ခြင်္သေနဲ့ကျားအတူထား ဆွေသားမိတ်ဖက် စီးပွားတက်

Knowledge Lifestyle
Spread the love

“ခြင်္သေနဲ့ကျားအတူထားဆွေသားမိတ်ဖက် စီးပွားတက်”

မိမိအိမ် မိမိစျေးဆိုင်စီးပွားတက်စေဖို့ငွေရှာရလွယ်ကူစေဖို့ အင်္ဂါနံ ဆန်နဲ့ တနင်္လာနံငွေကို အတူယှဉ်တွဲထားရပါတယ်

ဖန်ခွက်နဲ့ဖြစ်စေလင်ဗန်းနဲ့ဖြစ်စေ ကြွေပန်းကန်နဲ့ဖြစ်စေ ပြည်တောင်းနဲ့ဖြစ်စေ ဆန်နဲ့ငွေကိုအတူယှဉ်တွဲထားပြီးဓာတ်ဆင်ထားရပါတယ်

ပြုလုပ်ရမယ်အချိန်က မိမိမွေးနေ့၉နာရီမှ ၁ဝနာရီခွဲအတွင်းပြုလုပ်ပေးပါ ၁လလုံး အိမ်မှာဆိုလည်း

အဆင်ပြေသောနေရာလေးမှာထားပေးပါ စျေးဆိုင်မှာဆိုလည်းလူမြင်သာတဲ့ကောင်တာမှာ တင်ထားပေးလို့ရပါတယ်

၁လပြည့်ပါက အိတ်တစ်ခုထဲဆန်ကောငွေကော ရောထည့်ပြီးမည်သူကို မဆို ဒါနကုသိုလ်အဖြစ်လှူ ဒါန်းနိူင်ပါတယ်

ထိုသို့လှူ ဒါန်းပေးခြင်းဖြင့်သင်တို့စီးပွားကိုအထူးတိုးတက်စေပါတယ်။

နောက်လတွင်လည်း ဒီအတိုင်းထပ်မံ ဓာတ်ဆင် ထပ်မံလှူ ဒါန်းပေးပါ။

ဆရာ ဆန်းသိင်္ခ​မေတ္တာဖြင့်ပြန်လည်မျှ​ဝေပါသည်။

မေသံစဉ်(အလင်း​စေတမန်)

ကောင်းကျိုးကိုယ်၌ တည်ပါ​စေ။

ဓမ္မတရားဖြင့် အလင်း​ဆောင်သူဖြစ်ပါရ​စေ။