ခြေစွယ်မငုတ်တော့မည့် နည်းလမ်းကောင်း

Knowledge
Spread the love

ခြေစွယ်ငုတ်ခြင်းက ခံရခက်ပြီး ကုသလို့ အမြစ်မပြတ်ပဲ ပြန်ဖြစ်တတ်ပါတယ်။

တစ်ချို့တွေဆို မျက်ရည်ကျသည်ထိ လှီးဖြတ်ပြစ်ကြပြီး ဆီချက်ပူ လောင်းထည့်တာမျိုးလည်း မြင်ဘူးပါတယ်။

နောက်တော့ ပြန်ဖြစ်တာပါပဲ။ ခု ကျွန်တော် ပြောပြမယ့်နည်းလေးက မနာမကျင်ပဲ ခြေသည်းဟာ

တစ်ဖြေးဖြေး ပြန့်လာပြီး နောက်ထပ် ခြေစွယ် မငုတ်တော့ပါဘူး။ ခြေသဲ လေးကလည်း နူးညံ့ချောမွတ်ပြီး လှပလာပါလိမ့်မယ်။

ဆေးက အဝေးကြီး ရှာစရာမလိုတဲ့တွက် အားလုံးအလွယ်တကူ ပျောက်ကင်း သက်သာနိုင်ပါတယ်။ အိမ်သုံးဆား။

ဟင်းအိုးထဲ ခတ်တဲ့ ဆားပါ။ ဆားအနည်းငယ်ကို ခြေစွယ်ငုတ်နေတဲ့ နေရာမှာ ပုံထားပေးပါ။ ရေအနည်းငယ်ကို လက်ညိုးနဲ့ဆွတ်၍ တစ်စက်တည်း သာ ချပါ။

ဆားပုံထားတဲ့ပေါ်မှာ ချရမှာ ဖြစ်ပါတယ်။ ဆားအရေပျော်ပြီး ဘေးကို စီးကျသွားရင် နဲနဲထပ်ပုံပါ။ ခဲခဲပုံပုံလေး ဖြစ်နေရင် ရပါပြီ။

တစ်ခုခုနဲ့ မစည်းရပါဘူး။ ပြည်တည်နေလျှင်လည်း မဖောက်ရပါဘူး။ တစ်နေ့ကို ၅ ကြိမ်လောက် ပုံပေးပါ။

၃ ရက်နေလျှင် ဆားပုံထားတဲ့နေရာက အရေခွံ ကွာကျလာပါလိမ့်မယ်။ မနာကျင်တော့တာကိုလည်း အံ့ဩစွာ တွေ့ရမှာပါ။

အရေခွံ ကို လက်သည်းညှပ်နဲ့ ညှပ်ပစ်လို့ ရပါတယ်။ လုံးဝမနာကျင်ပါဘူး။

ခြေသည်းလေး ပြန့်လာချင်ရင်တော့ တစ်ပတ် တစ်ခါလောက် ခြေသည်းထောင့်က ကုပ်နေတဲ့ နေရာလေးတွေမှာ ဆားပုံပေးပါ။

အထူးသဖြင့် တောင်သူ ဦးကြီးတွေ ၊ ဒေါ်ကြီးတွေ အသုံးတည့်မယ်ထင်ပါတယ်။ စမ်းသုံးကြည့်လိုက်ပါဦး။ ဘေးထွက်ဆိုးကျိုး မရှိလို့ ယုံကြည်စွာ စမ်းကြည့်ပါ။