ချစ်သူက စနေ သားသမီးလေးဆိုရင် သိထားသင့်တဲ့ အချက်များ
စနေသားသမီးတွေဆိုတာ
သူတို့တွေက လူ့ဘဝကို စရောက်ပီ ဆိုကတည်းက စိတ်ကြီးတတ်ကြပါတယ်။ ဒေါသဖြစ်ပီ ဆိုရင်လည်း အရာဝတ္ထုတခုခုနဲ့ ကိုယ့်အသားကို နာကျင်အောင် လုပ်တတ်တယ်။
ပြောချင်တဲ့စကားကို သွယ်ဝိုက် မပြောတတ်ဘဲ တိုက်ရိုက် ပွင့်ပွင့်လင်းလင်း ပြောတတ်တယ်။ အစွဲအလန်း ကြီးတယ်။
အမှတ်တရတွေကို သတိရနေတတ်တယ်။ ကိုယ့်အပေါ် ကောင်းတဲ့လူဆိုရင် လွယ်လွယ်နဲ့ မမေ့တတ်ကြဘူး။
ဒေါသကြီးရင်လည်း သူများနဲ့ မတူအောင်ပါပဲ။ စိတ်ကြီးတယ် မဟုတ်မခံတတ်ဘူး။ အချိန် ခနလေးနဲ့ ဒေါသအရမ်း ထွက်တတ်ပေမဲ့ ဟုန်းခနဲ ထတောက်တဲ့ မီးလို ဒေါသတွေက ခနပဲ။ ကြာကြာတော့ စိတ်ထဲမထားတတ်ဘူး။ ကိုယ့်ရှေ့မှာ သတ္တဝါတွေမြင်ရင် ချစ်တတ်တယ်။ သနားတတ်တဲ့ စိတ်ထားရှိကြတယ်။ မျက်နှာတည်ပီး ရင်ထဲမှာတော့ တကယ်ခင်တတ်တဲ့ စိတ်ထား အပြည့်အဝ ရှိတယ်။
အနေအေးပေမဲ့ ကိုယ့်ကို လာခင်တဲ့ လူတွေနဲ့ဆို ဖော်ရွေစွာ နေတတ်ပါတယ်။ သူငယ်ချင်းတွေရဲ့ အချစ် ခင်မင်မှုတွေကိုလည်း လိုချင်ကြတယ်။
မိသားစုတွေရဲ့ ဂရုစိုက်မှုကိုလည်း ခံချင်ကြတာလည်း စနေပါ။ စိတ်ဆိုးနေရင် မျိုသိပ်မထားတတ်ဘူး ဖွင့်ပြောမိတတ်တယ်။
ပြောပီးရင်လည်း အကြောင်းတခုကို အပြန်ပြန်အလှန်လှန် စဉ်းစားတတ်ပီး စိတ်မကောင်း ဖြစ်နေတတ်တာလည်း စနေပါဘဲ။
ချစ်သူနဲ့ဖြစ်ဖြစ် သူငယ်ချင်းနဲ့ပဲဖြစ်ဖြစ် ရန်ဖြစ်ပီး မခေါ်ကြရင် ကိုယ်က ဘယ်တော့မှ အရင်စ မခေါ်ချင်ကြဘူး မာနအိုးတွေပါ။
သူ့ဘက်က စခေါ်ပီဆိုရင်လည်း သူ့ထက် 2 ဆ ခင်မင်ပြတတ်တယ်။ ခင်ရတဲ့သူတွေကို ကိစ္စတွေတိုင်း မပြောပြတတ်ဘူး။
အချို့သော အရာတွေကို လျှို့ဝှက်ထားတတ်တယ်။ ကိုယ်လုပ်တဲ့ ကိစ္စတွေတိုင်းကို လက်ကြောတင်းအောင် အကောင်းဆုံး လုပ်ကြပါတယ်။
ကိုယ်လုပ်ထားတဲ့ အရာတွေကို အကောင်းပြောလည်း ခံချင်ကြပါတယ်။
သီချင်းတွေ ဒဏ္ဍရီစိတ်ကူးယဉ် ဆန်ဆန်တွေကို နှစ်သက်ကြတယ်။
တခါတလေ တယောက်ထဲရှိရင် သီချင်းတွေ ညည်းနေတတ်တယ်။ အိမ်မက်တွေကိုလည်း အမျိုးမျိုးအထအန ကောက်တတ်ကြတယ်။
အမျှော်အမြင်ကြီးတယ် တိုးတက်ချင်တဲ့ စိတ်တွေ အင်မတန် ရှိတယ်။ စိတ်သဘောထား ကောင်းတတ်ကြတာ စနေပါ