ဆံပင်အရမ်းပါးပြီး အရမ်းကျွတ်တဲ့သူတွေအတွက် အကောင်းဆုံးနည်း

Knowledge Lifestyle
Spread the love

ဆံပင်အရမ်းကျွတ်နေ သူများ အတွက် ကြက်ဥ တစ်လုံး၊ ငှက်ပျောသီး တစ်လုံး လိမ္မော်သီး (သို့မဟုတ်) သံပရာမျိုးနွယ် တစ်လုံး၊ သံလွင်ဆီ (သို့မဟုတ်)အုံးဆီ

နှစ်စက် ခန့်အားလုံး ကိုကြေညက်အောင်ခြေပြီး ဦးရေအ နှံ့လိမ်းပေးပါ ။ရေနွေးငွေ့ပေး ထားသော တဘက်လေးနဲ့ နာရီဝက်(သို့မဟုတ်)၄၅ မိနစ် ခန့် ပေါင်းထားပါ။

ပြီးလျှင် ကြိုက်နှစ်သက်ရာ Shampooနဲ့ စင်အောင်ခေါင်းလျှော် လိုက်ပါ။လေး ငါးကြိမ်ပြုလုပ်ပေးရင် အဆင်ပြေ ပါပြီ။ ဆံပင် အရမ်းပါးနေလို့ စိတ်ညစ်နေ လား။

ဆံပင်ပါးလို့ ဈေးကြီးတဲ့ စပါးတွေ၊ ဆံပင်သန်စေတဲ့ ဆေးတွေသုံးပေမဲ့ ကိုယ့်အတွက် အသုံးမဝင်ဘူးဖြစ်နေလား။

ဒါဆိုရင်တော့ အခုလို စိတ်မကျေနပ်မ ှုတွေဖြစ်စေတဲ့ အရာတွေ မေ့လိုက်ပြီး သဘာဝ နည်းလမ်းလေးကို ပြောင်းသုံ းကြည့်ပါ။

အာလူး…..အာလူးမှာ တောက်ပြောင် စိုပြေစေ ပါတယ်။ ဒီတော့ မီးဖိုချောင်ကနေပဲ အလှအပ ပစ္စည်းတွေကို ရှာဖွေလိုက်ပါ။

လိုအပ်တဲ့ ပစ္စည်းတွေ ကတော့ အာလူး အသေး ၂ လုံး ( သို့မဟုတ် )အကြီး ၁ လုံး လိုအပ် ပါတယ်။ ပြုလုပ်နည်းကတော့

၁။ အာလူးကို အခွံနွှာပြီး အတုံးလိုက်လှီးလိုက်ပါ။ ၂။ အဲဒီနောက် ဖျော်စက်ထဲထည့်ပြီး ဖျော်လိုက်ပါ။ ရေအနည်းငယ်ထည့်ပါ။

၃။ ရေဆစ်တဲ့ ဇကာကို သုံးပြီး ရေစစ်ချပါ။ ၄။ ဝါဂွမ်းဖတ်ကို အာလူးရည်နဲ့ စိမ်ပြီး ဦးရေပြားပေါ်မှာလိမ်းပေးပါ။

အရင်ဆုံး ဦးရေပြားပေါ်မှာ နှံ့အောင်လိမ်းပေး ရမှာဖြစ် ပါတယ်။

၅။ ဆံနွယ်အဖျားကိုလည်း အားလူးရည် စွတ်ပေးပါ။ ၆။ ပြီးရင် ဆံပင်ကို မိနစ် ၂၀ လောက်ပေါင်းပေးထား ရမှာဖြစ်ပါတယ်။

အခုလိုပဲ တစ်လလောက် ဆိုရင်တော့ ထူးထူးခြားခြား သိသာလာမှာဖြစ်ပြီး ဆံပင်တွေ ထူကာ တောက်ပြောင် လာပါ လိမ့်မယ်။