စားတော်ပဲကို ဒီလိုလေးသာပြုပ်လိုက်ပါ

Knowledge
Spread the love

စားတော်ပဲလေး ဝယ်ထားရုံနဲ့ ကြိုက်တဲ့အချိန် ပြုတ်စားလို့ရမယ့် နည်းလမ်း

လွယ်လွယ် ကူကူူ ရိုးရိုးရှင်းရှင်း ပါပဲ။ အရင်ဆုံး ရေနွေးနဲ့ ရေအေးကို ကြက်သီးနွေးလေး ရောစပ်ပါ။

ရေထဲ လက်နှစ်ကြည့်လိုက်ရင် ကိုယ့်လက် အပူခံနိုင်တဲ့ အနေအထားလေးပေါ့။ ပြီးရင် အဲ့ဒီရေထဲ စားတော်ပဲကို ၃နာရီကြာအောင် ရေစိမ်ပါ။

၃နာရီပြည့်ရင် ဆယ်ပြီး စကာလေးနဲ့ ရေစစ်ပြီး အပေါ်က အဝတ်ပါးလေး အုပ်ထားပါ ။ မနက်တကြိမ် ညတကြိမ် ရေလောင်းပေးပါ။

နောက်နေ့ဆို ပဲညောှင့်လေးတွေ ပေါက်လာပါပြီ ။ အညောင့်လေးများ ရှည်မှကြိုက်ရင်နဲနဲထပ်စောင့်လိုက်ပေါ့နော်။ဒါဆို ပဲပြုတ်လို့ ရပါပြီ။

ရေနွေးကို အရင်ဆုံး ဆူအောင် တည်ပါ ။ မုန့်လုပ် ထန်းလျက်အညို ၂ခဲ ရေနွေးထဲ ပျော်သွားအောင် မွှေပေးပြီးရင် ပဲထည့်ပြုတ်ပါ ။ ဆားဆော်ဒါ လဖက်ရည် ဇွန်းတဝက် ထည့်ပါ ။

သကြား ဟင်းစားဇွန်း တဝက်ထည့်ပါ ။ ဆီ ဟင်းစားဇွန်း ၁ဇွန်းလောက် ထည့်ပါ ။ ဆား ဇွန်းဖျားနဲ့ နည်းနည်းထည့်ပါ ။ ပဲနဲ့ရေကို အတိဖြစ်အောင် ထည့်ပါ။

ရေပို မထည့်မိပါစေနဲ့ ။ ရေခမ်းလာရင် တချို့က ပဲကို ိစကာနဲ့ စစ်ပြီး ရေနွေးငွေ့နဲ့ ပြန်တည်ကြတယ်။

ရေခမ်းသွားရင် ထမင်းအိုးနှပ်သလို မီးအေးနဲ့ ရေခမ်းအငွေ့ ထွက်အောင် ထားပါတယ်။ စိတ်ထဲ ပိုမွှေးတယ်လို့ ထင်တယ်။ ပဲကို ပေါင်းအိုးခွက်နဲ့ ၂ခွက်ဆို အများကြီးရပါတယ်။

ပဲပြုတ်နေစဉ် ဇွန်းနဲ့ မမွှေနဲ့နော် ။ ပဲက မကျက်ပဲ ဆတ်တောက်ကြီး ဖြစ်တတ်ပါတယ်။

အရိအရွဲလေးများကင်းစင်ပြီးပြောင်တင်းနေသောပဲပြုတ်နူးအိအိလေးရပါပြီ။အဆင်ပြေကြပါစေနော်။

Pan Kankayae