စျေးဆိုင် ၊အိမ်ဆိုင် ၊အွန်လိုင်းရှော့ စျေးသည်မှန်သမျှ သိသိသာသာ စျေးတအားရောင်းကောင်းစေတဲ့ ယတြာ

Knowledge
Spread the love

စျေးဆိုင် အိမ်ဆိုင် အွန်လိုင်းရှော့ အပါအဝင် စျေးသည်မှန်သမျှ စျေးရောင်းကောင်းစေတဲ့ ယတြာအစီအရင်

စျေးဦးတောင်် မပေါက်သော ၊အရောင်းအဝယ်အရမ်းကိိုခက်ခဲ နေသော ရောင်းကုန်ပစ္စည်းမျိုးစုံ အတွက်

လက်တွေ့သိသိသာသာ ရောင်းကောင််း စျေးဦးပေါက်စေသော ယတြာလေးတစ်ခု ပြောပြမယ်။

ကုန်စုံဆိိုင်၊ ဆိုင်ထိုင် ရောင်းသောသူဖြစ်စေ ၊ဆိုင်ခန်းမရှိ ကား ၊လှည်း သို့မဟုတ် လူကိုယ်တိုင်

လှည့်လည် ရောင်းချရသောသူ၊Online Shopping ၊ Live shopping အရောင်းအဝယ်သမားများ အားလုံးယတြာကို ပြုလုပ်နိုင်ပါသည်။

လက်တွေ့ပြုလုပ်သော မည်သူမဆိုချက်ချင်းလက်ငင်းသိသိသာသာ ရောင်းဝယ်ကောင်းလာတာကိုလည််း တွေ့မြင်နေရပါသည်။

တနင်္ဂနွေနေ့တွင် ငှက်ပျောသီး တစ်လုံးကို သကြားဖြူး၍ စားလိုက်ပါ။

တနင်္လင်္ာနေ့တွင်် ဇီးထုတ် ၊ဇီးသီး မိမိအဆင်ပြေတာတစ်ခုကို စားသုံးပါ။

အင်္ဂင်္ါနေ့တွင် ရှောက်ယို၊ရေနွေး မိမိအဆင်ပြေတာကို စားသုံးပါ။

ဗုုဒ္ဓဟူးနေ့တွင် မြေပဲကြော် ၊ပဲပြားကြော်၊ဘဲဥ မိိမိအဆင်ပြေတာတစ်ခုကိို စားသုံးပါ။

ကြာသပတေးနေ့တွင်် သာကူ၊သကြား၊သွေးဆေး မိမိအဆင်ပြေတာတစ်ခုကို စားသုံးပါ။

သောကြာနေ့တွင် ထန််းလျက်၊နွားနို့ ၊နို့မလိုင်၊ မိမိအဆင်ပြေတာတစ်ခုကို စားသုံးပါ။

စနေနေ့တွင် အုန််းသီးပေါင်မုန့်် ၊အုန်းသီးဘိန်းမုန့် ၊အာလူးကြော် မိမိအဆင်ပြေတာတစ်ခုကို စားသုံးပါ။

ထို့အပြင် (နမောတဿ ယတောမဟိိ ၊ဟိမတောယ ဿတမောန )ဂါထာ ကိုမိမိတတ်နိိုင်သော

ငွေစက္ကူတရွက်် ပေါ်တွင်ရေးပါ။ ရေးထားသော ငွေစက္ကူကို အလှုမင်္ဂလာယပ်တောင် သို့မဟုတ် ယပ်တောင်အသစ် တစ်ခုတွင်ကပ်ပါ။

မှတ်ချက် နာရေးယပ်တောင်ကို လုံးဝအသုံးမပြုရပါ။ ထို့နောက် အထက်တွင် ပေးထားသော

နေ့အလိိုက်အစားအစာများကို စားသုံးပြီး ငွေယပ်တောင်လေးနှင့် မိမိရောင်းချမည့်

အမျိုးမျိုးသောကုန်ပစ္စည်းများကို ၂၄ချက် ခပ်ခပ်ပြီး အမြန်ရောင်းကောင်းပါစေဟု ဆုတောင်းလိိုက်ပါ။

ဆရာမရေ…စျေးဦးတောင်မပေါက်လို့ဆိုပြီး သည်းမနေတော့နဲ့နော်…။

ဒီယတြာလေးကို ယုံယုံကြည်ကြည်နဲ့ ပြုလုပ််ဆောင်ရွက်ကြည့်လိုက်ပါ။ ရောင်းဝယ််ဖောက်ကား ရောင်းကောင်းလာတာကို တွေ့မြင်ရပါလိမ့်မယ်။

အရောင်းအဝယ်သမားများအကုုန်လုံး စီးပွားလာဘ်လာဘ အမြန်ချက်ချင််း ပွင့််လန်းကြပါစေလို့ ဆန္ဒပြုအပ်ပါသည်။

Leave a Reply