ဆင်းရဲတယ်ဆိုပြီး အနိုင်ကျင့်ကြတဲ့ အတန်းဖော် နဲ့ ဆရာတွေကြောင့် ပိုးသတ်ဆေးသောက်ခဲ့တဲ့ ကျောင်းသားလေးအဖြစ်

News
Spread the love

အနိုင်ကျင့်တယ်ဆိုတာက ကိုယ်ထိလက်ရောက်ပြုမှုတာမျိုးတင်မဟုတ်ပဲ ထိခိုက်နစ်နာအောင်ပြောဆိုတာမျိုးလည်း အနိုင်ကျင့်တာပါပဲလေ ။ ဒီတစ်ခေါက်မှာလည်း တရုတ်နိုင်ငံ ရှန်ဟိုင်းမှာရှိတဲ့ ကျောင်းသားလေးတစ်ယောက်ဟာ ဆင်းရဲလွန်းလို့ဆိုပြီး အတန်းဖော်တွေရဲ့အနိုင်ကျင့်နှိပ်စက်မှုကြောင့် ပိုးသတ်ဆေးသောက်ကာ ကိုယ့်ကိုအဆုံးစီရင်ခဲ့ပါတယ် ။

Lu Shijie အမည်ရှိတဲ့ ကျောင်းသားလေးဟာ ပြီးခဲ့တဲ့ November 14 ရက်နေ့က ကျောင်းကနေပြန်လာပြီး အတော်လေးကိုဝမ်းနည်းနေတဲ့ပုံစံနဲ့ တိတ်တိတ်ဆိတ်ဆိတ်သူ၏ အိမ်စာတွေကို လုပ်နေခဲ့တာပါ ။ ထို့နောက် Suijie ရဲ့အတန်းပိုင်ဆရာက အိမ်ကိုဖုန်းဆက်ပြီး ကျောင်းမှာစာလိုက်မလုပ်ကြောင်း တိုင်ကြားခဲ့ပါတယ် ။

ထို့ကြောင့် Shijie ရဲ့ဖခင်က စစ်ဆေးမေးမြန်းချိန်မှာတော့ ဆရာတွေဟာအတော်လေးကိုမျက်နှာလိုက်ကြောင်း ၊ တစ်ရက်မှာ ကျောင်းသားတွေအကုန်ဆော့ကစားကြရင်း သူ့အလှည့်ရောက်တော့ ဆရာကဝင်လာပြီး ကျောင်းသားအားလုံးကိုဆူဆဲရမည့်အစား Shijie တစ်ယောက်တည်းကိုသာ အပြစ်တင်ဆုံးမခဲ့ကြောင်း ဖခင်ဖြစ်သူကို ရင်ဖွင့်ခဲ့ပါတယ် ။

အဆိုပါအကြောင်းအရာတွေကို ရင်ဖွင့်ပြီးနောက် Shijie ဟာအိမ်အပြင်ဖက်သို့ပြေးထွက်သွားပြီး ဖခင်ဖြစ်သူလိုက်ဖမ်းခဲ့ပေမဲ့လည်း နောက်ဆုံးသားဖြစ်သူဟာ ပိုးသတ်ဆေးဘူးရဲ့တစ်ဝက်လောက်ကိုသောက်ပြီး လဲကျနေခဲ့တာကိုတွေ့ရှိခဲ့ရပါတယ် ။ ထို့နောက် ဆေးရုံသို့ အလျင်အမြန်ပို့ဆောင်ပြီး ဆေးကုသခဲ့ပေမဲ့လည်း ကံဆိုးစွာနဲ့ Nobember 15 ရက်နေ့ ၊ ညနေ 9နာရီအချိန်မှာ Shijie ဟာ သေဆုံးသွားခဲ့ရပါတယ် ။

Shijie ရဲ့ဖခင်ဟာ ဇနီးဖြစ်သူနှင့်ကွာရှင်းထားခဲ့ပြီးနောက် သားဖြစ်သူကို အဘိုးအဘွားများဖြင့်ထားခဲ့ကာ ပိုက်ဆံရှာဖို့ ခရီးထွက်ကာအလုပ်လုပ်ကိုင်နေရကြောင်း သိရှိရပါတယ် ။ ထို့အပြင် Shijie ဟာ တိတ်တဆိတ်နေတတ်သူဖြစ်ပြီး သူ၏ပြသာနာကို မိသားစုဝင်တွေကို ပြောပြလေ့မရှိတဲ့သူဖြစ်ကြောင်းလည်း သိရှိရပါတယ် ။ ထို့အပြင် Shijie ဖခင်ဟာအဆိုပါဒေသမှာ အဆင့်အတန်းရှိတဲ့ပုဂ္ဂိုလ် မဟုတ်ခဲ့တဲ့အတွက် သူ၏သားကို ဆရာများက ဂရုမစိုက်ကြကြောင်းပြောဆိုခဲ့ကြပါတယ် ။

ဖခင်ဖြစ်သူဟာ ကျောင်းသို့သွားပြီး Shijie အကြောင်းစုံစမ်းခဲ့ချိန်မှ သားဖြစ်သူဟာ ကျောင်းတွင်အခြားသောအတန်းဖော်များရဲ့ အဆင့်အတန်းခွဲခြားခြင်းမျိုးခံရပြီး အနိုင်ကျင့်ခံနေရတာဖြစ်ကြောင်း သိရှိခဲ့ရပါတယ် ။ တစ်နှစ်ပတ်လုံး ဆင်းရဲလွန်းလို့ဆိုပြီး ဝိုင်းပြီးစနောက်တာမျိုးလည်း ခံခဲ့ရကြောင်း သိရှိခဲ့ရပါတယ် ။ အနိုင်ကျင့်သူများက သူ၏အဝတ်အစားနှင့်ပက်သက်ပြီး လောင်ပြောင်ခဲ့ကြတဲ့အပြင် ၊ ကျောင်းဆင်းလျှင် အဘိုးအဘွားများက သုံးဘီးဆိုင်ကယ်နှင့်လာကြိုကြောင်းလည်း သရော်ခဲ့ပါတယ် ။

ထို့အပြင် Shijie ကို နာမည်ပြောင်ပေးကြပြီး အမြဲလိုလိုမိသားစုနှင့်ပက်သက်ပြီး ပြောဆိုကာရန်စခဲ့ကြကြောင်း သိရှိရပါတယ် ။ ယခုကျောင်းသားလေး သေဆုံးမှုအတွက် တာဝန်ရှိသူများက စစ်ဆေးမှုများပြုလုပ်နေပြီး ကျောင်းဖက်ကတော့ မည်သည့်ထင်မြင်ချက်မျိုးမျှမပြောဆိုခဲ့တဲ့အပြင် စုံစမ်းစစ်ဆေးမှုကိုအနှောင့်အယှက်မပေးချင်လို့ပါဆိုပြီးတော့သာ ထွက်ဆိုခဲ့ပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *