၁။ရေများများသောက်ဖို့ ပိုက်ဆံမကုန်ပါဘူး။
၂။လေဝဝရှူဖို့ ပိုက်ဆံမကုန်ပါဘူး ။
၃။မိမိနဲ့သင့်လျော်တဲ့အားကစားတစ်ခုခုကို အချိန်အနည်းငယ်ပေးပြီးပြုလုပ်ဖို့ ခန္ဓာကိုယ်ချွေးထွက်ဖို့ ပိုက်ဆံမကုန်ပါဘူး ။
၄။Online ပိတ်ပြီး ညစောစောအိပ်ဖို့ ပိုက်ဆံမကုန်ပါဘူး ။ အိပ်ရေးဝဖို့ တစ်ပြားမှမကုန်ပါဘူး ။
၅။မိမိစားနေကျ အစားအစာတွေကို သေချာပြန်စစ်ဆေးပြီး ဘယ်ဟာကိုရှောင်ရမယ် ဘယ်ဟာကိုဖြည့်စားရမယ်ဆိုတာသိရင် စားနေကျ ဟာထက် ပိုမကုန်ပါဘူး ။
၆။fb ကြည့်တဲ့အခါ …ဟာသတွေကြည့်ရှုပြီးရယ်မောဖို့.. သင်သုံးနေကျထက် ပိုမကုန်ပါဘူး ။
ဒေါသထွက်စရာ page တွေ၊ စိတ်ဆင်းရဲစရာ page တွေ
ကိုယ့်ကိုဒေါသထွက်စေတဲ့လူတွေကို unfollow လုပ်ပြီး
ရယ်စရာကောင်းတာတွေ စိတ်ကြည်နူးစရာတွေ ဗဟုသုတရစရာတွေကိုပဲ like လုပ်ထားပါ ။
Bill ကုန်ခံပြီး စိတ်ဆင်းရဲမခံပါနှင့်။
Bill ကုန်ခံပြီး ဒေါသကိုမဝယ်ပါနှင့် ။
Bill ကုန်ခံပြီး အသက်မတိုပါစေနှင့် ။
၇။ဘာသာရေးလုပ်ဖို့ပိုက်ဆံမလိုပါဘူး ။ဘယ်ဘုရားကမှ ပိုက်ဆံရှိမှတရားရမယ်။ပိုက်ဆံအကုန်ခံမှ ကောင်းကင်ဘုံရောက်မယ်လို့ မမိန့်ခဲ့ပါ။တစ်ပြားမှကုန်စရာမလိုပဲနှင့်ဘုရားရှိခိုးနိုင်ပါသည်။ကပ်ဆိုးဆိုက်နေသော လောကကြီးတွင် နေ့စဉ်နာရီဝက်ခန့် ဘုရားတရားရိပ်၌ခိုလှုံ ပါ ။
၈။တစ်ကယ့်မိတ်ဆွေကောင်းတွေနဲ့နေရဖို့ ဆွေးနွေးတိုင်ပင်ဖို့ ရယ်ရယ်မောမောပြောနိုင်ဖို့ စိတ်လွတ်ကိုယ်လွတ်ရှင်သန်ဖို့ ငွေသိပ်မကုန်ပါဘူး ။
ငွေကုန်ရမှ ပေါင်းလို့ရမယ်ဆိုရင်လည်း ဒါဟာ မိတ်ဆွေကောင်းမဟုတ်ပါဘူး။ မိတ်ဆွေကောင်းတွေနဲ့အမြဲဆက်သွယ်နေထိုင်ပါ ။
မိတ်ဆွေ…တစ်ပြားမှမကုန်ပဲ လုပ်လို့ရတာတွေကို သင်မလုပ်ခဲ့ရင်….အများကြီးကုန်မှ လုပ်လို့ရမှာတွေကို တစ်ချိန်ကျ သင်လုပ်ရတော့မှာပါ…. ။
သိန်းရာချီကုန်မှအသက်ဆက်ရမယ့်ရောဂါဘယတွေမဖြစ်ခင် တစ်ပြားမှမကုန်ဘဲ မိမိကိုယ်မိမိ ကယ်တင်ကြရအောင်။
Credit to Original Writer