ဆံပင်ဖြူ ခနခနနုတ်ခိုင်းလို့ စိတ်ညစ်နေသူများ မာလကာ ရွက်ကို အသုံးပြုပြီး ဆံပင် ဖြူတာတွေ နက်အောင် ထူအောင် လုပ်လို့ ရပါတယ်
မဂ် လာ ပါ ပ ရိတ် သတ် ကြီး ရေ အ ခု ပြော ပြ ပေး ချင် တာ က တော့ ဆံ ပင် ဖြူ နေ တာ ကို ပြန် နက် ပြီး နက် မှောင် သော ဆံ ပင် ရ ဖို့ နဲ့
ဆံ ပင်ပါး နေ တာ တွေကို ထူ လာ စေ ဖို့ မာ လ ကာ ရွက် ကိုအ သုံး ပြု နည်း လေး အ ကြောင်း တင် ပြ လိုက် ပါ တယ်။
ဆံပင် ဟာ လူတစ် ယောက် ရဲ့ ဒု တိ ယ မျက် နှာ ဖြစ်လို့ ဆံပင်ကို အင်မတန် မှ ဂရုစိုက် သင့်ပါတယ် ဆိုရိုး စကား အရ မိန်းမ တို့ ဘုန်း ဆံထုံး လို့လဲ ဆိုရိုးစကား ရှိကြ ပါတယ်။
မိန်းကလေးတွေ အတွက် ဆံပင်ဟာအလွန် အရေး ပါလှ ပါတယ် အ ဘယ်ကြောင့် ဆိုသော်ဆံပင်ရှည် သောမိန်းကလေး က မိန်းကလေး ချင်းပင် လျှင် အားကြ ရုံသာ မက ယောကျာ်း
လေး များကလဲ ဆံပင်ကောင်းတဲ့ မိန်း ကလေး ကို နှစ်လိုဖွယ်ရှိ ကြပါတယ်။မိန်းမ ကလေးများ သာမကယောကျာ်းလေများ ဟာလည်း ဆံပင် အုံထူဖို့ အ ရမ်း လိုအပ်ပါတယ် ။
ယောက်ျားလေး တစ်ယောက်ဟာ ဆံပင် ပါးပြီး ထိပ်ပျောင်နေရင်ကြည့် ရတာ အဆင်မပြေ သ လို ကိုယ့်ကိုယ်လည်း အားမရ ကြပါဘူး ။
အသက်မကြီးသေးပဲဆံပင် ဖြူနေတာ ကြီးကလည်း သိပ် သဘာဝမကျ ဘူးလို့ ထင်ပါတယ်။ဒါကြောင့် မိန်းက လေး ယောကျာ်းလေး နှစ်မျိုးစလုံး သုံးရတာလွယ်ကူစေမဲ့
သဘာဝနည်းလမ်း ကောင်း တစ်လက်ကိုဖော်ပြရချင်း ဖြစ်ပါတယ်။ပထမဆုံး အနေနဲ့ မိမိလိုအပ်သ လောက် မလကာရွက် ကို ခူးယူပါ။
ဥပမာ အရွက်၁၅ရွက် လောက်ဖြစ်ဖြစ် ယူပါ ပြီးရင်ကပ်ကြေးဖြင့် ညှပ်ပေးပါ အား လုံး ညှပ်ပေးပြီး ပါက မာလ ကာရွက် ကို အရည် ရ အောင်ပြု လုပ်ပါ ။
ဥပမာ ဖျော်စက်နဲ့ ကြိပ်တာ ဖြစ်ဖြစ် ထောင်းတာ ဖြစ်ဖြစ်ထိုသို့ ပြု လုပ်ပါ ထိုသို့ပြု လုပ်ပြီး ပါက ပုံမှာ ပြထားသည့် အ တိုင်း အရည်ရအောင် လုပ်ပြီး
ပါက စစ်ခပ် လို့ရမဲ့ ဇကာ တစ်ခုဖြင့် စစ်ပါ ထိုသို့ စစ်ပြီး အရည်များ ရရှိလာပါကဆံပင်သို့လိမ်းပါတစ်နာရီ လောက် ကြာအောင် ထားပြီး ခေါင်းကို လျော်ချ ပစ်ပါ။
ထိုသို့ တစ်ပတ်ကို သုံးကြိမ် လောက် လုပ်ပေးခြင်း အား ဖြင့် ဆံပင်ဖြူ နေတာ တွေကို ပြန်နက်စေပြီးဆံပင်ကို အားဖြည့် ပေးစေ ပါတယ်။
ဆံပင်ကိုလည်းနက်မှောင် ရှည်လျှား လာ စေပါတယ်။ဒါကြောင့်တစ်ပတ် ကို သုံးခါလောက် လုပ်ပေးဖို့ လုပ်အပ် ပါတယ်။ထိုသို့ လုပ်ပေးခြင်း အားဖြင့်
သင်ရဲ့ ဆံပင် ကို ပိုထူအုံ လာစေပြီး အားလုံးရဲ့ ဂရုစိုက်ခြင်းကို ခံရပါလိမ့်မယ် ။ဆံပင် ရှည်နေတဲ့ မိန်းကလေးက လူတိုင်း ရဲ့ ငေးမော ခြင်း ခံရ သလိုဆံပင်သန်တဲ့
ယောကျာ်းလေး ကလဲ တစ်မျိုး လှနေကြတာသဘာဝ ပါ ဒါကြောင့် ဒီနည်းလေး ကိုဖော်ပြ ပေးလိုက် ရခြင်း ဖြစ်ပါတယ် ။
ခုလို ဖတ်ရှု့ပေးတဲ့ ပရိတ်သတ်ကြီး လည်း ကျန်းမာ ချမ်းသာ မှု့တွေ ကို ပိုင်ဆိုင် နိူင်ကျ ပါစေ လို့ ဆုမွန်ကောင်း တောင်း ပေး လိုက် ပါတယ်။