ချွေးမလောင်းမှ ယောက္ခမလောင်းထံသို့ အထူးမေတ္တာရပ်ခံချက်…

Knowledge Lifestyle
Spread the love

လင်မယားကိစ္စတွေကို ဝင်မပါပါနဲ့.. သားနဲ့ တီးတိုးပြောဆိုတာဟာ ချွေးမဖြစ်သူကို စိတ်ဆင်းရဲစေတယ်ဆိုတာ သိထားပါ

သားဖြစ်သူဆီက တောင်းစရာရှိရင် ချွေးမအရှေ့မှာ တောင်းပါ… မိသားစုကိစ္စတွေမှာ ချွေးမဖြစ်သူရဲ့အကြံဉာဏ်မလိုအပ်ဘူးဆိုရင်တောင် အသိပေးပါ…။

သူလဲ မိသားစုဝင်လို ခံစားနားလည်ပါစေ . .သားဖြစ်သူ မှားမှားမှန်မှန် ချွေးမဘက်က ရပ်တည်ပေးပါ. . ချွေးမ မှားနေခဲ့ရင် ဆူဆဲအော်ဟစ်ပြီး

လင်မယားချင်းရန်တိုက်ပေးမယ့်အစား သမီးတယောက်လို ဆုံးမအကြံဉာဏ်ပေးပါ . . ချွေးမဖြစ်သူရဲ့ ခံစားချက်တွေကို နားလည်ပေးပါ…။

အပြန်အလှန် ယုံကြည်မှုရအောင် စာနာနားလည်ပေးပါ .ကိုယ်ဝန်ဆောင် ချွေးမကို ဂရုစိုက်ပေးပါ . . .ချိုသာပြီးအေးဆေးတဲ့ လေသံနဲ့

သားဖြစ်သူကို ကိုယ်ဝန်‌ဆောင်ခဲ့တဲ့အချိန်တွေ . . ပြုစုခဲ့ပုံတွေ .ငယ်ဘဝတွေ ပြောပြပေးပါ . . ဒါဟာ ချွေးမဖြစ်သူကို ပျော်ရွှင်စေသလို

သင့်ကိုလဲ မိခင်ကောင်းတဦးအဖြစ် မြင်လာစေပါတယ် . .ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်တဲ့ နည်းလမ်းခြင်းမှာ သင်နဲ့ သင့်ချွေးမမှာ အမြင် တူချင်မှ တူမှာပါ။

ခေတ်ကလဲ ပြောင်းလဲနေတာမို့ နည်းစနစ်အသစ်တွေလဲရှိမှာပါ . ..သင့်လောက်အတွေ့အကြုံ ဗဟုသုတမရှိပေမယ့် သူမရဲ့သဘောထားကိုလေးစားပါ . .

သင်လဲ သင့်သားကို စိတ်တိုင်းကျ ပြုစုပျိုးထောင်ခဲ့သလို ချွေးမမှာလဲ အဲ့အခွင့်အရေးရှိတယ်ဆိုတာ မမေ့ပါနဲ့.

သင့်ချွေးမက သူ့အမေကို သင့်ထက်ပိုချစ်ပါတယ် . . မနှိုင်းယှဉ်ပါနဲ့ .. . တကယ်လို့ သင့်ချွေးမက သူ့မအိမ်နဲ့ သင့်အိမ်ကို အတူတူပဲ ပေးကမ်းတယ် . .

ကန်တော့တယ်ဆိုရင် သင်ဟာ ကံအကောင်းဆုံးယောက္ခမပါ . . … သင့်သားက အဓိက စီးပွားရှာတယ်ဆိုပေမယ့် ချွေးမဖြစ်သူကသာ ဝင်ငွေ ထွက်ငွေကို အဓိက စီမံသူပါ…။

သူမကျေနပ်စွာ ပေးကမ်းတာက သင့်ကို တန်ဖိုးထားတယ်ဆိုတာ ပြသတာပါ . .သင့်သမီးကို သင်စိတ်တိုင်းကျ ဆူလို့ရတယ် . . ပြောလို့ရတယ် .. . ဒေါသထွက်လို့ရပါတယ်…။

ချွေးမကိုတော့ သင့်စိတ်ရှိသလို ပြောလို့မရပါဘူး . . ဘာလို့လဲဆို သင့်သမီးကို သင်အနစ်နာခံပြုစုစောင့်ရှောက်သလို ချွေးမဖြစ်သူကို စောင့်ရှောက်ခဲ့တာ မဟုတ်လို့ပါ…။

သင့်သမီးကို အမျိုးမျိုးဝယ်ပေး ပံ့ပိုးပေးလို့ရပါတယ် . ချွေးမကိုလဲ တခါတရံ လက်ဆောင်ပေးဖို့မမေ့ပါနဲ့. .သင့်လက်ဆောင်က တန်ဖိုးသိပ်မရှိရင်တောင်

သူမအတွက် အမှတ်တရဖြစ်စေပြီး သင့်ရဲ့ချစ်ခင်မှုကို ပြသရာရောက်ပါတယ် သင့်သားသမီးဟာ သင့်အတွက်အဖိုးတန်သလို ချွေးမဖြစ်သူကလဲ သူတို့အိမ်ရဲ့

အဖိုးတန်သမီးတယောက်ဆိုတာ မမေ့ပါနဲ့. . . မိဘအိမ်မှာ ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင်နေခဲ့ပေမယ့် သင့်သားရဲ့ ဝေယျဝေစ္စတွေ အိမ်သန့်ရှင်းရေးတွေ

မီးဖိုဆောင်ကိစ္စတွေကို တတ်နိုင်သလောက် စိတ်ပါဝင်စားပြီးလုပ်ပေးတာလေးကို အသိအမှတ်ပြုပေးပါ။

သင့်ချွေးမကို တန်ဖိုးထားပါ . . သူက သင့်သားကို အိုမင်းချိန်ထိ ပြုစုစောင့်ရှောက်သွားရမယ့်သူပါ . . သင့်ဆီက သားကို လုယူလိုက်တာ မဟုတ်ပါဘူး။

သင့်တာဝန်တွေကို လွှဲပြောင်းယူလိုက်တာပါ . .မြေးလေးတွေရလာတဲ့အခါ သမီးကမွေးတဲ့မြေးနဲ့ ချွေးမက မွေးတဲ့မြေးကို အတူတူချစ်ပေးပါ။

သမီးကမွေးတာ ပိုချစ်ခဲ့ရင်လဲ သင့်ရင်ထဲပဲ သိမ်းထားပါ . . ချွေးမရှေ့ ထုတ်ဖော်မပြောပါနဲ့ . . သင့်ရဲ့ ခွဲခြားဆက်ဆံမှုက ချွေးမကို သိမ်ငယ်စေသလို

သင့်မြေးရဲ့စိတ်မှာလဲ နာကျင်စရာ ဖြစ်လာနိုင်ပါတယ်။သင့်သားရဲ့အိမ်ထောင်ရေး သာယာပျော်ရွှင်မှုဟာ သင့်အပေါ်မှာ မူတည်ပါတယ် . . သင့်ကြောင့် မီးမလောင်ပါစေနဲ့။

#မိတိ မူရင်းစာရေးသူအား#Credit ပေးပါတယ်…။