စိတ်ထားကောင်းချင်ယောင်ဆောင်နေကြတဲ့သူတွေရဲ့ အပြုအမူများ

Lifestyle
Spread the love

လူတွေရှေ့မှာတော့ ကောင်းချင်ယောင်ဆောင်ပြီး အတွင်းစိတ်ပုတ်နေကြတာတွေ အများကြီးရှိပါတယ်။ ကမ္ဘာပေါ်မှာ အတွင်းယုတ်လူမျိုးတွေက ကြောက်စရာအကောင်းဆုံးပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့မကောင်းတဲ့စိတ်ကို ဖုံးပြီး အတွင်းယုတ်နေတတ်လို့ပါ။ ဒီအပြုအမူတွေကတော့ သူတို့ဆီမှာ တွေ့ရတတ်တဲ့ အပြုအမူတွေပဲဖြစ်တယ်။

၁။ ဟန်ဆောင်တတ်တယ်

ဟန်ဆောင်ကောင်းတဲ့သူတွေက ကြောက်စရာအကောင်းဆုံးပါ။ သူတို့တစ်ခုခုမကောင်းတာလုပ်ပြီးတာနဲ့ သူတို့မဟုတ်သလို ဟန်ဆောင်တတ်ကြတယ်။ ဘယ်လိုတွေပဲဖြစ်နေဖြစ်နေ ဟန်ဆောင်တတ်တယ်။ လူအများရှေ့မှာဆိုလည်း ဟန်ဆောင်တတ်ပါတယ်။ နောက်ပြီး သူတို့ကို သနားလာအောင်လည်း ဟန်ဆောင်တတ်တယ်။

၂။ ပေါင်းတတ်သင်းတတ်တယ်

စိတ်ထားပုတ်တဲ့သူတွေမှာ တွေ့ရတာက ပေါင်းသင်းဆက်ဆံရေးကောင်းတတ်တယ်။ သူတို့က လူတွေကို အတင်းရောတတ်တယ်။ အပြောကောင်းပြီး ဟန်ဆောင်တတ်တော့ ပေါင်းသင်းတတ်တယ်။ အဲ့လိုမျိုးလူတွေကို အတင်းလိုက်ရောတယ်ဆိုတာ တစ်ခုခုရချင်လို့ပါ။ ဒီလိုဟန်ဆောင်ကောင်းတတ်တဲ့သူမျိုးတွေက အတွင်းပုတ်တတ်တဲ့သူမျိုးတွေပါ။

၃။ မကောင်းတာလုပ်ဖို့ ဝန်မလေးဘူး

မကောင်းတာလုပ်ဖို့ဆို ဝန်မလေးတတ်သလို ဟန်ဆောင်ကောင်းကြတယ်။ သာမန်လူဆိုရင်တော့ မကောင်းတာလုပ်ဖို့ကို ကြောက်နေပေမယ့် သူတို့တွေကတော့ မကောင်းတာလုပ်ဖို့ကို လက်တွန့်မနေဘူး။ မကောင်းတာလုပ်ပြီးရင် တခြားသူကို လွှဲချဖို့လည်း ဝန်မလေးပါဘူး။ သူတို့ရဲ့အပြစ်ကိုလည်း ဝန်မခံကြဘူး။

၄။ ချောက်တွန်းတတ်တယ်

အတွင်းယုတ်သူတွေက လူတွေကို အပေါ်ယံတော့ ဟန်ဆောင်ပေါင်းတတ်ကြပေမယ့် နောက်ကွယ်မှာ ချောက်တွန်းတတ်တယ်။ သူတို့လုပ်ခဲ့တဲ့အမှားကို တခြားသူတွေဆီ ချောက်တွန်းတတ်တယ်။ အဲ့လိုလူမျိုးတွေက သူတို့လုပ်ခဲ့တဲ့ကိစ္စအတွက်လည်း မတောင်းပန်တဲ့အပြင် ချောက်တွန်းတတ်သေးတယ်။

(၅) ငွေကို ကိုးကွယ် အမှန်တရားဖျောက်တယ်

သူတစ်ဖက်သားအပေါ်မှ ကိုယ်ချင်းစာ တရား မရှိပဲငွေရှိရင်ဘာမဆိုဖြစ်တယ်ထင်တဲ့သူတွေ..အမှန်တရားကိုမျကကွယ်ပြုပြီးအမှားကိုမပြင်ပဲရှေ့ဆက်နေတဲ့သူ..အပြောတစ်မျိုးအလုပ်တစ်မျိုးလုပ်တဲ့သူ..အမှန်တရားကို ငွေကြေး အာဏာ ရာထူး နဲ့ ဖုံးတတ်တယ်။

Credit-Original Writer