ခြေထောက် ကျဉ်နေရင် ဒီလိုလုပ် ပေးပါ

Knowledge Lifestyle
Spread the love

ခြေထောက် ကျဥ်နေရင် ဒီလိုလုပ်

ခြေဖဝါး၊ လက် (သို့) ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုခုကို အချိန်အကြာကြီး ဖိထားတဲ့အခါ ထုံကျဉ်သွားခြင်းကို ခံစားရတတ်ပါတယ်။

အများအားဖြင့် ခြေထောက်ကို ဖိထိုင်တဲ့အခါမျိုးမှာ ဖြစ်တတ်လို့ ခြေထောက်ကျဉ်တယ်ဆိုတဲ့ အသုံးအနှုန်းကို လူသိများကြပါတယ်။

ဒါကို Sleeping Foot လို့ ခိုင်းနှိုင်းလေ့ ရှိကြပါတယ်။ အိပ်ပျော်နေတဲ့ ခြေထောက်ပေါ့။

ဖြစ်ရတဲ့ အကြောင်းရင်းကတော့ ထိုအင်္ဂါအစိတ်အပိုင်းရှိ ဦးနှောက်သို့ သွားသော အာရုံကြောလမ်းကြောင်းကို အချိန်အတော်ကြာအောင် ဖိထားမိခြင်းကြောင့် ထုံကျဉ် (Numb) သွားခြင်းဖြစ်ပါတယ်။

ဖိအားဖြစ်စေသောအရာကို ဖယ်ရှားလိုက်တဲ့အခါ အိပ်ပျော်နေတဲ့ ခြေထောက် ပြန်လည် နိုးလာပြီး ဦးနှောက်ကို စကားပြန်ပြောလာတယ်လို့ ဆိုပါတယ်။

ခြေထောက်အိပ်ပျော်သွားတဲ့အခါ တစ်နည်း ခြေထောက်ကျဉ်တဲ့အခါ သက်သာစေဖို့ ပြုလုပ်ရန်နည်းလမ်းကတော့ ခြေဖဝါးကို စက်ဝိုင်းပုံသဏ္ဌာန်အတိုင်း လှည့်ပေးပါ။