ချွေးနံ့ပြင်းတာကို လျော့ပါးစေမယ့် အချက် (၅)ချက်

Knowledge
Spread the love

ချွေးနံ့ပြင်းတာ သက်သာအောင် ဒီ ၅ ချက် မှန်မှန် လုပ်ပေးပါ..

၁။ ရေချိုးမပျင်းဘဲ နေ့တိုင်းနေချိုးပါ။ တစ်နေ့ကို အနည်းဆုံး နှစ်ခါတော့ ချိုးပေးပါ

ရိုးရိုးရေနဲ့ ချိုးတာ ထပ်ဖြစ်နိုင်ရင် ရေနွေးနွေးလေးလေးနဲ့ ချိုးပေးပါ

၂။ ရေချိုးတိုင်း အနံ့ဆိုးထွက်တဲ့ အဓိကနေရာဖြစ်တဲ့ ချိုင်းကို သေချာဆေးကြောသန့်စင်ပေးပါ

ပိုးသတ်ဆပ်ပြာသုံးပေးရင် ပိုကောင်းပါတယ်

၃။ ချွေးနံ့ပျောက်ဆေး တစ်ခုခုသုံးပါ။ တစ်ယောက်နဲ့ တစ်ယောက်

အဆင်ပြေတဲ့ အမျိုးအစားချင်း မတူတာမို့ စမ်းသပ်သုံးစွဲကြည့်ပါ

Roll on အနေနဲ့လာသလို Spray အနေနဲ့လည်း လာပါတယ်

၄။ ချိုင်းမှာ အမွေးအမျှင်တွေ ရှိနေတာက ချွေးနံ့ပိုအောင်းပြီး အနံ့ပိုပြင်းစေပါတယ်

ဒါ့ကြောင့် ချိုင်းမွေး မှန်မှန် ရိတ်ပေးပါ

၅။ ချွေးထွက်နည်းအောင် ပွယောင်းပြီး ပေါ့ပါးတဲ့ အဝတ်အစားတွေ ဝတ်ဆင်ပေးပါ

အဝတ်အစားတွေကို မှန်မှန် လျှော်ဖွတ်ဝတ်ဆင်ပါ

Leave a Reply