင်း လက်ဖက်ခြောက်ခပ်ပြီးရင် ချည်ထားတဲ့ စပါးလင်ကိုထည့်ပါ။ ရေနွေးတစ်အိုးဆိုရင် စပါးလင်တစ်ချောင်းဆို လုံလောက်တယ်။ ဒီထက်ပိုထည့် တာကိုကြိုက်လဲ ပိုထည့်ပေါ့။ လက်ဖက်ခြောက်ကျပြီဆိုရင် ရေနွေးပူပူလေးကိုမှုတ်ပြီးသောက်၊ စပါးလင်နံ့ မွှေးမွှေးလေးနဲ့ ခံတွင်းလဲ ရှင်းတယ်။ တော်ယုံ ခေါင်းမူး ခေါင်းကိုက် စိတ်မကြည်လင်တာတွေလဲ ပျောက်တယ်။ ကျွန်တော်တော့ သိပ်ကြိုက်တယ်။ မကြာခဏ လုပ်သောက်ဖြစ်တယ်။

အဲ့လိုပဲ စပါးလင်နေရာမှာ ကွမ်းရွက်တွေ ကွမ်းရိုးတွေကို သေချာရေဆေးပြီး ခပ်သောက်ကြည့်၊ အဲ့ဒါလေးလဲ တစ်မျိုးသောက် ကောင်းတယ်။ အားလုံးပဲ ကျန်းမာရွှင်လန်းကြပါစေ။သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအားလုံး အားလုံးအား လေးစားလျှက်ပါ။