ဆေးလိပ်သောက်တတ်ရင် မဖြစ်မနေ ဒီအစားစာ (၅)မျိုးစားပေးပါ
ဆေး လိပ်သောက်ရင် ကျန်းမာရေးကို ထိခိုက်မယ်၊ အထူးသဖြင့် အဆုတ်ကျန်းမာရေးကို ဆိုးဆိုးဝါးဝါးထိခိုက်စေမယ်ဆိုတာကိုတော့ ဆေးလိပ်သောက်တဲ့သူတွေကိုယ်တိုင်လည်း သိကြပါတယ်။ ဒါပေမဲ့ မကောင်းမှန်းသိလျက်နဲ့ကို မဖြတ်နိုင်ကြတာပါ။
မရှောင်နိုင်ရင်၊ မကာကွယ်နိုင်ရင်တော့ ကုသရပါမယ်။ ဟုတ်ပါတယ် ကျနော်တို့ အနေနဲ့ စားရင်းသောက်ရင်းနဲ့ပဲ အဆုတ်ကို ပြန်လည်သန့်စင် ကုသလို့ ရပါတယ်။ အဆုတ်ကို သန့်စင်ပေးတဲ့နေရာမှာ နာမည်ကြီးလှတဲ့ စူပါအစားအစာ ၅ မျိုးကို ဖော်ပြပေးသွားပါ့မယ်နော်..
ကြက်သွန်
ကြက်သွန် ဆိုရာမှာ အဖြူ နှင့် အနီ နှစ်မျိုးစလုံးပါဝင်ပါတယ် ။ ကြက်သွန်က အဆုတ်ကို သန့်စင်ပေးနိုင်တဲ့ အစွမ်းအာနိသင်ရှိပါတယ် ။ အသက်ရှူလမ်းကြောင်း မှာ ရှိနေတတ်တဲ့ ချွဲသလိပ် ၊ အညစ်အကြေးတွေကိုလည်း ဖယ်ထုတ်ပေးနိုင်ပြီး အဆုတ်ကိုလည်း ကျန်းမာသွက်လက်စေပါတယ်။
ငရုတ်သီး
နေ့စဉ် သင်စားနေတဲ့ အစားအသောက်ထဲမှာ ငရုတ်သီးကို ထည့်စားပေးပါ ။ငရုတ်သီး မှာပါဝင်တဲ့ ဓါတ်တစ်မျိုးက အဆုတ်မှာ ကပ်ငြိနေတတ်တဲ့ မကောင်းအသော အချွဲအကျိတွေကို ဖယ်ရှားပေးနိုင်ပါတယ် ။ ထို့အပြင် ငရုတ်သီးမှာ Carotene နှင့် Vitamin C ကြွယ်ဝစွာ ပါဝင်တဲ့အတွက် အဆုတ်ကို ကျန်းမာစေပြီး ရောဂါပိုးတွေ မဝင်နိုင်အောင်လည်း တားဆီးပေးပါတယ်။
ပန်းဂေါ်ဖီစိမ်း
Broccoli လို့ခေါ်တဲ့ ပန်းဂေါ်ဖီစိမ်းမှာ ပါဝင်တဲ့ Sulphoraphane ခေါ် compound တစ်မျိုးဟာ သွေးဖြူဆဲလ်တွေကို ကောင်းမွန်စေပြီး အဆုတ်မှာ ရှိတတ်တဲ့ အန္တရာယ်ရှိ ပိုးမွှားများနဲ့ အခြား အပျက်အစီးများကို ဖယ်ရှားပေးနိုင်ပါတယ် ။ အဆုတ်ရဲ့ လုပ်ဆောင်ချက်တွေကို ကောင်းမွန်စေပြီး လူအများစုမှာ မကြာခဏဖြစ်တတ်တဲ့ အဆုတ်နဲ့ပတ်သတ်တဲ့ ရောဂါပိုး ကူးစက်ခြင်းတို့ကိုလည်း လျော့နည်းစေပါတယ်။
ဂျင်း
ဂျင်းက ကျန်းမာရေးပြဿနာတွေ တော်တော်များများမှာ အသုံးဝင်တဲ့ အရာတစ်မျိုးပါ ။ ဂျင်းသည်လည်း အဆုတ်မှာတွယ်ကပ်နေတတ်တဲ့ အချွဲအကျိတွေကို ဖယ်ရှားပေးနိုင်ပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာ ကြွက်သားတွေကိုလည်း ကျန်းမာစေပါတယ် ။
သလဲသီး
ဓါတ်တိုးဆန့်ကျင်မှုတွေ ကြွယ်ဝတဲ့ သလဲသီးဟာ အဆုတ်အတွက် အထူးကောင်းမွန်ပြီး ကင်ဆာဆဲလ်တွေကိုလည်း တိုက်ထုတ်ပေးနိုင်ပါတယ် ။ သွေးလည်ပတ်မှုလည်း ကောင်းမွန်စေပြီး အဆိပ်အတောက်တွေ ဖယ်ရှားဖို့အတွက်ကိုလည်း ကူညီပေးပါတယ်။ ကျန်းမာရေး ကောင်းကျိုးများစွာရှိတဲ့ သလဲသီးကိုလည်း စားသုံးဖို့ ၊ သောက်သုံးဖို့အတွက် တိုက်တွန်းချင်ပါတယ် ။
ပြောရမယ်ဆိုရင် ဆေးလိပ်သောက်တတ်သူတွေသာ မဟုတ်ပါဘူး ပတ်ဝန်းကျင် လေထုညစ်ညမ်းမှုကလည်း အဆုတ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ် ။အဆုတ်ကျန်းမာရေးကို ဆေးလိပ်သောက်သူတွေသာမကဘဲ နေ့စဉ် ပတ်ဝန်းကျင်မှာ ညစ်ညမ်းနေတဲ့ လေထုကို ရှူသွင်း ရှူထုတ်လုပ်ရတဲ့ လူသားတိုင်း အနေနဲ့လည်း ဂရုစိုက်သင့်တဲ့ အရာပါ။
ဒါကြောင့် ဆေးလိပ်သောက်တတ်ရင် ဒီ အစားအစာ ၅ မျိုးကိုတော့ မရှောင်မလွှဲဘဲ စားဖြစ်အောင် စားကြဖို့ တိုက်တွန်းလိုက်ရပါတယ်။ကိုယ့် ပတ်ဝန်းကျင်မှာ ဆေးလိပ်သောက်တတ်တဲ့သူရှိရင်လည်း ဝေမျှပေးလိုက်ပါဦးနော်…။