သင့် ပိုက်ဆံအိတ်ထဲမှာ ဒါတွေ ထားနေရင်တော့ သေချာပေါက် လာဘ်ပိတ် စေပါပီ
စွမ်းအင်တွေအကြောင်းကို လေ့လာကြည့်တဲ့အခါ ဝါစတုသျှတ္တရပညာအရစကြာဝဠာထဲမှာ အလိုအလျောက်သဘာဝအတိုင်းဖြစ်ပေါ်လာတဲ့ အရာတွေရော လူသားတွေဖန်တီးပြုလုပ်ထားတဲ့ မည်သည့်အရာမဆို အကုန်လုံးမှာ တစ်ခုထက်ပိုတဲ့စွမ်းအင်ရှိနေကြတယ် ဆိုတာ လေ့လာသိရှိခဲ့ရသလို ဒီအထဲမှာမှမိမိအသုံးပြုနေတဲ့
ပိုက်ဆံအိတ်ထဲမှာ
မလိုအပ်တဲ့အရာတွေထည့်ထားမိတဲ့အခါမကောင်းတဲ့စွမ်းအင်တွေဖြစ်ပေါ်တတ်ပါတယ်။
-ငွေကုန်ကြေးကျ ငွေယိုပေါက်တွေများလိမ့်မယ်။
-ကျန်းမာရေး လူမှုရေး ထိခိုက်မှုတွေကြုံရသလို လာဘ်ပိတ် တာတွေ။
-ငွေကြေး အလိမ်ခံရတာတွေ ဖြစ်တတ်ပြီး
ကောင်းသောစွမ်းအင်တွေဖြစ်စေတတ်သည့်အရာတွေကိုသင့်ပိုက်ဆံအိတ်ထဲမှာထည့်ထားခဲ့မည်ဆိုလျှင်
-ငွေကြေး အဆက်မပြတ်ဝင်သလို
-ကျန်းမာ ချမ်းသာ ကာ
-ငွေကုန် ရတဲ့ ငွေထွက်ပေါက်တွေ ပိတ်ပစ်လိုက် နိုင်ပါလိမ့်မယ်။
သင့်ပိုက်ဆံအိတ်(သို့မဟုတ်)ငွေသေတ္တာထဲမှာ …
-ဘေလ် ပြေစာ ဟောင်းများ receipt ဟောင်းများ
-ညစ်ညမ်းပုံများ သေဆုံးပြီးသူများပုံ ကြမ်းတမ်း ရက်စက်သော ပုံများ။(မကောင်းတဲ့ စွမ်းအင်များ ဖြစ်စေပါတယ်)
-တိုလီ မိုလီ မှတ်စု များ လိပ်စာ ကဒ် အဟောင်းများ
-သက်တမ်း ကုန်နေတဲ့ membership card များ
-သုံးမရအောင် စုတ်ပြတ် နေတဲ့ ငွေစက္ကူများ
-ခေါက်တွန့် နေတဲ့ ငွေစက္ကူများ (ခေါက်နေတဲ့ ပိုက်ဆံ ကို ဖြန့်ထည့်ပါ)
သွားရည်စာ မုန့်တွေ နဲ့ ဆေးများ။ (ဆေးများ ဟာ ကျန်းမာရေး ပြသနာကို ထပ်ခေါ်ပေးနေလို့ ခွဲဆောင်ပါ)
-လက်သည်းညှပ် နဲ့ ကပ်ကြေး အပါအဝင် ချွန်ထက်တဲ့ အရာများ။
-ကျွမ်းကျင်သော နက္ခတ်ပညာရှင် အဆင့် ဆရာ၏ အကြံပေးခြင်း မဟုတ်သော အဆောင်များ
-ပရိတ်ချည် လက်ဖွဲ့ စသည်များ (သီးသန့် ထားပါ)
သင့်ပိုက်ဆံအိတ်(သို့မဟုတ်) ငွေသေတ္တာထဲမှာထည့်ထားသင့်တဲ့အရာတွေကတော့…
-ငွေ ကြေး ဖြင့် ပြုလုပ်ထားသော နိမိတ်ကောင်း အရာများ။
-အထူးသဖြင့် ငွေဒင်္ဂါး။
-လက်ချမီး မယ်တော်ပုံ ရုပ်ပုံတော် ဖြစ်စေ ကြေး ဒင်္ဂါး ဖြစ်စေ
-ဗောဓိညောင်ရွက် (အထူးသဖြင့် နှလုံး ရောဂါ ရှိသူများ အတွက်)
-ပင်လယ်ခရုခွံများ (စကြာဝဠာ စွမ်းအင်ကြောင့် ဖြစ်ပါသည်)
-ဆန်စေ့ ၂၁ စေ့ (အင်မတန် အကျိုးများပါတယ်။ နောက်ပိုင်း ရှင်းပြပေးပါ့မယ်)
-ဂျင်း ဖက်လေးအနည်းငယ် (ငွေကိုဆွဲဆောင်နိုင်စေသည်)
ကိုထည့်ထားခြင်းဖြင့်ကောင်းသောစွမ်းအင်တွေကိုဖြစ်ပေါ်စေကာအကျိုးစီးပွားလာဘ်လာဘတိုးတက်ကြစေ။