ဆီးချိုရောဂါဆိုတာ ဘာလဲ?

Knowledge Lifestyle
Spread the love

ဆီးချိုရောဂါဆိုသည်မှာ

ဆီးချိုသွေးချိုရောဂါဆိုတာ ခန္ဓာကိုယ်တွင်း သွေးထဲရှိသကြားဓာတ်ခေါ် အချိုဓာတ်များ များပြားလာခြင်း၊အင်ဆူလင်ဟော်မုန်း မထုတ်နိုင်ခြင်း၊ ထုတ်နိုင်သော်လည်းကောင်းမွန်စွာ အလုပ်မလုပ်နိုင်ခြင်းတို့ကြောင့် ဖြစ်ပေါ်လာသောရောဂါလက္ခဏာ အစုအဝေးတစ်ခုဖြစ်ပါသည်။


အမျိုးအစားများ

သာမန်အားဖြင့် ဆီးချို ရောဂါ အမျိုးအစား(၃) မျိုးရှိပါတယ်။

၁-အမျိုးအစား(၁) ဆီးချိုရောဂါ

၂-အမျိုးအစား(၂) ဆီးချိုရောဂါ

၃-ကိုယ်ဝန်ဆောင်စဉ် ဖြစ်ပွားတဲ့ ဆီးချိုရောဂါ တို့ဖြစ်ပါတယ်။

၁-အမျိုးအစား(၁) ဆီးချိုရောဂါ

Type1 ဆီးချိုရောဂါဆိုသည်မှာ ပန်ကရိယဂလင်းမှအင်ဆူလင်ဟော်မုန်းလုံးဝမထုတ်သောကြောင့် အဓိကဖြစ်ပွားရခြင်း ဖြစ်ပါတယ်။ထို အမျိုးအစား(၁)Type1 ဆီးချိုသည် အသက်၄၀ အောက်မှာ တွေ့ရလေ့ရှိပြီး တချို့ဆိုလျှင်ဆယ်ကျော်သက်အရွယ်မှာ ဖြစ်ပွားတတ်ပါတယ်။ဆီးချိုရောဂါဖြစ်ပွားမှု၏ (၅-၁၀%) ခန့်မှာ ဤType1ဆီးချိုကြောင့်ဖြစ်ပါတယ်။

၂- အမျိုးအစား(၂) ဆီးချိုရောဂါ

Type 2 ဆီးချိုရောဂါဆိုသည်မှာ အင်ဆူလင်ဟော်မုန်းထုတ်ခြင်းနည်းသောကြောင့်သော်လည်းကောင်း၊ထုတ်သောအင်ဆူလင်ဟော်မုန်းအားခန္ဓာကိုယ်မှလိုသလိုအသုံးမပြုနိုင်ခြင်းတို့ကြောင့်သော်လည်းကောင်းသကြားဓာတ်ကို မချေဖျက်နိုင်သောကြောင့်ဖြစ်သောဆီးချိုရောဂါဖြစ်ပါတယ်။(၉၀-၉၅%)သော ဆီးချိုဝေဒနာရှင်များသည် ဤအမျိုးအစား(၂) Type2ဆီးချိုသွေးချိုကိုခံစားနေကြရပါတယ်။

အဝလွန်သူများ၊အသက်၄၀ ကျော်လွန်သူများ
၊သွေးတိုးရောဂါရှိသူများ၊ နှလုံးရောဂါရှိသူများ၊မျိုးရိုးဗီဇရှိသူများ၊ ကိုယ်လက်လှုပ်ရှားမှုနည်းပါးသူများတို့၌ဖြစ်လေ့ရှိသည်။

၃-ကိုယ်ဝန်ဆောင်ဆီးချိုရောဂါ

ဤရောဂါသည် ကိုယ်ဝန်ဆောင်ချိန်၌ဖြစ်သောဆီးချိုရောဂါဖြစ်သည်။ကိုယ်ဝန်ဆောင်ချိန်ဟော်မုန်းဓာတ်ပြောင်းလဲခြင်းကြောင့်အင်ဆူလင်ထုတ်ခြင်းပုံမှန်မဟုတ်သောကြောင့်ဖြစ်ပါသည်။ကိုယ်ဝန်ဆောင်မိခင်များ၏၄%ခန့်သည်
ဤဆီးချိုရောဂါကိုခံစားရတတ်ပါသည်။

အသက်၂၅ နှစ်နှင့်အထက် ကိုယ်ဝန်ဆောင်မိခင်များ၊ဆီးချိုမျိုးရိုးရှိသောကိုယ်ဝန်ဆောင်များ၊အဝလွန်သောကိုယ်ဝန်ဆောင်မိခင်များ သည် ဖြစ်နိုင်ခြေများပါသည်။သို့သော်ထိုရောဂါသည်ကလေးမွေးပြီး၆ လအတွင်းပုံမှန်ပြန်ဖြစ်သွားတတ်ပါသည်။သို့သော် ထိုကဲ့သို့သော
သူများတွင် အသက်ကြီးလာလျှင် Type 2 Diabetesဖြစ်နိုင်ခြေများပါသည်။

ရှေ့ပြေးလက္ခဏာများ

ဆီးချိုရောဂါ၏ရှေ့ပြေးလက္ခဏာများမှာ-ရေငတ်ခြင်း၊အစာစားပြီးသော်လည်း ထပ်ပြီးဆာလောင်နေခြင်း၊အာခေါင်ခြောက်ခြင်း၊မကြာခဏဆီးသွားခြင်း၊ကိုယ်အလေးချိန်ရုတ်တရက်လျော့ကျခြင်း၊ပင်ပန်းနွမ်းနယ်ခြင်း၊မျက်စိအမြင်ဝေဝါးခြင်း၊ရံဖန်ရံခါသတိလက်လွတ်ဖြစ်ခြင်း၊အနာများမကျတ်ခြင်း၊ယားယံခြင်း၊ရုတ်တရက်ထုံထိုင်းသွားခြင်း၊ဆီးအရောင်ပုံမှန်မဟုတ်ခြင်း၊အမျိုးသားများတွင်ပန်းသေခြင်းတို့ဖြစ်ပါသည်။

ဆီးချိုရောဂါကြောင့်နောက်ဆက်တွဲဘာတွေဖြစ်နိုင်သလဲ?

ဆီးချိုရောဂါ၏ နောက်ဆက်တွဲအနေဖြင့် သတိလစ်မေ့မြောခြင်း၊အမြင်အာရုံထိခိုက်ပျက်စီးခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊အာရုံကြောများထိခိုက်ပျက်စီးခြင်း၊ ခြေလက်သို့သွားသည့်သွေးကြောများပိတ်ခြင်းကြောင့် ညိုမဲပုပ်လာခြင်း၊နှလုံးသွေးကြောပိတ်ခြင်းနှင့် လေဖြတ်ခြင်းတို့ဖြစ်ပေါ်စေနိုင်ပါတယ်။

အယူအဆမှားများ

အချို့ဟာ ဆီးချို ဝေဒနာကို ဆေးမီးတိုများ နှင့်အမြစ်ပြတ်ပျောက်တယ်ဆိုတဲ့ အယူအဆမှားတွေကြောင့်လည်းအသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးရတတ်ပါတယ်။

စားသောက်နေထိုင်ပုံ

ဆီးချိုရောဂါထိန်းသိမ်းလျှော့ချရန်အတွက်
စားအသောက်ဆင်ခြင်ပါ။ဆီးချိုသမားများအတွက်အကြံပြုစားသောက်မှုပုံစံဖြစ်သည့်Plate Model အတိုင်း စားသောက်ပါ။ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ပါ။ဆေးကိုဆရာဝန်ညွှန်ကြားသည့်အတိုင်းသောက်ပါ။ သွေးတွင်းသကြားဓာတ်ကို စနစ်တကျ ပုံမှန်တိုင်းတာပါ။ဆီးခြိုရောဂါမှကငျးဝေးပျွီး ကျန်းမာပျော်ရွှင်ကြပါစေ။

Crd