စိန် သည် ကင်ဆာကို ကုစားနိုင်ဟုဆို

Lifestyle
Spread the love

စိန် ကို လက်စွတ်၊ နားဆွဲ၊ ဆွဲကြိုးများအဖြစ် အလှဆင်ဝတ်ဆင်နိုင်ရုံမက ကင်ဆာဖြစ်စေနိုင်သည့် အကြိတ် များကို ကာကွယ်ရန်အကောင်းဆုံးအဆောင်ဖြစ်ကြောင်း သြစတြေးလျှ ပညာရှင်များ၏ ထုတ်ဖော်ပြောကြား ချက်ကို AFP သတင်းတွင်ဖော်ပြထားသည်။

ဆစ်ဒနီတက္ကသိုလ်မှ ရူပဗေဒပညာရှင်များ လေ့လာတွေ့ရှိချက်အရ စိန်ထဲတွင် Meteorites ဆိုသည့်ဓာတ် ပါဝင်ပြီး ကင်ဆာဖြစ်စေနိုင်သော ဆဲလ်များကို အစောပိုင်းအဆင့်တွင် ချေဖျက်နိုင်စွမ်းရှိကြောင်း ယင်းသတင်း ကဆိုသည်။

စိန်သည် အဆိပ်အတောက်မဖြစ်စေခြင်း၊ ရေဒီယိုဓာတ်သတ္တိကြွမှုကိုလည်း တားဆီးပေးနိုင်သည့်အပြင် ဆေးပညာလောကအတွက် အကောင်းဆုံး အထောက်အကူဖြစ်စေနိုင်ကြောင်း ဆစ်ဒနီတက္ကသိုလ်မှ ရူပဗေဒ ပါမောက္ခ ဒေးဗစ် ရေးလီက ပြောကြားသည်။