စိတ်ဆတ်တဲ့ A သွေးလေးတွေရဲ့ လူတွေမသိတဲ့ အတွင်းစိတ်များ

Knowledge
Spread the love

A သွေးလေးတွေဟာ သွေးအမျိုးအစားတွေထဲမှာ အလျှို့ဝှက်ဆုံးသွေးအမျိုးအစား ဖြစ်ပါတယ်..။

အပြင်ပန်းမာကြောတယ်လို့ထင်ရပေမယ့် တကယ်တမ်းအတွင်းစိတ်အရမ်း နူးညံ့တဲ့ A သွေးလေးတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်..။

(၁) အေသွေးလေးတွေဟာ အရမ်းကိုပွင့်လင်းတဲ့သူတွေဖြစ်ပါတယ်။ ဒါကြောင့် မသိတဲ့သူတွေက သူတို့ကို ဒေါသကြီးပြီး..။

အပေါက်ဆိုးတယ်လို့ ထင်တတ်ကြပါတယ်။ အမှန်ကတော့ ပွင့်လင်းလို့ဖြစ်ပါတယ်..။

(၂) အေသွေးလေးတွေဟာ လူကြားထဲမှာ ထင်ပေါ်ချင်တဲ့သူတွေ မဟုတ်ပါဘူး..။

တစ်ယောက်တည်း အေးအေးဆေးဆေးနေရတာကို သဘောကျတဲ့သူတွေပါ..။

(၃) အေသွေးလေးတွေဟာ လွတ်လပ်မှုကို အရမ်း တန်ဖိုးထားတဲ့သူတွေဖြစ်ပါတယ်..။

လွတ်လွတ်လပ်လပ်နေ၊ လွတ်လွတ်လပ်လပ်ပြောဆိုချင်တဲ့သူတွေဖြစ်ပါတယ်..။

(၄) အေသွေးလေးတွေဟာ စိတ်မထင်ရင် မထင်သလိုလုပ်တတ်တဲ့သူတွေဖြစ်တာကြောင့်..၊

စိတ်ထားမကောင်းဘူးလို့ အထင်ခံရတတ်ပေမယ့်တကယ်တမ်းကတော့ စိတ်ကောင်းအရမ်းရှိတဲ့သူတွေပါ..။

(၅) အေသွေးလေးတွေဟာ အရမ်းလျှို့ဝှက်ပါတယ်။ ခံစားချက်တွေကို ထုတ်ပြတတ်တဲ့သူတွေမဟုတ်ပါဘူး..။

ဒါကြောင့် တစ်ခါတလေကျရင် သူတို့ရဲ့ ခံစားချက်ကိုနားလည်ဖို့ ခက်ပါတယ်..။

(၆) အေသွေးလေးတွေဟာ မသိတဲ့သူတွေနဲ့ဆိုရင် ခပ်တည်တည်နေတတ်ကြပြီး..။

အေးအေးဆေးဆေးနေတတ်တဲ့ သူတွေဖြစ်တာကြောင့် မာနကြီးတယ်လို့ထင်တတ်ကြပါတယ်။ တကယ်ပေါင်းကြည့်ရင်တော့ ငပေါလေးတွေပါ..။

(၇) အေသွေးလေးတွေဟာ ပေါက်ကွဲပြီဆိုရင်လည်း ပြင်းပြင်းထန်ထန်ပေါက်ကွဲတတ်သလို၊ နားလည်ခွင့်လွှတ်တတ်တဲ့နေရာမှာလည်း နှစ်ယောက်မရှိပါဘူး..။

(၈) အေသွေးလေးတွေဟာ မှန်လိုဆက်ဆံတတ်တဲ့သူတွေပါ။ ကိုယ့်အပေါ်ကိုမကောင်းရင် ကိုယ်ကလည်း ပြန်မကောင်းသလို၊ ကိုယ့်အပေါ်ကျေးဇူးရှိရင်လည်း ဘယ်တော့မှမမေ့ပါဘူး..။

(၉) အေသွေးလေးတွေဟာ အရမ်းစိတ်ဆတ်ပါတယ်။ စောင့်ရတာကိုမကြိုက်သလို၊ တစ်နေရာတည်းမှာလည်း အကြာကြီးမနေချင်ပါဘူး။ စိတ်မြန်လက်မြန်ရှိတဲ့သူတွေပါ..။

(၁၀) အချစ်ရေးမှာတော့ အချစ်ကြီးတဲ့သူတွေဖြစ်တာကြောင့် တစ်ဖက်လူက ကိုယ့်ကိုယ်ပြန်မချစ်သည့်တိုင် ရူးရူးမူူးမူးချစ်နေတတ်တဲ့သူတွေပါ..။