သားသမီး မလိမ္မာသူများ, မိဘစကား နားမထောင်သူများ, ဆိုဆုံးမရ ခက်နေသူများ, စာမကြိုးစားသူများ, အရာရာ ကြိုးစားချင်စိတ် နည်းနေသူများ ကြုံနေပါက ထိုပုဂ္ဂိုလ်တို့၏ ဓာတ်ပုံရဲ့ နောက်ကျောမှာ (ရေးရန် စမကို) ဆော့ပင်, မာကာပင်နဲ့ ထင်ထင်ရှားရှား ရေးပါ။
ရေးရမဲ့အချိန်က မနက် (ရး၀၀)နာရီမှ (၉း၀၀)နာရီအတွင်း ဖြစ်ပြီးရေးနေဆဲခဏမှာလဲ ကိုယ်ပြောလို ဖြစ်စေလိုသည့် စကားကို ပြောဆို, ရွတ်ဆိုနေရမည်။
ပြီးလျှင် ညအိပ်ရာဝင်တိုင်း (ရိုက်ရန် အရွက်အညွန့်နဲ့) ဓာတ်ပုံကို (အရွက်အညွန့် အရေအတွက်အတိုင်း) (ဥပမာ-၂၁-ညွန့်ဆိုလျှင် ၂၁-ချက်) ရိုက်ရင်း စောစောက ပြောခဲ့သည့်စကားတွေကို ပြန်ပြောပါ။ဒီအတိုင်း ဆက်လုပ်ပေးလျှင် (၂၁)ရက်အတွင်း အချိုးပြောင်းသွားလိမ့်မည်။
ဥပမာ===ခင်ဗျားသမီးက စနေသမီးဆိုပေမယ့် မြသီတာ-ဆိုတော့ ကြာသပတေး နာမည်ရှင်ပဲ၊ ဒီတော့ ဒီလိုလုပ်၊ သူရဲ့ ဓာတ်ပုံနောက်ကျောမှာ ( ဝ ) လုံးဗျည်းကို ဆော့ပင်၊ မာကာပင်နဲ့ ထင်ထင်ရှားရှားရေး၊ရေးရမဲ့အချိန်က ကြာသပတေးနေ့ မနက် (ရး၀၀)နာရီမှ (၉း၀၀)နာရီအတွင်း ဖြစ်ရမယ်။ရေးဆဲတခဏမှာ ရွတ်နေရမှာက (မြသီတာ လိမ်လိမ်မာမာနေ၊ မြသီတာ မိဘစကား နားထောင်၊ မြသီတာ စာမှန်မှန်လုပ်) လို့ ပြောနေရမယ်။
ပြီးရင် ညအိပ်ရာဝင်တိုင်း ဇီး(၈)ညွန့်နဲ့ ဓာတ်ပုံကို (၈)ချက်ရိုက်ရင်း စောစောကစကားကို ပြော။( ဒီစကားတွေက ပုံသေမဟုတ်၊ ကိုယ်လိုချင်တာရှိရင်, ပြောချင်တာရှိရင် ထည့်ပြော၊ ပြောင်းပြောနိုင်တယ်။ ဒီအတိုင်း ရက်ဆက်လုပ်ပေး၊ (၂၁)ရက်အတွင်းမှာပဲ အချိုးပြောင်းလိမ့်မယ်။လွယ်တယ်ဆိုပြီး ပေါ့ပေါ့ဆဆနဲ့ မလုပ်မိဖို့တော့ သတိထား။ ယုံယုံကြည်ကြည်နဲ့ လုပ်ပါ။ ဒါမှ မုချဖြစ်မှာ။
အခြား သားသမီးများအတွက် ပြုလုပ်တတ်ရန် ဇယားစနစ်သုံး၍ ဖော်ပြလိုက်ပါသည်။
(၁) နေ့နံ-၁-နွေ သားသမီး။
စမပြုလုပ်ရန်နေ့-၁-နွေ။
ရေးရန်စမ-တ။
ရိုက်ရန်အရွက်-သပြေ(၂၁)ညွန့်။
ရိုက်ရန်အချက်-၂၁-ချက်။
(၂) နေ့နံ-၂-လာ သားသမီး။
စမပြုလုပ်ရန်နေ့-၂-လာ။
ရေးရန်စမ-အ။
ရိုက်ရန်အရွက်-ဒန်း(၁၀)ညွန့်။
ရိုက်ရန်အချက်-၁၀-ချက်။
(၃) နေ့နံ-၃-င်္ဂါ သားသမီး။
စမပြုလုပ်ရန်နေ့-၃-င်္ဂါ။
ရေးရန်စမ-က။
ရိုက်ရန်အရွက်-အုန်း(၆)ညွန့်။
ရိုက်ရန်အချက်-၆-ချက်။
(၄) နေ့နံ-၄-ဟူး သားသမီး။
စမပြုလုပ်ရန်နေ့-၄-ဟူး။
ရေးရန်စမ-စ။
ရိုက်ရန်အရွက်-ကံ့ကော်(၁၅)ညွန့်။
ရိုက်ရန်အချက်-၁၅-ချက်။
(၅) နေ့နံ-၅-တေး သားသမီး။
စမပြုလုပ်ရန်နေ့-၅-တေး။
ရေးရန်စမ-ဝ။
ရိုက်ရန်အရွက်-ဇီး(၈)ညွန့်။
ရိုက်ရန်အချက်-၈-ချက်။
(၆) နေ့နံ-၆-ကြာ သားသမီး။
စမပြုလုပ်ရန်နေ့-၆-ကြာ။
ရေးရန်စမ-ပ။
ရိုက်ရန်အရွက်-ရွက်လှ(၁၇)ညွန့်။
ရိုက်ရန်အချက်-၁၇-ချက်။
(၇) နေ့နံ-၇-နေ သားသမီး။
စမပြုလုပ်ရန်နေ့-၇-နေ။
ရေးရန်စမ-သ။
ရိုက်ရန်အရွက်-ပေါက်ပန်းဖြူ(၁၉)ညွန့်။
ရိုက်ရန်အချက်-၁၉-ချက်။