ဂျပန်ခေတ်တုန်းကပေါ့… စျေးတစ်ခုထဲကိုဂျပန်စစ်သားတွေဝင်လာတယ် အဲမှာ စျေးရောင်းနေကြတဲ့ မြန်မာစျေးသည်တွေလဲ မျက်နှာမှာသွေးမရှိကြတော့ဘူးလန့်နေကြတာပေါ့…
အဲ့ဒီအချိန်မှာဟင်းရွက်ကန်ဇွန်းရွက်ရောင်းတဲ့လူကို ဂျပန်ဗိုလ်ကြီးကမြန်မာစကားပြန်နဲ့မေးခိုင်းတယ်…
မင်းဘာအတွက်စျေးရောင်းနေတာလဲတဲ့… စျေးသည်လဲကြောက်ကြောက်နဲ့ ကိုယ့်ဝမ်းစာအတွက်ရောင်းနေတာပါလို့ ပြန်ဖြေလိုက်တယ်…
ဂျပန်ဗိုလ်ကြီးမျက်နှာပျက်သွားပြီး စျေးဗန်းကိုစောင့်ကန်ချလိုက်ပြီး စျေးသည်ကိုဂျပန်ပါးရိုက်နည်းနဲ့ မိတ်ဆက်ပေးလိုက်တယ်…
စျေးသည်ကထူပူပြီးစကားပြန်ကြီးကိုမေးတယ်…ခများဘာများမှားပြောလိုက်လဲတဲ့ စကားပြန်ကြီးကလဲ ကျွန်တော်ခများပြောတဲ့အတိုင်းပဲ တိတိကျကျပြောလိုက်တာပါလို့ ပြောပါတယ်…
အဲဒီမှာ ဂျပန်ဗိုလ်ကြီးက စကားပြန်ကြီးကိုပြန်ပြောခိုင်းလိုက်တယ် …မင်းစျေးရောင်းတာ မင်းတိုင်းပြည်အတွက်ပဲဖြစ်ရမယ်တဲ့…
အမှန်ပဲ…ဂျပန်တွေရဲ့ခံယူချက်က သူတို့ဘာလုပ်လုပ်သူတို့ဝမ်းစာအတွက်ထက် တိုင်းပြည်အတွက်အဓိကကြည့်တာ ကျွန်တော်တို့အသိဆုံးပါ…
ဒီကနေ့ဒီအချိန် ဂျပန်ပစ္စည်းဆိုရင် မူလီ လေးတစ်လုံးကအစ အဟောင်းတောင်တန်ဖိုးရှိပါတယ်… တရုတ်ထုတ်ပစ္စည်းအသစ်နဲ့ ဂျပန်ပစ္စည်းအဟောင်းနဲ့ဆို ကျွန်တော်တို့အားလုံး ဂျပန်စက်အဟောင်းကိုပဲယူဖြစ်မှာအသေချာပါ…
ဂျပန်တွေကတစ်ကယ်မျိုးချစ်ကြတယ်…သူတို့လူမျိုးကိုနာမည်တစက်အပျက်မခံဘူး… ကျွန်တော်တို့တိုင်းပြည်ကိုလဲ သူတို့အုပ်ချုပ်တုန်းက စိတ်ဓာတ်ပိုင်းဆိုင်ရာတွေကို နည်းမျိုးစုံနဲ့ပြင်ပေးခဲ့ပါတယ်…
ဒါပေမယ့်နှိပ်စက်တယ်လို့မြင်ပြီးမပြင်ခဲ့ကြဘူး အခုချိန်ထိဒီအကျင့်ဆိုးကြီးတွေ လူအချို့မှာကပ်ညှိနေတယ်…
ငါစျေးရောင်းတာငါ့မိသားစုချမ်းသာဖို့ အခြားလူတွေဒုက္ခရောက်ရင်ရောက်ပါစေ… ခေတ်ပျက်တုန်းရှာရတာဆိုပြီး ကိုယ့်တိုင်းပြည်ကပြည်သူအချင်းချင်း ဂုတ်သွေးစုပ်အမြတ်ထုတ်ကျတဲ့ လူတွေအများကြီးရှိနေတယ်…
ကိုဗစ်စဖြစ်တော့ Mask. တွေစျေးတင်ရောင်းတယ်… နွေဦးတော်လှန်ရေးမှာဆန္ဒထုတ်ဖော်ပြီး အပြန်ကားငှားရခက်တော့ ကားခတွေမတရားတိုးတောင်း …
(မှတ်ချက်ပရဟိတ Taxi. ဆရာအများအပြားလဲရှိပါတယ်) အချို့မတရားတောင်းခဲ့တဲ့ကားသမားတွေကို ဆိုလိုခြင်းဖြစ်တယ်
အခုကိုဗစ်တတိယလှိုင်းက အရမ်းကြမ်းတယ်…အများပြည်သူတွေကူရာမဲ့နေကြတဲ့အချိန်မှာ ဆေးဆိုင်တွေစျေးတင်ရောင်းကြတယ်…
အောက်ဆီဂျင်လိုအပ်လာမှန်းသိတော့ အောက်ဆီဂျင်နဲ့ပက်သက်တဲ့ပစ္စည်းတွေ စျေးတွေမယုံနိုင်လောက်အောင်ကြီးသွားတယ်…
မဝယ်နိုင်လို့ အောက်ဆီဂျင်မရှုရပဲ သေသွားတဲ့လူတွေအများကြီး…
ကျွန်တော်ပြောချင်တာ လှူခိုင်းနေတာလဲမဟုတ်ဘူး ခများတို့ရဲ့ဝမ်းစာအတွက်လဲရှာပါ…တိုင်းပြည်ကကိုယ့်ပြည်သူတွေ အချင်းချင်းဂုတ်သွေးစုပ်တာလဲရပ်တန်းကရပ်ပါ…
ရှက်တက်ကြပါ ငါ့မိသားစုချမ်းသာဖို့ထက် ငါ့တိုင်းပြည်ကလူတစ်ဦးချင်းစိတ်ချမ်းသာဖို့ကိုငါရှာမယ်ဆိုတဲ့စိတ်ကိုများများမွေးကြပါ…
ဂျပန်တွေရဲ့စိတ်ဓာတ်ကိုအတုယူရင်း ကျွန်တော်တို့တိုင်းပြည်ကြီးကို ကျွန်တော်တို့လှပတဲ့ အရောင်လေးတွေချယ်လိုက်ကြရအောင်…
မတရားဂုတ်သွေးစုပ်တဲ့လူတွေကို အသက်အသေခံပြီးအားမပေးတာတွေလုပ်မယ်… ရွံရှာတဲ့အကြည့်ဖြစ်ဝိုင်းကြည့်ကြမယ်ဆိုရင်
နောင်လာနောက်သားတွေအတွက် ပြောင်းလဲမှုလေး ဖြစ်လာနိုင်ပါတယ်လို့ပြောချင်ပါတယ်…
ကျွန်တော့်စာရေးဆရာလဲမဟုတ်ပါဘူး… ရင်ထဲကလာတဲ့စာကိုချရေးထားတာဖြစ်တဲ့အတွက် မှားတာရှိရင်စေတနာအမှားလို့မြင်ပြီးခွင့်လွှတ်ပေးကြပါ…။
ဒီကပ်ဆိုးကြီးကနေလဲအမြန်လွတ်ကင်းနိုင်ကြပါစေ…လူလူချင်း တန်ဖိုးထားနိုင်ကြပါစေဗျာ…။