”ဆင်ခြေဖုံး”ဆိုတာ ဘာလဲ

Knowledge Lifestyle
Spread the love

”ဆင်ခြေဖုံး”ဆိုတာ ဘာလဲ

ရှေးခေတ် က ဘုရင်တွေ ဟာ စစ်တိုက် ထွက်ရင် ဆင်ကို သုံးတယ်။ အကယ်၍ အဲဒီ ဆင်က ခြေ ထောက် နာသွားပြီ ဆိုရင် သုံး မရတော့ဘူး။

ဒီတော့ ဆင်ရဲ့ ခြေကို ကာကွယ် စောင့်ရှောက် ဖို့ စစ်သည်တော် တွေ ထားတယ်။ ဆင်ခြေဖုံး စစ်သည်တော် လို့ ခေါ် ကြ တယ်။

သူတို့တွေက အဲ့ဒီ ဆင်အတွက် တော့ အလွန် အရေးပါတယ်။ နောက်တော့ မြို့တွေ တည်လာတဲ့အခါ

မြို့ရဲ့ ဘေးနားက ဝန်းရံ တဲ့ ရပ်ကွွက် တွေကို မြို့ဆင်ခြေဖုံ းရပ်ကွက် တွေလို့ ခေါ်တယ်။

လက်လုပ် လက်စား လူတန်းစား တွေ အလုပ် ကြမ်း လုပ် တဲ့ သူတွေေ နကြတာ များတယ်။ သူတို့လည်း သူ့နေရာ နဲ့ သူ အရေးပါတယ်။

လောကကြီး မှာ အလုပ် ကြမ်း လုပ်တဲ့ သူ က မရှ်ိ မဖြစ် အရေးကြီးတယ်။ အဲဒီလို လူတွေ ဘဝ တွေ ပျက်ပြီး

အလုပ် လက်မဲ့ ဖြစ် ကုန်ရင် စာရိတ္တတွေ ပျက်ပြီး ခိုးဆိုးလုယက် ဘဝ ရောက်သွားရင် မြို့ပူပြီ။

မြို့ ပူရင် နိုင်ငံ ဆူပြီ ဆင်ခြေ မလုံရင် စစ်ရှုံးနိုင် သလို ဆင်ခြေဖုံး ရပ်ကွက်က

အခြေခံ လူတန်းစား ကို ဂရု မစိုက် မိရင် တိုင်းပြည် အထိ နာ မယ်။

တိုင်းပြည် တခု ထူထောင် ဖ်ို့က အခြေခံ လူတန်းစား က အဓိက ကျတယ်