ဘ၀ ရဲ့အခြေအနေ အရလူတိုင်းဟာ မတူညီသော ဘ၀ ပေးကံကြမ္မာတွေနောက်မှာ ရှင်သန်နေထိုင်နေရပါတယ် ။ လူတော်တော်များများကတော့ ကိုယ့် ဘ၀ ကိုယ် ကျေနပ်အားရမှုမရှိကြမှာအသေအချာပါပဲ ။ စိတ်ပျက်စရာတွေပဲ ကြုံပြီး လက်ရှိ ဘ၀ ကို အပြောင်းအလဲ လုပ်ချင်သူတွေအတွက် နည်းလမ်း တွေကတော့ ရှိနေစမြဲပါပဲ ။
ဘာဖြစ်ချင်တာလဲ အရင်တွေးပါ
ကိုယ့်ရဲ့အိမ်မက် လို့ပဲဆိုမလား ၊ ကိုယ့်ရဲ့ရည်မှန်းချက် လို့ပြောမလား ဖြစ်ချင်တဲ့အရာကို မျက်စိထဲမှာ ပုံဖော်မြင်ယောင်ကြည့်ပါ ။ နေ့စဉ် အိပ်ယာ ဝင် ခါနီးတိုင်း ငါဘာဖြစ်ချင်တာလဲလို့တွေးပြီး စိတ်ထဲကနေ ကြိုတင်တွေးဆကြည့်ပါ ။ ဒါဟာ အခမဲ့ စိတ်ခွန်းအား တက်လာအောင်လုပ်နိုင်တဲ့ နည်းလမ်း တစ်ခုပါ ။
.
ဖြစ်ချင် တာတွေ ချရေးပါ
ကိုယ ဖြစ်ချင် တဲ့အရာတွေကို ချရေးပြီး အိပ်ယာ ဘေးမှာဖြစ်ဖြစ် ၊ မှတ်စုထဲမှာဖြစ်ဖြစ်ရေးမှတ်ထားပါ ။ ဖြစ်နိုင်ရင် ကိုယ်နဲ့အနီးဆုံးနေရာတွေမှာ ကိုယ်ဖြစ်ချင်တဲ့အရာကို ရှိအောင်ပြုလုပ်ထားတာ အကောင်းဆုံးပါပဲ။ ဥပမာ Body အမိုက်စားဖြစ်ချင်တယ်ဆို ခပ်မိုက်မိုက် Body ရှိသူတွေရဲ့ပုံတွေ ကိုယ့် အိပ်ယာ ဘေးကပ်ထားတာမျိုးပါ ။ ဒီ နည်းလမ်း ကလည်း မသိစိတ်ကိုနိုးဆွပေးတာမို့အင်မတန်အသုံးဝင်ပါတယ် ။
.
တစ်ခုချင်းဆီနေ့စဉ် လုပ်ဆောင် ပါ
ဖြစ်ချင်စိတ်ရှိရင်တော့ ဖြစ်အောင်လုပ်ဖို့လိုပါတယ် ။ သင်လုပ်လိုက်ပြီးဆိုတာနဲ့ ၅၀ရာခိုင်နှုန်းအောင်မြင်သွားပြီးလို့ဆိုနိုင်ပါတယ် ။ ကြိုးစားနေရဲ့သားနဲ့မ အောင်မြင် ဘူးဆိုလည်း စိတ်ဓာတ် ကျစရာမလိုပါဘူး ။ လူတိုင်းတစ်ကြိမ်တစ်ခါနဲ့အောင်မြင်ရိုးထုံးစံမရှိပါ ။ သင့်စိတ်ထဲအမှတ်မှတ်ထားသင့်တာက Try Again ဆိုတဲ့စကားလုံးလေးပါ ။ မနက်ဖြန် ဆိုတာ ရှိရင် သင်ကြိုးစားပိုင်ခွင့်ရှိသေးတာပဲ စိတ်ဓာတ်ကျစရာမလိုပါဘူး ။ အရာအားလုံး ပြောင်းလဲ ဖို့ဆိုတာ သင့်ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်ပါတယ် ။ကျွန်တော်တို့အတူတကွ ပြောင်းလဲကြည့်ရအောင် ။ ။