အဆင့် ၁။ အရူးအမူးဖြစ်ကြတဲ့ အဆင့်
ဒါကတော့ချစ်သူတိုင်းကြုံတွေ့ရတဲ့ ပထမဦးဆုံး အဆင့်ပါ။ဒီအဆင့်မှာ ချစ်သူတွေဟာ တစ်ယောက် ကို တစ်ယောက် အရမ်းဆွဲဆောင်ကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်အပြစ်မမြင်ကြဘဲ ကိုယ့်ချစ်သူ ရဲ့ကောင်းကွက်တွေပဲ ကွက်မြင်ကြတဲ့ အဆင့်ပေါ့။
အဆင့် ၂။ နားလည်မှုရလာတဲ့ အဆင့်
ဒီအဆင့်မှာတော့ တစ်ယောက်အကြောင်းတစ်ယောက်ပိုသိလာကြပြီ။ ညဘက်တွေဆို ချစ်သူနဲ့ ဖုန်းတွေအ ကြာကြီးပြောမယ်။ မိသားစုအကြောင်းတွေ၊ ရည်းစားဟောင်းအကြောင်းတွေ၊ လျို့ဝှက်ချက်တွေ အကုန်ပြောမယ်။ပြီးရင် ချစ်သူဆီကလာတဲ့ မက်ဆေ့ချ်တိုင်းကကိုယ့်အတွက် ချိုမြိန်နေ မယ်။ ပျော်ရွင်စရာအ ချိန်လေးတွေပေါ့။
အဆင့် ၃။ အနှောင့်အယှက်ဝင်တဲ့ အဆင့်
ဒီအဆင့်ရောက်တဲ့အခါမှာတော့ ပြသနာလေးတွေနည်းနည်းစလာပြီ။ကိုယ့်ချစ်သူနဲ့ ပထမဦးဆုံးရန်စဖြစ် ကြတဲ့အချိန်လေးတို့၊ စကားများပြီး စိတ်ကောက်ကြတဲ့အချိန်လေးတို့ကို ပြန်မြင်ယောင်ကြည့်ပေါ့။ ဒါပေမယ့် အဲ့အနှောင့်အယှက်လေးတွေက လွယ်လွယ်နဲ့ပြီးသွားတာလေးတွေပါပ ဲ။
အဆင့် ၄။ ပုံသွင်းတဲ့ အဆင့်
ဒီအဆင့်မှာကတစ်ယောက်နဲ့တစ်ယောက်အကျင့်စရိုက်လေးတွေကို ဟိုဟာလေးပြင်သင့်တယ်၊ ဒီဟာတော့ မလုပ်ရဘူးလို့ပြောလာပြီ။ ချုပ်ချယ်တာတွေ၊ ဆုံးမတာလေးတွေ လုပ်လာပြီပေါ့။ အဲ့လိုဖြစ်လာပြီဆိုရင် ကိုယ့်ချစ်သူက စိတ်ညစ်လာတာပဲဖြစ်ဖြစ်၊ နှစ်ယောက်ကြားကအချစ်က အရှိန်မြင့်လာတာ ပဲဖြစ်ဖြစ်၊ အကျိုးသက်ရောက်မှုလေးတော့ စရှိလာပြီ။
အဆင့် ၅။ ပြန်လည်ကြည်နူးခြင်းအဆင့်
ဒီအဆင့်ရောက်ရင်တော့ အခြေအနေတော်တော်လေးကောင်းလာပြီ။ ပြီးတော့ တော်တော်များများကို လည်း ဖြတ်ကျော်ပြီးသွားပြီဆိုတော့ ကိုယ့်ချစ်သူနဲ့ တော်တော် အဆင်ပြေသွားပြီ။ဘယ်တော့မှ မခွဲတော့ ဘူးတို့ ဘာတို့ စပြောတဲ့အချိန်ပေါ့။
အဆင့် ၆။ ဂြိုလ်ဆိုးဝင်တဲ့ အဆင့်
ဒီအချိန်မှာတော့ သံသယတွေ၊ ပြသနာပေါင်းစုံတွေစလာပြီ။နည်းနည်းလေးမတွေ့ရလိုက်တာနဲ့ ဘေး လူတွေကပြောတဲ့ ကိုယ့်ချစ်သူရဲ့ မဟုတ်တဲ့အကြောင်းတွေကြားပြီး ရန်တွေအကြီးအကျယ်ဖြစ်ပြီ။ ဒီအဆင့်မှာ တတိယလူဝင်လာတာတွေရော၊ မိဘရဲ့ နှောင့်ယှက်မှုတွေရော၊ သူငယ်ချင်းတွေက အမြင်မကြည်ခံရတာတွေရော၊ အကုန်ပါလာပြီ။အခန့်မသင့်တာနဲ့လမ်းခွဲရနိုင်တဲ့အဆင့်ပေါ့။
အဆင့် ၇။ တည်ငြိမ် ရင့်ကျက်သွားတဲ့ အဆင့်
ဒါကတော့ ချစ်သူတို့အတွက် အကောင်းဆုံးအဆင့်ရောက်သွားပြီလို့ပြောရမ လားပဲ။ ဒီအဆင့်ရောက် လာပြီဆိုရင် တော်တော်လည်း နှစ်ယောက်စလုံးရဲ့အချစ်ကတည်ငြိမ်သွားပြီ၊ ပြသနာတွေဝင်လာရင်လည်း တစ်ယောက်ယောက်က တောင်းပန်လိုက်တာနဲ့ ချက်ချင်းအဆင်ပြေသွားကြပြီ။ ဘာအခက်အခဲတွေ လာလာ ရင်ဆိုင်နိုင်သွားကြပြီပေါ့။ ဒီအချိန်မှာတော့ ချစ်သူနှစ်ဦးဟာ လွယ်လွယ်နဲ့မပြတ်ကြတော့ပါဘူး။
ကဲ အဲ့ဒီအဆင့်လေးတွေကိုဖတ်ပြီးရင် ကိုယ့်ကိုယ်ကို အခုဘယ်အဆင့်မှာ ရောက်နေလဲဆိုတာကို
သတိထားပြီးချစ်သူနဲ့ အတူတူလက်တွဲကျော်ဖြတ်နိုင်အောင်ကြိုးစားပေါ့။
ပြီးတော့ ဒီအဆင့်လေးတွေကို လှေကားထစ်လေးတွေလို့ သဘောထားပြီး ချစ်သူတိုင်း မျှော်လင့် တဲ့ ပျော်ရွင်ကြည်နူးဖွယ်ရာ အချစ်ဘဝလေးကို ရောက်အောင်သွားနိုင်ကြပါစေ။ ပြသနာတွေတော့ရှိမှာပဲ၊ အဖုအထစ်လေးတွေတွေ့မှာပဲ။ ဒါပေမယ့် ကိုယ့်ချစ်သူနဲ့အတူတူအချစ်သစ်ပင်လေး ကို စိမ်းလန်းစိုပြေအောင်ထားနိုင်သရွေ့တော့ အရာအားလုံးအဆင်ပြေ ချောမွေ့နေမှာပါ။ ။