စိတ်တည်ငြိမ်မှုရစေမယ့် ဂျပန် လက်ချောင်းနှိပ်နည်း

Knowledge
Spread the love

အမြဲတမ်း စိတ်လှုပ်ရှားနေတတ်ပါသလား။ သင့်ရဲ့ စိတ်ခံစားမှုတွေကို ဟန်ချက်ညီအောင် ထိန်းညှိပေးပြီး ခန္ဓာကိုယ်တစ်ခုလုံးကို အလျင်အမြန် တည်ငြိမ်မှုရစေမယ့် ဂျပန်နိုင်ငံက နည်းတစ်မျိုးဖြစ်ပါတယ်။

ပုံအထဲကအတိုင်း မိမိလက်ချောင်းကို တစ်မိနစ်ကြာ ဖိထားပေးဖို့သာ လိုတာပါ။ အဲဒီအတိုင်းနောက်တစ် ဖက်ကိုလည်း လုပ်ပေးရပါမယ်။

လက်ချောင်းအသီးသီးဟာ မတူညီသော စိတ်ခံစားချက်အမျိုးမျိုးနဲ့ စပ်လျဉ်းလို့ နေကြပါတယ်။

လက်မက မအီမသာဖြစ်ခြင်းနဲ့ သက်ဆိုင်ပါတယ်။ လက်ညွန်းဆိုရင် ကြောက်စိတ်နဲ့ ဆိုင်ပါတယ်။ လက်ခ လယ်က ဒေါသစိတ်။ လက်သူကြွယ်က ဝမ်းနည်းစိတ်နဲ့ ဆက်နွယ်ပြီး လက်သန်းကျတော့ စိတ်ဖိစီးမှု အတွက်ဖြစ်ပါတယ်။