ဆိုင်ကယ်၊ ကားတွေမှာ ထည့်နေတဲ့ Octane ဆီ 92 , 95 , Premium ဆိုတာ ဘာတွေလဲ…ဘယ်လို အဆင့်သတ်မှတ်လဲ

Knowledge Lifestyle
Spread the love

ဆိုင်ကယ်၊ ကားတွေမှာ ထည့်နေတဲ့ Octane ဆီ 92 , 95 ဆိုတာ ဘာတွေလဲ .? ဘယ်လို အဆင့် သတ်မှတ်လဲ ?

92 , 95 ဆိုတာ ဘာတွေလဲ ?ပရီမီယမ် ဓာတ်ဆီ ၊ ပရီမီယမ် ဒီဇယ်ဆီ ဆိုတာဘာလဲ ? ဓာတ်ဆီဆိုင်တွေ တော်တော်များများမှာ ရောင်းနေတဲ့

အောက်တိန်းဆီ ( Octane ) ၊ 92 , 95 ဆီဆိုတာလေး နည်းနည်းရှင်းပြချင်လို ့ပါ ။Octane ဆိုတာ တော်တော်များများ ခေါ်ဝေါ်ပြောဆိုနေကြတဲ့ အောက်တိန်း ဆိုတာ ရေနံနဲ.သဘာဝ ဓာတ်ငွေ.က နေလာတဲ့

(Hydrocarbon) ဓာတ်ပေါင်းစုတွေထဲက နာမည်တခုပါ ။အခု ကားတွေမှာထည်.တဲ့ ဓာတ်ဆီတွေကို ဘာကြောင့် အောက်တိန်းဆီလို. ခေါ်ကြတာလဲ ဆိုရင် ဓာတ်ဆီ ( Gasoline) ရဲ ့အကောင်းဆုံးသော

အရည်အသွေးပြည်.မှီ / မမှီကို အဲ့ဒီဓာတ်ဆီထဲမှာ အောက်တိန်း အရေအတွက် ဘယ်လောက် ပါဝင်သလဲဆိုတာနဲ့ တိုင်းတာယူလို ့ပါပဲ ။Octane Rating Method လို့ လဲခေါ်သလို ၊

” Research Octane Number (RON) ” လို.လည်း ခေါ်ကြပါတယ် ။ ကားတော်တော်များများမှာလည်း 92 RON , 95 RONဆိုပြီး ကပ်ထားတာလည်း မြင်တွေ့နိုင်ပါတယ်။

Octane Number က ကားအင်ဂျင်ရဲ. စွမ်းအားနဲ့ ဘယ်လိုဆက်နွယ်နေသလဲဓာတ်ဆီရဲ့ အောက်တိန်း အရည်အသွေး အနိမ့်အမြင့်တွေဟာ ဓာတ်ဆီအင်ဂျင်တခုရဲ. Compression Ration (ဖိသိပ်မှုအချိုး ) နဲ ့

တိုက်ရိုက် ဆက်သွယ်နေပါတယ် ။ဖိသိပ်မှု အားကောင်းတဲ့အင်ဂျင်တခုထဲကို အောက်တိန်း နံပါတ်နိမ့်တဲ့ (တနည်း) ဆီအရည်အသွေးနိမ့်တဲ့ ဓာတ်ဆီထည့် လိုက်မိတယ်ဆိုရင် (Engine Knocking and Pre-Ignition)

ဆိုတဲ့ အင်ဂျင်မီးခေါက်တဲ့ပြသနာတွေကြုံတွေ့လာရပါတယ်။ဘာကြောင့် ဆီအရည်အသွေးနိမ့်ရင် အင်ဂျင်မီး ခေါက်ရသလဲ ဆိုတော့ ဓာတ်ဆီအင်ဂျင်တွေမှာလည်း လေနဲ့ဆီကို ရောနှောပြီး Piston ကနေဖိသိပ်ပြီးမှ

ပလပ်ကနေ မီးပွား ခတ်ပြီးမီးလောင်ရပါတယ် ။အဲ့လိုနေရာမှာ အောက်တိန်း အရည်အသွေးနိမ့်တဲ့ ဆီကိုအသုံးပြု မိလိုက်တယ်ဆို ပလပ်က မီးပွားမခတ်ခင် Piston ကနေဖိသိပ်လိုက်တယ်ဆိုရင်ပဲ အရည်အသွေးနိမ့်တဲ့

ဓာတ်ဆီဟာ ( Self-Ignition ) အလိုအလျောက်သူ့ ဘာသာမီးထ လောင်ကျွမ်းပါတယ် ။အဲ့အတွက် Engine Timing တွေအောက်ကုန်ပြီး အင်ဂျင်မီး ခေါက်သံ တွေကြားရပါတယ် ။ ကာလကြာရှည်လာရင် အင်ဂျင်ကို

အတိုင်းအတာတခု အထိ ထိခိုက်စေနိုင်ပါတယ် ။Octane Number မြင့်လေလေ Piston ကနေဖိသိပ်တဲ့ Compression Ration (ဖိသိပ်မှုအချိုး ) ကို ပိုခံနိုင်လေလေ ဖြစ်ပြီး ညင်သာချောမွေတဲ့

အင်ဂျင်မီးလောင်ပေါက်ကွဲမှုကို ဖြစ်စေပါတယ် ။Research Octane Number (RON) တွေကို တိုင်းတာတဲ့နေရာမှာ 90 ကနေ 92 RON ပတ်ဝန်းကျင် ကို Regular ပုံမှန် ဓာတ်ဆီလို ့ခေါ်ပြီး ။

95 RON ကနေစလို. 96 ၊ 97 ကနေ 100 RON တွေကိုတော့ (Premium) ပရီမီယံ ဓာတ်ဆီလို. သတ်မှတ်ထားပါတယ် ။ကျနော်တို ့ မြန်မာနိုင်ငံမှာတော့ အောက်တိန်းအရည်အသွေး 95 RON တွေကိုအများဆုံး

ရောင်းချနေပြီး အခြားဖွံ ့ဖြိုးပြီးနိုင်ငံတွေမှာတော့ 95 အထက် အောက်တိန်းနံပါတ်မြင့်တဲ့ ဆီအမျိုးအစားတွေကို အသုံးပြုကြပါတယ် ။မှတ်ချက် အနေနဲ ့ကတော့ အင်ဂျင်ရဲ. ဖိသိပ်မှုအရည်အသွေး

တနည်း အင်ဂျင်ပါဝါမြင့်တဲ့ကားတွေမှာ ပရီမီယံအဆင့် အောက်တိန်းနံပါတ်အမြင့် ဓာတ်ဆီတွေကို အသုံးပြုသင့်ပြီး ၊အင်ဂျင်ပါဝါကျနေတဲ့ ကားတွေမှာတော့ အောက်တိန်း နံပါတ်အမြင့် ပရီမီယံဂရိတ်ဓာတ်ဆီကို

အသုံးပြုရင်တောင် အကျိုးကျေးဇူး အနည်းငယ်ပဲ ရရှိမှာဖြစ်ပါတယ် ။ ဒါက Octane ဆီခေါ် ပရီမီယံဓာတ်ဆီအကြောင်းပါ။

ပရီမီယံ ဒီဇယ်ဆိုတာဓာတ်ဆီအရည်အသွေးကို အောက်တိန်းနံပါတ်နဲ့ တိုင်းတာလို့ ( Octane ) ဆီဆိုပြီး မြန်မာနိုင်ငံက လူတွေတော်တော်များများသိကြပါတယ် ။အဲ့ဒီလိုပဲ ဒီဇယ်ရဲ့အဆင့် အရည်အသွေး ကိုတိုင်းတာတဲ့

ယူနစ်တခုရှိပါတယ် ။ အဲ့ဒါကိုတော့ ဆီတိန်းနံပါတ် ( Cetane Number ) လို့ ခေါ်ပါတယ် ။ကျနော်မြင်ဖူးသလောက် ဆီဆိုင်တော်တော်များများမှာ ဆီတိန်းနံပါတ်ဆိုပြီး ဖော်ပြထားတာမတွေ.ရပါဘူး ။

ဒီဇယ်ကိုတော့ အခြေခံအားဖြင့် ဓာတ်ဆီလိုပဲ ဆီတိန်း နံပါတ်ဘယ်လောက်ပါဝင်သလဲ ဆိုတာနဲ ့တိုင်းတာပြီးဆီထဲမှာ အခြား Energy ဘယ်လောက်ပါသလဲ စေးပျစ်နှုန်းဘယ်လောက်ရှိသလဲ ၊

ချောဆီအဆင့်ဘယ်လောက်ရှိသလဲ ၊ ဆာလဖာ ပါဝင်မှုနှုန်းအနည်းအများ ဘယ်လောက်ရှိသလဲဆိုတာတွေပါ တိုင်းတာပြီး ပုံမှန် ဒီဇယ် ၊ ပရီမီယံဒီဇယ်ဆိုတဲ့ စံနှုန်းတွေသတ်မှတ်ပါတယ် ။

အင်ဂျင်အပေါ် ပရီမီယံဒီဇယ်ရဲ. သက်ရောက်မှုကတော့ အပေါ်က ဓာတ်ဆီအင်ဂျင်မှာ အောက်တိန်းအရည်အသွေး အနိမ့်အမြင့်ပေါ်မူတည်ပြီး သက်ရောက်သလိုပါပဲ ။

ပုံမှန်အရည်အသွေး ဒီဇယ်တွေမှာ ဆီတိန်း (Cetane Number ) 40 -45 လောက်ရှိပြီး ၊ 53-55 ကနေပြီး ဆီတိန်းနံပါတ်အမြင့် ဆီတွေကိုတော့ (Premium Diesel ) ပရီမီယံ ဂရိတ်ဒီဇယ်ဆိုပြီး

စံနှုန်း သတ်မှတ်ထားပါတယ် ။ဒါကတော့ ပရီမီယံဒီဇယ်အကြောင်းပါ ။အချုပ်ပြောရရင် ဓာတ်ဆီအရည်အသွေး အနိမ့်အမြင့်ကို (Octane Number ) နဲ.တိုင်းတာပြီး ၊

ဒီဇယ်အရည်အသွေး အနိမ့်အမြင့်ကို( Cetane Number ) နဲ. တိုင်းပါတယ်ခမျာ ။