ဘော်ဒါ တို့ကို စိတ်မကောင်းတဲ့ကြားကပဲ ပြောရတော့မှာပဲ။ စီးကရက်လေး နှုတ်ခမ်းတေ့ရင်း သောက်ရှုလိုက်ရတဲ့ ခဏဟာ စတိုင်လည်း ကျသလို ခါးတွင်းချဉ် ပြေပြီး အရသာလည်း တစ်ရှိုက်မတ်မတ် ရှိလှတယ်ဆိုတာ ဆေးလိပ်သမားတိုင်း အသိပါ။
ဒါပေမယ့် ဒီလို ဆေးလိပ်ငွေ့တွေကြားမှာ တစ်ဖြည်းဖြည်းနဲ့ စတိုင်မကျတော့မယ့် ယောက်ကျားတန်ဖိုးက အန္တရာယ်တစ်ရပ်အဖြစ် ရှိနေပါတယ်။ ဒါကတော့ ပညာရှင်တွေ ကိုယ်တိုင် သတိပေးလာတာပါပဲ။ ဆေးလိပ်ကြောင့် အမျိုးသား ငယ်ပါ သေးငယ်ကျုံ့လှီ သွားစေနိုင်တယ်လို့ ပညာရှင်တွေက သတိပေးပါတယ်။
ဆေးလိပ်သောက်တာဟာ အမျိုးသားတွေပေါ် ဆိုးကျိုးတွေ တော်တော်များများ ပေးတယ်လို့ ပညာရှင်တွေက ပြောပါတယ်။ တောင်မတ်စွမ်း ကျသွားတာအပြင် သေးကျုံ့သွားတာတောင် ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။
လိင်ဗေဒရေးရာ ပညာရှင် မားစ်လန်နီယာဒိုက ‘ခင်ဗျားတို့ တွေးတာထက်တောင် ဆိုးပါတယ်။’လို့ Mirror Online သို့ ပြောပါတယ်။
“တောင်မတ်စွမ်း ဆုတ်ယုတ်သွားရတာကတော့ တကယ့် လက်တွေ့ပြဿနာကြီးပဲ။ အားကောင်းကောင်းနဲ့ တောင်မတ်နိုင်ဖို့က သွေး ကောင်းကောင်း စီးဖို့ လိုတယ်။ ဆေးလိပ်သမားတွေကတော့ သွေးကြောတွေ အားလုံး အညစ်အကြေးကြောင့် စီးဆင်းမှု အားကောင်းတာမျိုး ဖြစ်တယ်။ ငယ်ပါလည်း အပါအဝင်ပဲ။ သွေးစီးဆင်းမှု အားလျော့သွားတော့တာ ဖြစ်တယ်။”လို့ ၎င်းက ပြောပါတယ်။
“ဆေးလိပ်မှာ ပါတဲ့ ဓာတုပစ္စည်းတွေက တောင်မတ်အားအပေါ် သက်ရောက်တော့တာပဲ။ နီကိုတင်းက သွေးကြေးတွေကို ကျဉ်းစေတယ်။ ဒါဟာ အမြဲလည်း ဖြစ်သွားနိုင်တယ်။”လို့ နီယာဒိုက သတိပေး ပြောခဲ့ပါတယ်။
ဒီအတွက် သွေးစီးအား မကောင်းတာနဲ့အတူ သေးငယ်ကျုံ့လှီတဲ့ အဖြစ်ထိ ရောက်နိုင်တဲ့ အန္တရာယ်ရှိတာမို့ ဆေးလိပ်ကြောင့် ပုရိသဘဝ မလှမပ ဖြစ်ရတယ်လို့ ၎င်းက အဆုံးသတ် ပြောသွားခဲ့ပါတယ်။