ခြေညှိုးက ခြေမထက် ရှည်တဲ့သူတွေကို ဘာ့ကြောင့် လက်မလွှတ်သင့်တာလဲဆိုတဲ့ အကြောင်းရင်း…..
ခြေညှိုးဟာ ခြေမထက် ရှည်တဲ့သူတွေ တော်တော်များများ ရှိပါလိမ့်မယ်။
အဲလို လူတွေရဲ့ ဖြစ်တတ်တဲ့ စိတ်သဘောထားတွေကို တင်ပြ ပေးလိုက်ပါတယ်။
သူတို့မှာ ကောင်းတဲ့အချက်တွေ အများကြီး ရှိနေပါတယ်။
ယောင်္ကျားလေးပဲ ဖြစ်ဖြစ်၊မိန်းကလေးပဲ ဖြစ်ဖြစ် သူတို့လို လူတွေကို တွေ့ရင်တော့ လက်မလွတ်လိုက်ပါနဲ့။
သူတို့ဟာ ချစ်ပြီဆိုလဲ သူများနဲ့ မတူသလို မုန်းပြီဆိုလဲ လှည့်ကြည့်တတ်တဲ့သူတွေ မဟုတ်ပါဘူး။
ခြေညှိုးက ခြေမထက်ရှည်နေတဲ့ သူတွေဟာ…
(1) အချစ်ကြီးတယ် အစွဲအလမ်းကြီး ခံစားလွယ်တယ်။
(2) ချစ်သူကိုဦးစားပေးတယ် ချစ်သူကိုလည်း အနိူင်ယူတယ်။
(3) ချစ်ပြီဆို ဘယ်လိုတားတား ဇွတ်ချစ်တယ် မုန်းပြီးဆို လုံးဝလှည့်မကြည့်ဘူး။
(4) အငြိုးကြီးတယ် ရန်ငြိုး ထားတတ်တယ်။
(5) စကားပြောတည်တယ် ခင်သွားရင်တော့ ပေါတောတော လုပ်တတ်တယ်။
(6) အိမ်မှာ ဘုရင် အပေါင်းအသင်းကြား သူမပါမပြီး။
(7) ရည်ရွယ်ချက် ကြီးမားတယ် လုပ်ချင်တာကို ကြိုးစားလုပ်တတ်တယ်။
(8) သူများကို အားမကိုးတတ်ဘူးအကူအညီ ယူပြီးရင်လည်း ကျေးဇူးဆပ်ဖို့ မမေ့တတ်ဘူး။
(9) လူချစ်လူခင်ပေါသလို မနာလိုသူလည်း ပေါများတယ်။
(10) ပေးကမ်းလိုစိတ်ရှိတယ်။ မရှိ ရှိတာ လှူ ဒါန်းတတ်တယ်။