ညအိပ်ခါနီးခေါင်းလျှော်ပြီး ဆံပင်ရေမခြောက်ဘဲ ရေစိုကြီးနဲ့အိပ်ရာဝင်တာက ကျန်းမာရေးနဲ့အလှအပအတွက် လုံးဝမကောင်းပါဘူး ။
အထူးသဖြင့် အမျိုးသမီးတွေအတွက်ပါ။ ဆံပင်ရေစိုကြီးနဲ့ ဘာလို့အိပ်ရာမဝင်သင့်လဲဆိုတော့ ဒီလို ဆိုးကျိုးတွေကြောင့်ဖြစ်ပါတယ်။
(၁) ဦးရေပြားကိုထိခိုက်စေခြင်း
ဆံပင်ရေစိုကြီးနဲ့အိပ်ရာဝင်လိုက်တဲ့အခါ ဦးခေါင်းရဲ့အပူချိန်နဲ့ပေါင်းစပ်ပြီး ဘက်တီးရီးယားတွေပေါက်ဖွားနိုင်ပြီး ဦးရေပြားယားယံခြင်း၊ အနံ့အသက်ဆိုးတွေထွက်ခြင်းကိုဖြစ်စေတဲ့အပြင် ကြာလာတဲ့အခါ ဦးရေပြားမှာ အနာတွေဖြစ်လာနိုင်ပါတယ်။
(၂) ဆံပင်တွေကိုခြောက်သွေ့ကျိုးကြေစေခြင်း
ဆံပင်သားတွေက ရေစိုနေချိန်မှာ ပိုပြီး ပျက်စီးလွယ်ပါတယ်။
ဆံပင်မခြောက်ဘဲ အိပ်ရာဝင်လိုက်တဲ့အခါ ဆံသားတွေကို ဖိချေလိုက်သလိုဖြစ်စေတာကြောင့် ဆံပင်တွေကို ခြောက်သွေ့ကျိုးကြေစေပြီး ဆံပင်တွေဖွာစေပါတယ်။
(၃) ခေါင်းကိုက်စေခြင်း
ခေါင်းရေမခြောက်ခင် အိပ်လိုက်တဲ့အခါ ရေရဲ့အအေးဓာတ်နဲ့ ခန္ဓာကိုယ်အပူချိန်ကြောင့် ဦးခေါင်းပိုင်းကသွေးကြောတွေကို ကျုံ့စေပြီး ခေါင်းကိုက်စေပါတယ်။
ဒီလိုမကြာခဏဖြစ်တဲ့အခါ လေဖြတ်တဲ့အထိဖြစ်စေနိုင်ပါတယ်။
(၄) ဆံပင်အဖျားနှစ်ခွကွဲခြင်း
ဆံပင်မခြောက်ဘဲအိပ်လိုက်တဲ့အခါ ဆံပင်တွေကိုဖိချေလိုက်သလိုဖြစ်စေပြီး ဆံပင်အဖျားတွေကို ခြောက်သွေ့ကွဲအက်စေကာ အဖျားနှစ်ခွတွေဖြစ်စေပါတယ်။
(၅) မျက်နှာနဲ့လည်ပင်းအသားအရေကိုထိခိုက်စေခြင်း
ဆံပင်ရဲ့အစိုဓာတ်က ခေါင်းအုံးကိုပါစိုထိုင်းစေပြီး ဘက်တီးရီးယားနဲ့မှိုပေါက်ဖွားမှုကိုဖြစ်စေကာ မျက်နှာနဲ့လည်ပင်းအသားအရေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။
ဒါကြောင့် ဘယ်လောက်ပဲအချိန်မရဖြစ်နေပါစေ၊ ခေါင်းလျှော်ပြီး ဆံပင်ရေစိုနဲ့တော့ အိပ်ရာမဝင်လိုက်ပါနဲ့လို့ သတိပေးချင်ပါတယ်။