မှန်ကြည့်လိုက်တိုင်း မျက်နှာပေါ်က အမဲဖုသေးသေးလေးတွေက အရမး်စိတ်အနှောက်အယှက် ဖြစ်စရာ ကောငး်လွန်းပါတယ်နော်။
ဒီအမဲဖုလေးတွေကို ဆားဝက်ခြံလို့ ခေါ်ပြီး ချွေးပေါက်ထဲကို ဆဲလ်သေတွေ စုလာလို့ ဖြစ်လာရတာပါ။
ဒီအရာတွေကို အမြစ်ပြတ် ကုသပေးနိုင်တဲ့ နည်းလမ်းလေးတွေကို ခုပဲဖော်ပြပေးလိုက်ပါတယ်။
(၁) သကြား
သကြားကို သံပုယိုရည် အနညး်ငယ် ရောလိုက်ပါ။ ပြီးရင် ဆားဝက်ခြံတွေကို စက်ဝိုင်းပုံသဏ္ဍန် လိမ်းပေးပါ။
ဒီနည်းလမ်းလေးဟာ ဆဲလ်သေတွေကို ဖယ်ရှားပေးတာကြောင့် ဆားဝက်ခြံတွေကို ပျောက်ကင်းစေမှာပါ။
(၂) ဆန်
ဆန်စိမ်း အနည်းငယ်ကို နွားနို့ထဲ ထည့်ပြီး (၅) နာရီခန့် စိမ်ထားလိုက်ပါ။ ပြီးရင်တော့ သမသွားအောင်
ချေလိုက်ကာ အနှစ်ရသည်အထိ ရောမွှေလိုက်ပါ။ ပြီးရင်တော့ ဆားဝက်ခြံတွေပေါ်ကို လိမ်းပေးလိုက်ပါ။
(၃) ပျားရည်
ပျားရည်ကို ဆားဝက်ခြံအတွက် အသုံးပြုနညး်ကတော့ အရမ်းကို လွယ်ကူရိုးစင်းပါတယ်။
ဆားဝက်ခြံတွေပေါ်ကို ပျားရည်အနညး်ငယ်လိမ်းပြီး (၁၀) မိနစ်အကြာမှာ ရေဆေးပေးလိုက်ရုံပါပဲ။
(၄) ရှားစောင်းလက်ပပ်
ရှားစောင်းလက်ပပ်အနှစ်ကို ဆားဝက်ခြံတွေပေါ်မှာ ပုံမှန် လိမ်းပေးခြငး်ဖြင့် ရက်အနညး်ငယ် ကြာလာတဲ့အခါ အရှင်းပျောက်ကင်းစေနိုင်ပါတယ်။
(၅) သွားတိုက်ဆေး
သွားတိုက်ဆေး အနည်းငယ်ကိုယူပြီး ဆားဝက်ခြံတွေပေါ်ကို လိမ်းကာ သွားပွတ်တံလေးနဲ့ ပွတ်ပေးလိုက်ပါ။
ဒီနည်းလမ်းလေးကို ပုံမှန်ပြုလုပ်ပေးသွားရင် ဆားဝက်ခြံတွေ ပျောက်ကင်းသွားပါလိမ့်မယ်။