ငွေရှိမှ အလှူ လှူလို့ ရတာ မဟုတ်သလို ငွေရှိမှလည်း ပရဟိတ လုပ်လို့ ရတာ မဟုတ်ပါဘူး။ ငွေမရှိဘဲ လုပ်လို့ ရတဲ့ ပရဟိတတွေ အများကြီး ရှိပါတယ်။ တစ်ခုပဲ လိုတာပါ။ အဲဒါကတော့ ပရဟိတ လုပ်ချင်တဲ့ စိတ်ဖြစ်ပါတယ်။

ပရဟိတ ဆိုတဲ့ စိတ်ဓာတ်သာ ရှိပါစေ လုပ်လို့ ရတာတွေ များစွာ ရှိပါတယ်။ မိမိ တစ်နိုင် လမ်းဘေးမှာ သစ်ပင်စိုက်၊ ရေလောင်း၊ ပေါင်းမြက် သုပ်သင် ၊ လမ်းဘေး ရေအိုးစင်လုပ် ဒါတွေဟာလည်း မြင့်မြတ်တဲ့ ပရဟိတ အလုပ်တွေ ထဲက အလုပ် တစ်ခု ဖြစ်ပါတယ်။
ပရဟိတ လုပ်ဖို့ အတွက် ငွေချမ်းသာအောင် မစောင့်ပါနဲ့။ ပရဟိတကို စီးပွားရေး အကျိုးမျှော်မှန်းပြီး မလုပ်ပါနဲ့။ ပရဟိတကို အပေါင်းအသင် မက်လို့ မလုပ်ပါနဲ့။ ပရဟိတကို ကြီးလေးတဲ့ တာဝန် တစ်ခုလို သဘောထားပြီး မလုပ်ပါနဲ့။
စာဖတ်ပရိသတ်များလည်း ကျန်းမာ ချမ်းသာပြီး ကောင်းကျိုး လိုရာ ဆန္ဒတွေ ပြည့်စုံကြပါစေ။