ခေါင်းအရမ်း ကိုက်လို့ ဆရာဝန်ဆီ ကို သွားပြရာ မှ သိလိုက် ရတဲ့ သတိထားစရာတစ်ခု

Knowledge
Spread the love

ဂွမ်းနားကြပ်တံတွေ အသုံးပြုပြီး နာဖာချေးကလော်ခဲ့ တဲ့ ၃၁ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ NOE (Necrotizing Otitis Externa) လို့ခေါ်တဲ့ ဦးခေါင်းခွံမှာ ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ ရောဂါ တစ်မျိုး ဖြစ်ပွားခဲ့ပါတယ်။ထိုအမျိုးသားဟာ Britain နိုင်ငံမှ ဖြစ်ပါတယ်။

သူဟာ ဒီဘက်တီးရီးယား ရောဂါပိုးကြောင့် ဦးခေါင်းခွံမှာ ထိခိုက်ခဲ့ပြီး သတိမေ့ခြင်း၊ အပြင်းအထန် ခေါင်းကိုက်ခြင်း စတဲ့ ဝေဒနာတွေ ခံစားရတာကြောင့် ဆေးရုံသို့ ရောက်ခဲ့ပါတယ်။ထို့နောက် ဆရာဝန်တွေက သူ့ဆီမှာ NOE ဘက်တီးရီးယား ရောဂါကို တွေ့ခဲ့တာ ဖြစ်ပါတယ်။

ထိုအမျိုးသားဟာ နားကြပ်တံတွေကို အသုံးပြုခဲ့တာကြောင့် သူ့ရဲ့ နားရွက် အတွင်းထဲမှာ နားကြပ်တံ ဂွမ်းစများစွာ ပိတ်နေတာကို ဆရာဝန်တွေက စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ထို့နောက် အဲ့ဒီနေရာ မှာ ဘက်တီးရီးယား ရောဂါပိုးများ ဝင်ရောက်ခဲ့ပြီး နားပြွန်တစ်လျှောက်မှ တစ်ဆင့် ဦးခေါင်းခွံ အတွင်းထဲထိ ပျံ့နှံ့သွားခဲ့ပါတယ်။ သူဟာ ရောဂါဖြစ်‌နေမှန်း မသိခင် အထိ အချိန် ၅ နှစ်ကျော်နီးပါးလောက် ရောဂါလက္ခဏာနာတွေကို ခံစား‌နေခဲ့ရပါတယ်။

ဆေးရုံရောက်တဲ့အချိန် မတိုင်ခင်ထိ ထိုအမျိုးသားဟာ သူ့ကို အော့အန်စေလောက်တဲ့ အပြင်းအထန် ခေါင်းကိုက်ဝေဒနာ နဲ့ ဦး‌နှောကိအာရုံကြောနဲ့ဆိုင်တဲ့ လက္ခဏာတစ်မျိုးဖြစ်တဲ့ လူတွေရဲ့ အမည်များကို မေ့လျော့ခြင်း အစရှိတာတွေကို ကြုံတွေ့ခဲ့ရပါတယ်။ ထိုအမျိုးသားရဲ့ ဦးနှောက်ကို CT Scan ရိုက်ကြည့်လိုက်တဲ့အခါမှာတော့ သူ့ရဲ့ ဦးခေါင်းခွံ အောက်ခြေနားမှာ ပြည်တည်နာ‌ တွေ ဖြစ်ပွားနေတာကို တွေ့ရှိရပါတယ်။NOE ရောဂါ၏ တခြားသော လက္ခဏာများမှာ နားမှ တစ်ဆင့် အနံ့ဆိုးသော စိမ်း၊ ဝါညစ်ညစ် အရည်များ ယိုကျခြင်း၊ လှုပ်ရှားတိုင်း နားနာခြင်း၊ နားပြွန်အတွင်း၌ အဆက်မပြတ် ကိုက်ခဲခြင်း နှင့် အကြားအာရုံ ချို့တဲ့ခြင်းတို့ ဖြစ်ပါတယ်။ ကံကောင်းစွာနဲ့ပဲ ထိုအမျိုးသားဟာ အသေးစားခွဲစိတ်မှု ပြုလုပ်ကာ ကော်တွန် ဂွမ်းစ တွေကို ဖယ်ရှားပြီး ပင်နီဆီလင် ပဋိဇီဝဆေးများနှင့် ရက်သတ္တပတ် ၂ ပတ်ကြာအောင် ကုသမှု ခံယူပြီးနောက် အပြည့်အဝ ‌ပြန်ကောင်း မွန်ခဲ့ပါတယ်။

ဒီ ဖြစ်စဉ်ဟာ သင့်ရဲ့ နားတွေကို အညစ်အကြေးတွေ နဲ့ အမြဲညစ်ပတ်ပြီး နာဖာချေးတွေကို သန့်ရှင်းရေး မလုပ်ရ ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ NHS ကျန်းမာရေး အဖွဲ့ရဲ့ ဝဘ်ဆိုဒ်မှ အဆိုအရ သင့်ရဲ့ နား အတွင်းထဲကို လက်ချောင်းများနဲ့ ‌ဒါမှမဟုတ် နားကြပ်တံ ကဲ့သို့ အရာဝတ္ထုများ အစရှိတာတွေကို နာဖာချေး ကလော်ဖို့ အတွက် အသုံးမပြုသင့်ပါဘူး။

ဒါတွေကြောင့် နားအတွင်းထဲကို ပို၍ တွန်းပို့သလို ဖြစ်ပြီး ပိုဆိုးရွား‌နိုင်ပါတယ်။နားကြပ်တံတွေကို အသုံးပြုရင်တောင် နားပြွန် အတွင်းထဲထိ ထိုးထည့်ပြီး သန့်ရှင်းရေးမလုပ်သင့်ပါဘူး။ အပြင်ပိုင်း နေရာများ ကိုသာ ရေနွေးနွေးနှင့် စိုစွတ်တဲ့ အဝတ်စများ နဲ့ သုတ်ပြီး သန့်စင်နို င်ပါတယ်။