ချူံမြင်တိုင်း တိုးချင် နေကြတဲ့ ချစ်သူ စုံတွဲများ ဖတ်ကြည့်ပေးပါ သူတို့ ဖတ်ရအောင် ရှဲပေး လိုက်ကြပါ
မောင်တို့ .. မယ်တို့ .. အနေနဲ့ လူငယ် သဘာဝ ချိန်းဆို တွေ့ဆုံခွင့် အပြည့်အဝ ကိုယ်စီ ရှိပါတယ်။ ဒါပေမဲ့ ကိုယ်ချစ်ရတဲ့ သူကို လူသူ အသွားအလာ ပြတ်တဲ့ ချုံကြို ချုံကြား နေရာတွေမှာ ခေါ်မသွား သင့်ဘူး။
ချုံတိုးပြီး ချိန်းတွေ့တဲ့ စုံတွဲ အချစ်က ချုံတိုး စုံတွဲအချစ်ဘဲ ဖြစ်မယ်။ ကိုယ့်ချစ်သူ ကို ကိုယ်တန်းဖိုးထား မြတ်နိုးရာ မရောက်ဘူး။
အချစ်အကြောင်းကို စဉ်းစား လာကြပြီ ဆိုရင် လူကြီးလူကောင်း ဆန်ဆန် အိန္ဒြေရရ ချိန်းတွေ့ ကြပါ။ ရပါ၏။
နောက်ပြီး မောင်တို့ မယ်တို့ဟာ .. တိုင်းပြည်ရဲ့ အနာဂတ် ကြယ်ပွင့်များ ဖြစ်တာ ကြောင့် အခု ကတည်းက အဆင့်အတန်း ရှိရှိ တွေးခေါ် မျှော်မြင် တတ်တဲ့ အလေ့အထ ကောင်းများကို မွေးမြု လေ့ကျင့်ကြ ရမယ်။
ကိုယ့်ဆန္ဒ တခုတည်းကို ရှေ့တန်းတင်ပြီး ချုံတိုးလို့ ချိန်းဆို တွေ့ကြတဲ့ အတန်းအစား ထဲမှာ မောင်တို့ မယ်တို့ မပါစေ ချင်ဘူး။
ချုံတိုးပြီး စုံဖက်သွားတဲ့ အတွဲ ဆိုတာ ဘယ်တော့မှ တည်တန့် သွားတယ် ဆိုတာ မရှိ ပါဘူး..။ ဘာကြောင့်လဲ ဆိုတော့ … နှစ်ဦး နှစ်ဘက် စလုံးဟာ ချုံမြင်လျင် တိုးချင် ကြလို့ဘဲ ဖြစ်တယ်။
အဲ့ဒီလို ချုံမြင်တိုး စုံတွဲတွေကို ပစ်မှတ်ထားပြီး လူသတ် လုယက်နေတဲ့ ဒုစရိုက် သမားများ ရှိနေတယ်။
တက္ကသိုလ် စုံတွဲများကို ဓားထောက် တိုက်ခိုက်ပြီး ပစ္စည်း လုယက်မှု များကြောင့် ကျောင်းသား အချို့ အသက် ဆုံးရှုံးခဲ့ရတဲ့ ဖြစ်စဉ်တွေ အများအပြား ရှိပါတယ်။
အသက်မသေ ဘဲ နာကျင် ဒဏ်ရာ ရခဲ့တဲ့ စုံတွဲများ ကတော့ မကြာ မကြာဘဲ
တချို့စုံတွဲတွေဆို အသက် ဆုံးခဲ့တယ် တချို့ စုံတွဲများ ကတော့ ပစ္စည်းတွေ ပါပြီး လူတွေက နာလို့ ကျန်ခဲ့တယ်..။
မောင်တို့ … မယ်တို့သာ ချုံမတိုးဘူး ဆိုရင် ဒီလိုပြသနာက ဖြစ်လာစရာ အကြောင်း မရှိဘူး..။
ချုံမြင်တိုး စုံတွဲများဟာ အမှုအခင်းတွေ ဖြစ်ပွားပြီ ဆိုမှတော့ မဖြစ်မနေ ရဲစခန်းကို ရောက်ရ တော့တယ် .. ။ ကောင်းကြသေးရဲ့လား ..။
ထိုင်ရှက်ရမဲ့ ကိစ္စက အမှုအခင်းဖြစ်တော့ ထပြီး ရှက်ကြရတယ် ..။ ထိုင်ပြီး ရှက် ရမဲ့ ကိစ္စကို ထပြီး မရှက်ချင်ဘူး ဆိုရင် မောင်တို့ မယ်တို့ ချုံမြင်တိုင်း မတိုးကြ ပါနဲ့။
မောင်ရင်းနှမလို စိတ်သဘော ထားပြီး ပြောခြင်း ဖြစ်ပါတယ် ..။
အခုလို အချိန်ကုန်ခံ .. ငွေကုန်ခံ ပြောပြတာ ဟာ မောင်တို့ မယ်တို့ကို ချစ်လို့ ပြောတယ် မှတ်ပါ ..
ဒါပါပဲ ခင်ဗျာ…..
(လေးစားမှုဖြင့် ခရက်ဒစ်)